113.2

413 69 2
                                    

လင်း မိသားစုကိစ္စ

မေးယွိ နန်းတော် (ကျောက်စိမ်းနန်းတော်)၊


ထိုသတင်းကိုကြားလိုက်သောအခါ
မေ့ကျောက်ယီ ၏ လှပသောမျက်နှာသည် စက္ကန့်ပိုင်းအတွင်း လိမ်သွားသည်။  ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေသော မိန်းမစိုးနှင့် ကျွန်မိန်းကလေးရှေ့တွင် မေ့ကျောက်ယီ က ဒေါသတကြီးဖြင့် စားပွဲပေါ်ရှိ လက်ဖက်ရည်ဗန်းကို ကြမ်းပြင်ပေါ်သို့ လွင့်ပစ်လိုက်သည်။ လက်ဖက်ရည်ခွက်များသည် ကြမ်းပြင်ပေါ်တွင် အပိုင်းအစများစွာ ကွဲသွားသည်။



ဧကရာဇ်မင်းသည်စျေးပေါသောကျေး‌‌တောသူ အပေါ် ယန်ဖေးဘွဲ့ကို အမှန်တကယ် အပ်နှင်းခဲ့သည်။

မေ့ကျောက်ယီ သည် သူမ၏မျက်နှာကို တင်းမာမှုနည်းပါးစေရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ယခင်က လှပသော မျက်နှာသည် ဆိုးသွမ်းသော အရောင်များဖြင့် တဖျတ်ဖျတ် တောက်ပနေသည်။သူမသည် မြေအောက်ကမ္ဘာမှ လှည့်ပတ်နေသည့် အမျိုးသမီးတစ္ဆေတစ်ကောင်နှင့်တူနေသည်။

အိမ်အကူ နင်းလျူက ချီတုံချတုံ ခေါင်းညိတ်ပြပြီး “မှန်ပါတယ်။ဧကရာဇ်မင်း က ယနေ့နံနက် အမိန့်ကို ချမှတ်ခဲ့ပြီး ကျောက်ဇီ နန်းတော် (တောက်ပသော ခရမ်းရောင် နန်းတော်) ကို ယန်ဖေးမယ်မယ် အား အပ်နှင်းခဲ့တယ်။"



မေ့ကျောက်ယီ ၏မျက်နှာသည် ပို၍ပို၍ ပုံပျက်လာသည်။ဧကရာဇ်မင်းသည် ထိုစျေးပေါသော ယင်ကောင်ကို ယန်ဖေး ဘွဲ့ချီးမြှင့်ရုံသာမက သူမ၏ ကျောက်ဇီ နန်းတော်ကိုလည်း ပေးခဲ့သည်။ဤသည်က ဧကရာဇ်သည် တောသူမကို မည်မျှတန်ဖိုးထားသည်ကို ပြသနေသည်။

ယန်ဖေး ဘွဲ့ နှင့် ကျောက်ဇီနန်းတော် သည် သူမအတွက်ဖြစ်သင့်သည်မှာ ထင်ရှားသည်။

မေ့ကျောက်ယီ သည် နှစ်ခုလုံး သူမ၏ အိတ်ကပ်ထဲတွင် ရှိနေမည်ဟု အမြဲတွေးထားသော်လည်း ဤအမိန့်က သူမ၏ ရည်မှန်းချက်များကို ဖြိုခွဲပစ်လိုက်သည်။

သူမကို ထိတ်လန့်စေရုံသာမက အလေးစားရဆုံး အမြင့်မြတ်ဆုံးသော အမျိုးသမီးများလည်း ထိတ်လန့်သွားခဲ့သည်။ယန်ဖေးဆိုတဲ့ ဘွဲသာ ဆိုရင် ကောင်းလိမ့်မယ်၊ ဒါပေမယ့် ကျောက်ဇီ နန်းတော်ဟာ အနောက်ဆောင်မှာ အဓိပ္ပါယ်ရှိပြီး တိကျတဲ့ အဓိပ္ပါယ်ကို နန်းတော်ရဲ့ နာမည်ကနေ မြင်နိုင်ပါတယ်။ ကျောက်ဇီ သည် ‌Zhao - လက်ယပ်ခေါ်သည်၊ Zi- သား/ ကလေးအား လက်ယပ်ခေါ်သည် ဟူသော သံတူကြောင်းကွဲဖြစ်သည်။

The Big Landlord (MM Translation) ||Where stories live. Discover now