121.2 အိမ်ထောင်စုစီမံခန့်ခွဲမှု (pt-2)

255 53 2
                                    



သဘောတူညီချက်တစ်ခုရပြီးနောက် အားလုံးထွက်သွားကြသည်။

အန်းဇီရန် က ကွမ်းစု စိုက်ထားတဲ့ ဝါစေ့တွေကို သွားကြည့်ခဲ့သည်။


အစပိုင်းတွင် အန်းဇီရန် သည် ကွမ်းစု ၏အဖွဲ့ကို အားလီရှန်း သို့ပို့လိုက်သောအခါတွင် အစီအစဉ်တစ်ခုရှိနှင့်ပြီးဖြစ်သည်။



အားလီရှန်း သည် ဝါ စိုက်ပျိုးရန် သင့်လျော်ကြောင်း ဖူဝူထျန်း က သူ့ကို ပြောပြပြီးကတည်းက သူသည် အားလီရှန်း ၏ ပထဝီဝင်ဂေဟစနစ်နှင့် ရာသီဥတုကို စေ့စေ့စပ်စပ် နားလည် အောင်လုပ်ခဲ့သည်။



နောက်ပိုင်းတွင် သူသည် အားလီရှန်း ၏ မြေပုံပေါ်တွင် ဝါစိုက်ပျိုးရန် သင့်လျော်သော ဧရိယာများစွာကို မှတ်သားပြီး ထိုမြေပုံကို သူ ခရီးမသွားမီ ကွမ်းစု ကို ပေးခဲ့သည်။


သူသည် အလုပ်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ပြီးမြောက်ခဲ့သည်မှာ နှမြောစရာပင်။အခြားဒေသများတွင် ရွာသားများ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို ရှုဝေ့ယယ် က သိမ်းယူခဲ့သည်။



သူတို့ထွက်သွားပြီးနောက် ရှုဝေ့ယယ် က သူ့လူတွေကို ခေါ်ခိုင်းခဲ့သည်။ သူတို့မြေကို ဘာတွေ လုပ်နေတယ် ဆိုတာ အတိအကျ မပြောပဲ သိမ်းယူချင်သူတွေ ရှိတယ် လို့ ကောလဟာလတွေ ထုတ်ခိုင်းခဲ့သည် ။ရွာသားတွေက အန်းဇီရန် နဲ့ သူ့အကြံအစည်တွေကို တွန်းလှန်နေသရွေ့ ကောင်းတာပဲ။






မကြာသေးမီက ကွမ်းစု သည် ဤနေရာသို့ရောက်လာသောအခါ အလားတူဖြစ်ရပ်မျိုး ကြုံခဲ့ရသည်။ နောက်ပိုင်းမှာ အခြေအနေက အတိအကျ ဘာမှ မဖြစ်ခဲ့သေးပေမယ့် ကောလဟာလတွေ ထပ်ပြီး ပျံ့နှံ့နေသရွေ့ အားလီရှန်း ရွာသားတွေက အဲဒီအဖြစ်အပျက်ကို သေချာပေါက် မှတ်မိကြမှာပင်။ ရှုဝေ့ယယ် ၏ အစီအစဉ်သည် ထက်ဝက်အောင်မြင်နေပြီးသင့်သည်။



တစ်ဖက်တွင် အန်းဇီရန် နှင့် သူ၏အပေါင်းအပါများသည် Xin He(ရှင်းဟယ်) သို့ရောက်ရှိနေပြီဖြစ်သည်။


The Big Landlord (MM Translation) ||Where stories live. Discover now