96.

576 97 2
                                    

တစ်ထောင် (pt-1)

ဖူနန်းတော် အလယ်တွင် လေးထောင့်စားပွဲတစ်ခုရှိသည်။

စားပွဲသည် နှစ်ဆယ့်တစ်ရာစု မာ‌ကျောက်စားပွဲနှင့် ဆင်တူသည်။ တစ်ခုတည်းသော ခြားနားချက်မှာ စားပွဲပေါ်တွင် ကတ္တီပါဖျာအလွှာမရှိသောကြောင့် မာကျောက် ကြွေပြား တစ်ရာ့သုံးဆယ့်ခြောက်ပြားကို သွန်ချလိုက်သောအခါ အသံက ကျယ်လောင်ပြီး လူအများကြားနေရပါသည်။

စားပွဲလေးဘက် တစ်ဖက်တစ်ချက်စီမှာ လူတစ်ယောက်စီထိုင်နေကြသည်။

အန်းဇီရန် သည် လောင်ဝမ်ရယ် ၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။
လောင်ဝမ်ရယ် ၏ ဘယ်ဘက်တွင် ဖူဝူထျန်း ဖြစ်ပြီး ညာဘက်တွင် ဘဏ္ဍာစိုးချုပ် ဖူ ဖြစ်သည်။ချိုးလန် သည် စိတ်အားထက်သန်သော ပေါင်မုန့်လေးကို ပွေ့ချီပြီး လုပ်ငန်းစဉ်များကို ရပ်ကာစောင့်ကြည့်နေခဲ့သည်။

ဒီတစ်ခါ လောင်းကြေးက ဆယ့်သုံးနှစ်ဖြစ်သည်။

လောင်ဝမ်ရယ် သည် မြေရှင် (ကတ်ဂိမ်း) ကစားရာမှ ပြောင်းရွှေ့လာပြီး မာ‌‌ကျောက်ကစားခြင်းကို စွဲလမ်းလာသဖြင့် ဤကဲ့သို့ ကြီးမားသော လောင်းကြေးကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နန်းတော်၏ ကျွန်များအားလုံးသည်
လောင်ဝမ်ရယ် က ဆုံးရှုံးခြင်းကြောင့် မိုက်မဲသွားသည်ဟု ထင်ခဲ့ကြသည် ။အကယ်၍ သူ ထပ်မံ ဆုံးရှုံးခဲ့လျှင် ၎င်း၏ ထိန်းသိမ်းခံရ အချိန်သည် နှစ်ဆ တိုးလာမည်ဖြစ်သည်။သို့သော် အန်းဇီရန် နှင့် အခြားနှစ်‌ယောက်၏အမြင်တွင် လောင်ဝမ်ရယ် သည် အမှန်တကယ်ပင် စမတ်ကျသည်။

လောင်ဝမ်ရယ် က မငယ်တော့‌ေပ။သူ့အတွက် ကတော့ ဆယ့်သုံးနှစ်နှင့် နှစ်ဆယ့်ခြောက်နှစ်ကြား ကွာခြားချက်မရှိပေ။ဒီလိုဆိုတော့ ဒီအလောင်းအစား ကို ဘာကြောင့် ကြီးကြီးကျယ်ကျယ် မကစားရမှာလဲ။အကယ်၍ သူအနိုင်ရခဲ့လျှင် သူသည် အချုပ်ခံရမှုမရှိတော့ဘဲ သူရှုံးပါက များစွာကွာခြားမည်မဟုတ်ပေ။

လောင်ဝမ်ရယ် လည်း အသက်ပြင်းပြင်းရှူရင်း သူ့အမူအရာက စစ်မြေပြင် နီးနားလေးက တိုက်ပွဲအကြောင်း သိသူတစ်ယောက်ရဲ့ လေးနက်တဲ့အသွင်အပြင်ကို ပုံဖော်‌နေခဲ့တယ်။စားပွဲပေါ်မှ အန်စာတုံးများကို ကောက်ယူပြီး ကျန်သုံးယောက်အား ပြောလိုက်တယ်။
"စည်းကမ်းဟောင်းပဲ၊နံပါတ်အများဆုံးရှိသူက ဒိုင်ပဲ။"

The Big Landlord (MM Translation) ||Where stories live. Discover now