119.2 မြို့တော်ဝန် ရှုဝေ့ယယ်(pt-2)

240 57 4
                                    

ရှုဝေ့ယယ် သည် အားလီရှန်း ၏ မြို့တော်ဝန်ဖြစ်ပြီး ဗျူရိုကရက်အဖြစ် ရေတွက်နိုင်သော်လည်း သူ၏ရာထူးမှာ စတုတ္ထအဆင့်အရာရှိထက် နိမ့်ကျသည်။

ဒါယာ ၏ ဥပဒေနှင့် စီရင်ထုံးများ အရ စတုတ္ထအဆင့် ထက်နိမ့်သော အရာရှိများသည်သူတို့၏ နေထိုင်ရာ နေရာအား စံအိမ်အဖြစ် ညွှန်းဆိုရန် အရည်အချင်း မရှိပါ။ဤကိစ္စတစ်ခုတည်းတွင် ရှုဝေ့ယယ် သည် ဒါယာ ၏ ဥပဒေများနှင့် အမိန့်များကို ချိုးဖောက်ပြီးဖြစ်သည်။ဥပဒေနဲ့အညီ ပြစ်ဒဏ်ပေးခံရမည်။




"ဟေး၊ ဒီနေရာက မင်းတို့ ပေါ့ပေါ့ပါးပါး ဝင်လို့ရတဲ့‌ေနရာမဟုတ်ဘူး၊ မြန်မြန် ထွက်သွားကြစမ်း။"


တံခါးမှူးက သူတို့ရောက်ရှိနေတာကို ဟိုးအရင်ကတည်းက သတိပြုမိပြီး ရှုစံအိမ်တော် ရဲ့အရှေ့တံခါးတွေဆီကို လျှောက်သွားနေတာကို မြင်တဲ့အခါ ပိုးမွှားများကဲ့သို့ ရွံရှာတဲ့အမူအရာနဲ့ သူတို့ရှေ့မှာ ချက်ချင်းရပ်လိုက်တယ်။



အစောင့်၏သဘောထားသည် သခင်၏သဘောထားကို ထင်ဟပ်စေသည်။ဒီလိုစကားမျိုးပြောစရာ အကြောင်းရှိခဲ့သည်။




အဖွဲ့၏ တစ်ဦးတစ်ယောက်မှ တုံ့ပြန်ခြင်း မရှိပါ။

ကျုံးယွဲ့ က တိုက်ရိုက်ပင် တံခါးပေါက်ကို ဆွဲကိုင်ကာ ကျော်သွားခဲ့သည်။သူ မတုံ့ပြန်နိုင်ခင်မှာ သူ(မ) သူ့ကို ဖယ်ထားပြီးသားဖြစ်သည်။သူ့နောက်ကျော ကမြေပေါ်မကျခင်မှာ အနည်းငယ် လှိမ့်သွားသည်။




တံခါးမှူးက အံ့ဩသွားတယ်။ဒါပထမဆုံးအကြိမ် သူ့ကိုအာခံရဲတဲ့ သူနဲ့တွေ့တာပဲ။အားလီရှန်း မှာ ဒီလိုမျိုး ဖြစ်ပျက်ခဲ့တာ ကြာလှပြီ။




လူများစွာသည် ရှုစံအိမ်တော် ၏သခင်ကိုကြောက်သောကြောင့်၊ ရှုစံအိမ်တော် ၏လူများကိုမထိဝံ့ဘဲကျွန်တစ်ဦးကိုပင်မတိုက်ခိုက်ရဲပေ။

"မင်းတို့တွေ...."


အစောင့်သည် ချက်ချင်းပင် သူ့ခြေရင်းသို့ တွားသွားခဲ့သည်။သူသည် ပါးစပ်ကိုဖွင့်၍ ကြမ်းတမ်းသော စကားအနည်းငယ်ကို‌ေပြာတော့မည့်ပံုပင်။




The Big Landlord (MM Translation) ||Where stories live. Discover now