137.3(U+Z)

254 37 1
                                    

ငါ့မှာရှိတာ မင်းမှာရှိဘူးလား?(Pt-3)

ဖူယွမ်ဝူ ၏အမူအရာ လိမ်သွားသည်။သူ့အသံကို နှိမ့်ချလိုက်ပြီး နှစ်ယောက်တည်းသာ ကြားနိုင်သည့် အသံတိုးတိုးလေးဖြင့် “ဖူဝူထျန်း သိမ်ကျေနပ်မနေနဲ့၊ ဒီမင်းသား ရာဇပလ္လင်ကို အနှေးနှင့်အမြန်ဆိုသလို လက်ခံယူတဲ့အခါကျ၊ ဖူနန်းတော်တစ်ခုလုံး နန်းရရှိတော့မှာမဟုတ်ဘူး"

"မင်းက မသင့်တော်ဘူး"

တတိယလူသည် စကားစမြည်တွင် ရုတ်တရက်ပါဝင်လာပြီး ဖူယွမ်ဝူ ပြောသည်ကို သူကြားလိုက်ကြောင်းမှာ ထင်ရှားသည်။

ဖူယွမ်ဝူ ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် လှည့်ကြည့်လိုက်တော့ စကားပြောခဲ့တဲ့ အန်းဇီရန် ကိုမြင်လိုက်ရသည်။လူငယ်သည် မြင့်မားသော လူများပေါ်တွင် ရပ်ပြီး ဖူယွမ်ဝူ ကို ငုံ့ကြည့်လျှင် သူ့မျက်နှာတွင် ဘာမှမထူးခြားသည့် အမူအရာ ရှိနေသည်။ဖူယွမ်ဝူ ၏မျက်နှာသည် ချက်ချင်းပင် နစ်မြုပ်သွားသလို သူ(အန်းဇီရန်)၏အမူအရာမှာလည်း ယုံကြည်မှုရှိပြီး သေချာသည်။သူချေပခါနီးတွင် လူငယ်က အဝေးကို လှမ်းကြည့်လိုက်သည်။

ဒီ ဖူဝူထျန်း နဲ့ အန်းဇီရန် နှစ်ယောက်ဟာ တကယ့်ကိုလက်ထပ်ထားတဲ့ စုံတွဲတွေဖြစ်သင့်တယ်။သူတို့ရဲ့ လုပ်ရပ်တွေတောင် အတူတူပဲ။

"အန်းဇီရန်၊ ဒီမင်းသား မင်းကို မှတ်ထားလိုက်ပြီ!"

အရှက်တရားလှိုင်းလုံးသည် ဖူယွမ်ဝူ ပေါ်သို့ လွှမ်းခြုံသွားကာ သူ့နံဘေးတွင် ချထားသော လက်များက ဖြည်းညှင်းစွာ တင်းကျပ်လာသည်။အကြည့်တွေကအန်းဇီရန် ကိုထိုးဖောက်နေတဲ့  ဓားထက်ထက်နဲ့ တူလေတယ်။

အန်းဇီရန် က တစ်ဖက်လူရဲ့ စူးရှမှုကို ရိပ်မိတာ မဟုတ်ပေမယ့် သူက ရိုးရိုးရှင်းရှင်းကို ဂရုမစိုက်တာဖြစ်သည်။

ဖူယွမ်ဝူ သည် အမှန်တကယ်ပင် ထက်မြက်သော်လည်း သူ၏ စိတ်နေသဘောထားမှာ အားနည်းနေသည်။ သူ့တွင် ကျန်းစွင်း မိသားစု၏ ပံ့ပိုးကူညီမှု ရရှိထားသော်လည်း အနာဂတ်တွင် ထီးနန်းတက်မည်ဆိုပါက၊  သဘာဝအတိုင်း သံသယများနိုင်ချေရှိသော ဧကရာဇ်တစ်ပါး ဖြစ်လာမည်ဖြစ်သည်။ အနည်းငယ်သော ဒေါသကြောင့်ပင် သူ့အုတ်ဂူသူ တူးခိုင်းနိုင်သည်။

The Big Landlord (MM Translation) ||Where stories live. Discover now