84.တွေ့ဆုံခြင်း( part 1)

1.2K 113 6
                                    

ချုံမင်နှစ်၂၇နှစ်, ဇွန်လ, နေသာသည်။

နွေရာသီကို တိတ်တဆိတ်ရောက်လာတယ်။ ကိုယ်လုပ်တော်ရွေးချယ် ပွဲစတင်သည့် ဒုတိယနေ့ဖြစ်တယ်။

နံနက်စောစောတွင် လူအုပ်ကြီးသည် လမ်းများပေါ်တွင် လှပသောလူများဖြင့် ပြည့်နေသော ရထားတစ်စင်းကို မြင်လိုက်ရတယ်။ အချို့သောလူများဟာ ထိုကဲ့သို့သော တောက်ပမှုကြောင့် မျက်စိကွယ်လုနီးပါး ဖြစ်ခဲ့ရတယ်။ နှစ်စဉ်နှစ်တိုင်း ဒီအချိန်ဟာ ကျွင်းဇီ မြို့ရဲ့ အတက်ကြွဆုံးအချိန်ပါပဲ။

တောက်ပတဲ့မနက်ခင်းခပ်‌ေစာစောအချိန်တွင် လမ်းပေါ်မှာ လူတွေ ကြိတ်ကြိတ်တိုးတိုးနဲ့ အလှ‌ေလးတွေကို ကြည့်ဖို့ စောင့်မျှော်နေကြတယ်။
မြို့တော်ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအားလုံးရဲ့ ပြတင်းပေါက်များနှင့် တံခါးများကို မှီ၍နေကြသူများဖြင့် ပြည့်ကျပ်နေပါတယ်။ သူတို့သည် ၃ယောက်တစ်အုပ်စု နှင့် ၅ယောက်တစ်အုပ်စု ရှိကြပြီး မည်သည့်အလှ‌ေလးက အကောင်းဆုံးဖြစ်သည်ကို အကဲဖြတ်ကာ ရံဖန်ရံခါ ရှုံ့ချသံများ၊ ပဲ့တင်ထပ်သည့် ခံစားချက်များ သို့မဟုတ် အပြစ်တင်သံများ ဖြင့်အကဲဖြတ်‌ေနကြတယ်။ ဆွေးနွေးမှုတွေက တောက်လောင်ခဲ့တယ်။

ဘာတွေဖြစ်နေလဲ ဆိုတာ မသိတဲ့သူတွေက ကြီးကြီးမားမား အဖြစ်အပျက်တချို့ကို ပြောနေတာလို့ အထင်မှားသွားနိုင်တယ်။

သို့သော်လည်း သက်ဝင်နေသော လေထုထဲတွင် လူတစ်ယောက်သည် အရက်ပုလင်းထဲတွင် ခေါင်းနှစ်ကာ ထောင့်စွန်းတွင် ထိုင်နေလေသည်။ သူ က မူးနေပုံရပြီး အရည်ချင်းစစ်ရွေးချယ်ပွဲ ၏အကြောင်းအရာကို တစ်ချက်မျှ မတုံ့ပြန်ခဲ့ပါ။

ဒီလူက သူဌေး ကျန်း ပါ။

ထိုနေ့တွင် သူသည် သူ့ ငွေစက္ကူအားလုံးကို ဆုံးရှုံးသွားခဲ့တယ်။ ဖုန်ဟွား လောင်းကစားအိမ်အတွက် နောက်ဆုံးမျှော်လင့်ချက်က လုံးလုံးလျားလျား ပျောက်ကွယ်သွားသော်လည်း လက်လျှော့ရန် ငြင်းဆန်နေဆဲဖြစ်တယ်။
သူ့ပိုက်ဆံတွေ အကုန်ဆုံးရှုံးပြီးနောက်၊ အထူးသဖြင့် အရင်က သူ့လက်ဆောင်ရထားသူတွေကို အကူအညီ‌ေတာင်းဖို့ အပြေးအလွှားသွားရှာခဲ့ပေမယ့် တစ်ယောက်ချင်းစီက သူ့မျက်နှာကို တံခါးနဲ့ရိုက်ပိတ်လိုက်တယ်။ သူဌး ကျန်း လာလည်မယ်လို့ ကြားတာနဲ့ သူ့ကိုက သူတို့ရဲ့ကျွန်တွေကို လွှတ်ကာ‌ေမာင်းထုတ်ခိုင်းခဲ့ကြတယ်။သူ( သူဌေးကျန်း) ဘာပဲပြော နေပါစေ သူနဲ့မတွေ့ချင်ကြသေးပါဘူး။

The Big Landlord (MM Translation) ||Where stories live. Discover now