86. ပူးပေါင်းဆောင်ရွက်မှု (pt-2)

649 84 0
                                    

"သူဌေး Zhang" An Zi Ren က ခေါင်းညိတ်ပြီး နှုတ်ဆက်သည်။

သူဌေး Zhang က သူ့ကို အလျင်အမြန် နှုတ်ဆက်ပြီး ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ "အန်းသခင်လေး၊ ထိုင်ပါ"

An Zi Ren ထိုင်လိုက်သည်နှင့် မီးဖိုပေါ်မှ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော ဟင်းပန်းကန်တစ်ခု လာချသည်။ ဒါဟာ ဒီလက်ဖက်ရည်ဆိုင်ရဲ့ အမှတ်အသား ဟင်းပွဲပါ။

ဟင်းက အချိန်ကိုက် ရောက်လာသည်။ မွှေးကြိုင်သောရနံ့သည် သူတို့၏စားချင်စိတ်ကို နှိုးဆွပေးသည်။

သူဌေး Zhang သည် အစားကြူးသူဖြစ်သည်။ သူ့အစာစားချင်စိတ်တွေ နိုးထပေမယ့် သူ့မှာ ဧည့်သည်ရှိနေသေးတာကို သူသိနေတော့ "အန်းသခင်‌ေလး၊ ဒီလက်ဖက်ရည်ဆိုင်က Jun Zi( ကျွင်းဇီ) မြို့ရဲ့ နာမည်ကြီး စားသောက်ဆိုင်၊ သူတို့ဟင်းတွေက အရသာရှိတယ်။ စိတ်ဝင်စားရင် စမ်းကြည့်နော်"

An Zi Ren က မငြင်းခဲ့ပါဘူး။  မွန်းတည့်ချိန်ကမြန်မြန်‌ေရာက်လာသည်။ အစည်းဝေးနေရာက လက်ဖက်ရည်ဆိုင်မှာရှိမှန်းသိပြီးနောက် နန်းတော်မှမထွက်ခွာမီတွင် ချက်ပြုတ်စားသောက်ရန် မီးဖိုချောင်အား ပြောခဲ့သည်။ သူက တူကို ကောက်ကိုင်လိုက်ပြီး Shao Fei(ရှောင်ဖေး)ကို သူ့ဘေးမှာ ထိုင်ခိုင်းလိုက်တယ်။
"မင်းရော အတူတူလာစား"

Shao fei( ရှောင်ဖေး) က ပြုံးပြီး စားပွဲမှာ ပြတ်ပြတ်သားသား ဝင်ထိုင်လိုက်တယ်။

သူဌေး Zhang ၏ မျက်နှာမှာ အနည်းငယ် ထူးဆန်းသွားသည်။ သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ သူစိတ်ကူးထားတဲ့ သခင်-ကျွန်ဆက်ဆံရေးမဟုတ်ပုံရတယ်။

အခုမှတွေ့ကြပေမယ့် သူတို့ သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်အ‌ေနရခက်မနေပါဘူး။ စားသောက်ကြရင်း စိတ်အေးလက်အေး နေကြသည် နှိုင်းယှဉ်ကြည့်လျှင် အချို့သော အသိမိတ်ဆွေများက ပို၍ သီးသန့်ဆန်ပုံရသည်။ 

ခဏလောက်စားပြီးနောက် An Zi Ren သည် သူဌေး Zhang နှင့် Shao Fei နှစ်ယောက်စလုံး အစားကြူးသူများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူထမင်းတစ်ပန်းကန်သာစားပြီးချိန်သူတို့က နှစ်ပန်းကန်ပြီးသွားပြီ အခုချိန်မှာတော့ သူအစာမစားတော့ရင်တောင်(သူဝိတ်လျော့နေတာ🤣) သူ့အပိုင်းကို အသေးအမွှားလို့ မယူဆပါဘူး၊ သူတို့နှစ်ယောက်က အောက်ခြေမရှိတဲ့တွင်းကြီးလို ကြီးကြီးမားမား စားချင်နေတာကြောင့်ပဲ၊ ခဏအကြာတွင် စားပွဲပေါ်ရှိ ပန်းကန်အများစုကို သန့်ရှင်းသွားခဲ့သည်။

The Big Landlord (MM Translation) ||Where stories live. Discover now