116.2ဘေးအန္တရာယ်ကို ဖိတ်ခေါ်ခြင်း (pt-2)

325 61 3
                                    


စတုတ္ထကိုယ်လုပ်တော်သည် လင်းရှင်း ၏ ရက်စက်သောအကြည့်ကြောင့် ထိတ်လန့်သွားသည်။
"အရှင်ခင်ပွန်း၊ ကျွန်မ၊ ကျွန်မ ....."

"ဘာကို ကျွန်မ နေတာလဲ၊ ဘာလို့ ပစ္စည်းပျောက်နေတာလဲလို့ မေးနေတယ်လေ"
နောက်ဆုံးတော့ လင်းရှင်း က တကယ်ကို ဒေါသထွက်သွားပြီး သူ့အသံက ပြင်းပြင်းထန်ထန် ထွက်လာတယ်။

လင်းရှင်း ရဲ့ ကြောက်စရာကောင်းတဲ့ ဘက်ကို သူ(မ) တစ်ခါမှ မမြင်ဖူးဘူး။စတုတ္ထကိုယ်လုပ်တော်သည် မြေပြင်ပေါ်သို့ လဲကျကာ မျက်ရည်များ စီးကျလာသည်။သူ(မ)သည် ဆက်လက်ငိုကြွေးနေသော်လည်း ခန်းဝင်ပစ္စည်းအချို့ ပျောက်ဆုံးရခြင်းအကြောင်းကို သူ(မ) မရှင်းပြခဲ့ပေ။

ယခုတော့ သူ(မ)သည် သနားစရာကောင်းသော အပြုအမူကို သိပြီး
အန်းယ်ရှင်း ၏ ခန်းဝင်ပစ္စည်းကို ထိ(သုံး)သောအခါ အကျိုးဆက်များကို သူ(မ) အဘယ်ကြောင့် မတွေးခဲ့သနည်း။

လင်းရှင်း က ဒီအမျိုးသမီးကို လည်ပင်းညှစ်ဖို့ မစောင့်နိုင်တော့ဘူး။စတုတ္ထကိုယ်လုပ်တော်ကို အမှုထမ်းသော အစေခံလေး ကို ချက်ချင်းခေါ်လေ၏။

သခင်လေး၏ ဒေါသနဲ့ရင်ဆိုင်ရ၍ထိတ်လန့်နေသော အစေခံ သည် အရာအားလုံးကို အသေးစိတ်ကျကျ ထုတ်ပြောပစ်လိုက်သည်။

စတုတ္ထကိုယ်လုပ်တော်သည် အမှန်တကယ်ပင် ပျောက်ဆုံးနေသော ခန်းဝင်ပစ္စည်းကို ယူဆောင်သွားသူဖြစ်သည်။စတုတ္ထကိုယ်လုပ်တော်သည် ဒုတိယနှင့် တတိယကိုယ်လုပ်တော်များနှင့် ကွဲပြားသည်။သူ(မ)သည် ကျေးလက်မှလာသူဖြစ်သည်။သူ(မ) က သိပ်မသိတတ်သလို စိတ်ဓာတ်လည်းကျဉ်းမြောင်းပါသည်။ပါးစပ်ပေါက်တွေ အများကြီးရှိတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့အတွက် ငယ်ကတည်းက ငွေရဲ့အရေးပါပုံကို သိသည်။သူ(မ) မိဘများ၏ လွှမ်းမိုးမှုအောက်တွင် သူ(မ)သည် ကိုယ်ရေးကိုယ်တာ အမြတ်အစွန်းမှလွဲ၍ ဘာမှမစဉ်းစားတတ်သည့် အလေ့အထကို မွေးမြူခဲ့သည်။

လင်းရှင်း ကိုလက်ထပ်ပြီးနောက် သူ(မ)၏နေ့ရက်များသည် ပိုမိုကောင်းမွန်လာခဲ့သည်။သူ(မ)သည် နေ့တိုင်း ကောင်းကောင်းစားနိုင်ပြီး ကောင်းကောင်းဝတ်နိုင်သည်။သူ(မ)၏ရိုးရှင်းသောဘဝသည်အလွန်အဆင်ပြေခဲ့သည်။ထို့ကြောင့် သူ(မ)သည် ငွေကမည်မျှကောင်းသည်ကို ပို၍နားလည်လာခဲ့သည်။


The Big Landlord (MM Translation) ||Where stories live. Discover now