113.1

385 61 1
                                    

လင်း မိသားစုကိစ္စ

ကောင်းကင် ကြည်လင်နေသော
ချုံမင်းဧကရာဇ် နန်းစံ ၂၇ နှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့

နောက်ဆုံးတွင် အန်းဇီရန် နှင့် ဖူဝူထျန်း သည် အလီရှန်း ကို ထွက်ခွာသွားခဲ့သည်။သူတို့သည်တိတ်တဆိတ် ထွက်သွားခဲ့ကြတယ်။သူတို့ကို လျှို့ဝှက်စွာ စောင့်ကြပ်နေသူများ ရှိသော်လည်း ဖူဝူထျန်း သည်အန်းဇီရန် နှင့်အတူ အန်းယွမ် ခရိုင်သို့ ပြန်မည်ဟုသာ ထင်ကြသည်။

နောက်ဆုံးတွင် အန်းဇီရန် သည် အန်းယွမ် ခရိုင်တွင် မိသားစုစီးပွားရေးတစ်ခုရှိသည်။နောက်ဆုံးအကြိမ် ပြန်သွားတော့ သူတို့က အန်းယွမ် ခရိုင်မှာ အကြာကြီးနေခဲ့သည်။
နှစ်သစ်ကိုအန်းယွမ် ခရိုင်မှာ ဖြတ်သန်းခဲ့မယ်ဆိုရင်တောင် သံသယဖြစ်စရာ ဘယ်သူမှ မတွေ့နိုင်တဲ့အပြင်အလီရှန်း ကို ရောက်ဖို့ အန်းယွမ် ခရိုင်ကို ဖြတ်သွားရဦးမှာ ဖြစ်ပါတယ်။





ဤအချိန်၌ လက်ဖက်ရည်ဆိုင်မှ ဖြတ်သွားသောအခါ မေပယ်မြို့သို့ ပြောင်းရွှေ့နေထိုင်လာကြသော ချောင်းပိန်တောင်သူ အများအပြားကို မတွေ့ရတော့ပေ။

လမ်းတလျှောက်မှာ ဖူဝူထျန်း အကြောင်း လူတွေပြောနေတာကို ခဏခဏကြားရတယ်။

သူတို့၏ ဆွေးနွေးမှု အကြောင်းအရာများသည် ဟုန် ပြည်နယ် သမိုင်းတွင် အကြီးမားဆုံး အကျင့်ပျက်ခြစားမှု ကိစ္စနှင့် ချန် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်တို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။အများစုမှာ ဖူဝူထျန်း ကို ချီးကျူးကြသည်။



သာမာန်လူတို့သည် စားစရာနှင့် အဝတ်‌ေပးသူအား ကိုးကွယ်ကြတော့သည်။။ထို့ကြောင့် ဟုန်ပြည်နယ်နှင့် ချန်ပြည်နယ်တွင် ဖြစ်ပွားမှုနှစ်ခုပြီးနောက်၊ ဤနေရာနှစ်ခုရှိ ဖူဝူထျန်း ၏ဂုဏ်သတင်းသည် ဧကရာဇ်မင်းမြတ်ထက် သာလွန်သွားခဲ့သည်။

ဤအဖြစ်အပျက်သည် ချုံးမင် ဧကရာဇ်၏ နားထဲသို့ ပျံ့နှံ့သွားသည်။

The Big Landlord (MM Translation) ||Where stories live. Discover now