122.1တွက်ချက်မှု (pt-1)

254 52 0
                                    

ဆယ်ရက်အကြာတွင် အန်းဇီရန် နှင့်ဖူဝူထျန်း သည် နောက်ဆုံးတွင် ရှုစံအိမ်တော် မှ ထွက်လာခဲ့သည်။

ဤခရီးစဉ်အတွက်၊ သူတို့၏ ဦးတည်ရာသည် တစ်ဖန် ရှင်းဟယ် ဖြစ်သည်။ ရှုစံအိမ်တော် တံခါးအပြင်ဘက်မှာ ရပ်ထားတဲ့ မြင်းရထားက သူတို့ကို အိမ်ကြီးကနေ အမြန်ခေါ်သွားတယ်။

တံခါးမှူးက သူတို့ထွက်သွားတာကို စောင့်ကြည့်ပြီး ရှုဝေ့ယယ် ကို ချက်ချင်း သတင်းပို့ခဲ့သည်။

ရှုဝေ့ယယ် က သူတို့ဘာတွေလုပ်နေပြီလဲဆိုတာကို ချက်ချင်းသွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကောလာဟလတွေ ဆယ်ရက်လောက် ပျံ့နှံ့နေပေမယ့် မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက် ဘာမှမဖြစ်ခဲ့ပါဘူး။ရွာသားအချို့သည် ဤကာလအတွင်း အပြင်လူများက အထူးတလည်လုပ်ဆောင်ခြင်း မပြုသည်ကို သိမြင်ကြပြီး တဖြည်းဖြည်း စိုးရိမ်မှု နည်းပါးလာကြသည်။ သူတို့ရဲ့ တုံ့ပြန်မှုတွေက အစတုန်းကလောက် မတုန်လှုပ်‌ တော့ပေ။လူတိုင်းကပြန်သွားပြီးတော့ လုပ်လေ့လုပ်ထရှိတဲ့ အရာကို လုပ်မြဲလုပ် ဆောင်နေကြတယ်။

ဆယ့်တစ်ရက်မြောက်နေ့မှာ အန်းဇီရန် နဲ့ သူ့အဖွဲ့ရောက်လာတာက ရွာသူရွာသားတွေရဲ့ ငြင်းပယ်မှုကို မနှိုးဆွပေမယ့် ဒီတစ်ခါတော့ အဖွဲ့လိုက်ပြင်ဆင်မှုပြုပြီးပါပြီ။

မားကုံ မြစ်အနီးရှိ ရွာသားများသည် ရှင်းဟယ် ၏ ကိုယ်စားလှယ်များဖြစ်သည်။

သူတို့သည် ရှုဝေ့ယယ် မှ ပထမဦးဆုံး စပါးစိုက်ပျိုးရန် အမိန့်ပေးခဲ့သော ရွာသားများဖြစ်သောကြောင့် ကိုယ်စားလှယ်ဖြစ်ခဲ့ပါသည်။ တခြားရွာသားတွေကတော့ ကြော်ငြာချက်တစ်ခုလိုပါပဲ။

ဒါပေမယ့် စပါးက စိုက်ချင်တယ်လို့ ပြောရုံနဲ့ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ အရာတော့ မဟုတ်ပေ။အဲဒီတုန်းက သူတို့လယ်မှာ စပါးရိတ်တာ တစ်လတောင် မပြည့်သေးပေ။ စပါးခင်းတွင် ပျိုးပင်များကို ရက်ပေါင်း (၂၀) မျှသာ ကြဲချခဲ့သည်။ယေဘူယျအားဖြင့် ပျိုးပင်များကို မခွဲမီ ရက်ပေါင်း ၃၀ အထိ သက်တမ်းရှိရန် လိုအပ်ပါသည်။အမြန်လုပ်‌ေဆာင်တာက စပါးပျိုးပင်တွေ ထိခိုက်လိမ့်မည်။ထိုသို့ဖြစ်လျှင် စပါးရိတ်သိမ်းမှု နည်းပါးလိမ့်မည်။

The Big Landlord (MM Translation) ||Where stories live. Discover now