134.2(unicode)

231 47 1
                                    

တော်ဝင်ပွဲတော်(pt-2)

လောင်းကစားသမား၏မျက်နှာပေါ်မှ ကျေနပ်အားရမှုသည် ချက်ချင်းပင် ရွှင်မြူးလာကာ "ကံကောင်းလိုက်တာ၊ ငါမင်းကိုခေါ်လိုက်လို့ပေါ့ မဟုတ်ရင် ငါရှုံးလိမ့်မယ်"

ကျန်နှစ်ယောက်က သူ့ကတ်ပြားတွေကို မနာလိုစိတ်နဲ့ ကြည့်တယ်။  ကတ်တွေ က သူ့လက်ထဲမှာဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ။

လျစ်လျူရှုခံရသော သက်လတ်ပိုင်း အမျိုးသားသည် အနည်းငယ် စိတ်မချမ်းမမြေ့ဖြစ်သွားသည်။မျက်လုံးကို မှေးကျဉ်းကာ မလာခင်က သူကြားခဲ့တဲ့ ကောလာဟလအကြောင်း ရုတ်တရက် တွေးမိပြီး ဆတ်ခနဲ ရယ်မောလိုက်သည် ။



ရယ်မောနေကြသော လူ ၄ ဦးက သူတို့အား ရယ်မောနေကြသည်ဟု ထင်ကာ “ဘာရယ်တာလဲ”

" မင်းတို့က ခေတ် နောက်ကျနေပြီမို့ လို့ ငါရယ်နေတာ။မင်းတို့က တရုတ် ဖဲ ကစားနေကြတုန်းလေ" လူလတ်ပိုင်းအရွယ်က ကြက်တူရွေးကို စားပွဲပေါ်တင်ပြီး Wang laoer (ဝမ်လောင်အာ)ဘေးမှာထိုင်ဖို့ ထိုင်ခုံတစ်လုံးကို ခေါင်းမာမာနဲ့ လိုက်ရှာတယ်။


လှောင်ရယ်သံဖြင့် ဝမ်လောင်အာ သည် ကြက်တူရွေးခေါင်း ပုတ်ပြီး ကို စားပွဲပေါ်တင်ရန် လက်ထုတ်လိုက်သည်။နောက်မှ အမြန်ပြန်ဆုတ်သွားသည်။ကြက်တူရွေးက အရမ်းဉာဏ်ကောင်းတယ်။ ဝမ်လောင်အာ က "မင်းက ခေတ်နောက်ကျနေသူတစ်ယောက်ပဲ။ အခုခေတ်မှာ ကတ်မကစားတတ်တဲ့သူတွေဘယ်သူရှိလို့လဲ။ မင်းလို မိုက်မဲတဲ့ ကြက်တူရွေးနဲ့ တနေကုန် ဆော့ကစားမယ့်သူက ခေတ်နောက်ကျနေတဲ့ သူတစ်ယောက်ပဲ"


"ငါ့ကြက်တူရွေးနဲ့ မရှုပ်ပါနဲ့ ။သူ့ကိုငွေ ၅၀ နဲ့ ဝယ်ခဲ့ရတာ။ ဈေးကြီးတယ်!"


လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကြက်တူရွေးကို စားပွဲပေါ်မှ ချက်ချင်းဆွဲယူကာ ဝမ်လောင်အာ ၏ ဦးခေါင်းကို ပျက်စီးစေခဲ့သည်။


"မင်းတို့ခေတ်နောက်ကျနေပြီလို့ပြောတာကို မင်းတို့ကငါ့ကိုမယုံဘူး။ အပြင်မှာရှိတုန်းက ထျန်းလုံလောင်းကစားအိမ် မှာ ကတ်ဂိမ်းအသစ်တစ်ခု ရှိတယ်လို့ကြားခဲ့တယ်။ ဒီကတ်ဂိမ်းအသစ်က မြေရှင်ကိုတိုက်ခိုက်ခြင်းနဲ့ တရုတ်ဖဲတွေ နဲ့ မတူဘူးလို့ ကြားလာတာနော်"

The Big Landlord (MM Translation) ||Where stories live. Discover now