ရှုဝေ့ယယ် သည် အန်းဇီရန် ၏ စကားတွင် ဤမျှ တိုက်ရိုက်နှင့် ထိရောက်မည်ဟု မမျှော်လင့်ထားပေ။စက္ကန့်ပိုင်းမျှပင် အဖြေမေပးနိုင်လုနီးပါး ဖြစ်သွားသည်။
"ဝမ်ဖေး က နောက်ပြောင်နေတာဖြစ်ရမယ်။ဒါကို မကျေမနပ်ဖြစ်တာ မဟုတ်ဘူး။ဝမ်ဖေးပြောတဲ့ အလှဆင်ပစ္စည်းတွေက အမှန်တကယ်ကို အတု တွေပါ။သူတို့က ကြည့်လို့ကောင်းရုံလောက်ပါပဲ။ရှု စံအိမ်နဲ့ ပက်သက်ပြီး တကယ်တော့ ဒါဟာ ဆန်းကြယ်တဲ့ အိမ်တစ်ခုပါပဲ။ရှုစံအိမ်တော် အတွက်အသုံးပြုထားတဲ့ဆောက်လုပ်ရေးပစ္စည်းအားလုံးက အလွန်ရိုးရှင်းတယ်။ ဝမ်ဖေး ဘယ်လိုပဲပြောပြော ဒီတစ်ယောက်က အားလီရှန်း ရဲ့မြို့တော်ဝန်ဖြစ်နေတုန်းပဲ။အပြင်လူတွေက ငါတို့ကို နှိမ့်ချပြီး ငါတို့က ဒါထက်မပိုဘူးလို့ အပြောမခံနိုင်ဘူး။ ဝမ်ဖေး သဘောတူတယ်မလား?"
အန်းဇီရန် သည် အပြုံးမမည်တဲ့ အပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ်တွင် ကွေးညွှတ်လျက် သူ့ကို စိုက်ကြည့်နေသည်။
"သူတို့က အတုတွေမို့လို့ မတော်တဆ ကွဲသွားရင်တောင် မြို့တော်ဝန် ရှု က စိတ်မပူသင့်ဘူး၊ သဘောတူတယ်မလား"
ရှုဝေ့ယယ် မျက်လုံးပြူးသွားသည်။
"ဟုတ်...ဟုတ်တာပေါ့။"သူသည် တစ်ဖက်သား၏ ခြိမ်းခြောက်စကားများကို သဘာဝအတိုင်း ကြားခဲ့ရသော်လည်း ပြောင်းလဲကာ သူတို့က အစစ်အမှန်ဖြစ်ကြောင်း ပြောနိုင်ပါဦးမလား။ ဟုတ်တာပေါ့၊ မဟုတ်ရင် သူ့ခြေထောက်ကို ထိဖို့ ကျောက်တုံးကို မြှောက်လိုက်သလိုပါပဲ။((ကိုယ့်ရှူးကိုယ်ပတ် ဖြစ်မယ်လို့ ဆိုလိုတာ))
ရှုဝေ့ယယ် သည် မျက်နှာအတော်အတန်ရှိသူတစ်ဦးဖြစ်သောကြောင့် သူ့နေအိမ်ရှိ အလှဆင်မှုအများစုသည် ပင်မအဝင်ဝတွင် နှစ်ပေသုံးပေရှည်သော ပန်းအိုးများပင် အစစ်ဖြစ်သည်။အဲဒါတွေက အထူးဝယ်ထားတဲ့ ပစ္စည်းအစစ်တွေဖြစ်ပြီး သူတို့အတွက် ပိုက်ဆံအများကြီးကုန်ကျသည်။တကယ်ကွဲသွားရင် သူစိတ်ဆင်းရဲမှာ သေချာတယ်။
ဒါကိုတွေးမိပြီး ရှုဝေ့ယယ် က မထိတ်လန့်ဘဲ မနေနိုင်ခဲ့ပါဘူး။ သူ့အစေခံတွေကို ဒီတန်ဖိုးကြီးတဲ့အရာတွေကို ဖယ်ထုတ်ဖို့ အချိန်တစ်ခုရှာရမယ့်ပုံပဲ။
![](https://img.wattpad.com/cover/318562369-288-k153104.jpg)
YOU ARE READING
The Big Landlord (MM Translation) ||
AcakMC သည် အန်း မိသားစု၏ အကြီးဆုံးသားဖြစ်သူ ကိုယ်အလေးချိန် 78 ကီလိုဂရမ် (~171-172 ပေါင်) ရှိသည့် မောက်မာသော အသက် 16 နှစ်အရွယ် ကလေးငယ် အန်းဇီရန် ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။အန်းဇီရန် က သူ့ရဲ့လက်ရှိခန္ဓာကိုယ်ကိုမြင်တော့ သူ့ရဲ့ပထမဦးစားပေးက ကိုယ်အလ...