118.2 Ali Xiang အားလီရှန်း (pt-2)

417 73 2
                                    




အားလီရှန်း သည် အန်းယွမ် မြို့နှင့် ဝေးသည်။ မြင်းကို ဒုန်းစိုင်းစီးပြီးသွားရင်တောင် အဲဒီကိုရောက်ဖို့ ဆယ်ရက်လောက် အချိန်ယူရသည်။မြင်းလှည်းနှင့်ဆို အချိန်ပိုကြာလိမ့်မည်။အလျင်မြန်ဆုံးမှာ လဝက်ကြာပြီး အနှေးဆုံးမှာ ရက်နှစ်ဆယ်ကြာမည်။





နှစ်သစ်မရောက်ခင် အပြေးအလွှား ပြန်သွားနိုင်ဖို့ရန်အတွက် လမ်းတလျှောက်မှာ ရပ်နားတာတွေ အများကြီး မလုပ်ခဲ့ကြပေ။ ကံကောင်းထောက်မစွာ၊ သူတို့ခေါ်ဆောင်လာသောလူများအားလုံးသည် ဖူဝူထျန်း ၏ လက်အောက်ခံစစ်သားများဖြစ်သည်။ သူတို့အားလုံး အရင်က ကြမ်းတမ်းတဲ့ မြေပြင်မှာခြေကျင်လျှောက်ခဲ့ကြဖူးတယ်။တစ်လ နှစ်လလောက် ခရီးထွက်တာက သူတို့အတွက် ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ထို့ကြောင့် ဤခက်ခဲကြမ်းတမ်းသော ခရီးသည် သူတို့အတွက် လက်‌ေမာက်ကဲ့သို့ပင် လွယ်ကူပါသည်။






အားလီရှန်း ဝေးနေရသည့် အကြောင်းရင်းမှာ ၎င်း၏အကွာအဝေးကြောင့်သာဖြစ်သည်။




အားလီရှန်း သည် ဒါယာ ၏အနောက်တောင်ဘက်နယ်စပ်တွင်တည်ရှိသည်။Gao Ze(ကောင်းဇဲ) နှင့် ထိစပ်နေသည်။သို့သော် နယ်မြေနှစ်ခုကြားတွင် ကြီးမားသော တောင်တန်းကြီးတစ်ခုရှိသည်။အားလီရှန်း သည် တောင်တန်းများဖြင့် ဝန်းရံထားသော ပြည်နယ်တစ်ခုဖြစ်သည်။တောင်ပေါ်မှ နှင်းများ အရည်ပျော်သွားသောအခါတွင် မြစ်ပေါင်း မြောက်မြားစွာ ဖြစ်ပေါ်လာသည်။
ထို့အပြင် တောင်တန်းများကို လွှမ်းမိုးထားသော ပထဝီဝင် မုန်တိုင်းငယ် နှစ်ခုရှိသည်။၎င်းသည် ဖွံ့ဖြိုးမှုဆိုင်ရာ အလားအလာကောင်းများကို ပေးဆောင်သည့် စံနမူနာပြ ဂေဟဗေဒ လက္ခဏာများ နှင့် ယှဉ်နိုင်ပါသည်။




သို့သော် Fu Xiao( ဖူရှောင်း ) ၏မြေဖြစ်သောကြောင့် ချုံးမင် ဧကရာဇ်သည် အားလီရှန်း ကို သိပ်ဂရုမစိုက်ခဲ့ပေ။





အားလီရှန်း ၏သယ်ယူပို့ဆောင်ရေးမှာ နောက်ကျနေပြီး ၎င်း၏တည်နေရာသည် ဝေးလံခေါင်သီသည်။ထို့အပြင် ၎င်း၏ သခင် ဖူရှောင်း သည် တိုက်ပွဲတွင်သေဆုံးသွားသောကြောင့် နေရာတစ်ခုလုံးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့်အခြေအနေတွင်ရှိနေသည်။






The Big Landlord (MM Translation) ||Where stories live. Discover now