အတိုချုံးကြားဖြတ် (pt-2)
တိုးတိုးတိတ်တိတ် အသံပေါင်းများစွာ သူတို့ဆီသို့ ပျံ့လွင့်သွားသည်။အားလုံးက လူလတ်ပိုင်းကို ဝေဖန်နေကြတာ။သူတို့၏ဝေဖန်သံကိုကြားတော့ လူလတ်ပိုင်း၏မျက်နှာသည် အဖြူနှင့်အစိမ်းကြားသို့ ပြောင်းသွားသည်။
သူ့သဘောထားက ပိုဆိုးလာတယ်။သူက အန်းဇီရန် ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေတယ်။ “စည်းဝေးကြီးအမိန့်ကို တားမြစ်တဲ့သူတွေကို ထုတ်ပစ်မယ်။မင်းမထွက်ရင် ငါလူခေါ်လိုက်မယ်!"အန်းဇီရန် က သူ့ကို ဆတ်ခနဲ ကြည့်လိုက်သည်။
လူလတ်ပိုင်းအရွယ်က အခေါင်းတလားကို မတွေ့မချင်း ငိုရမှန်း မသိဘူး(ဒုက္ခမတွေ့ခင် မကြောင်ကြဘူး)။ ထို့နောက် လုံခြုံရေးအတွက် ချက်ခြင်းပင် အသံဖြင့် လှမ်းခေါ်သည်။
မီးပုံးပြိုင်ပွဲက အတော်လေးကြီးမားတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် ထိန်းသိမ်းရန် အနီးနားရှိလူများ ရှိကြတယ်။သူအော်လိုက်တော့ အရောင်တူတဲ့ အစောင့်ငါးယောက်က ချက်ချင်း ပြေးလာတယ်။
“သူတို့က စည်းဝေးကြီးရဲ့ အမိန့်ကို ချိုးဖောက်တယ်။သူတို့ကိုကန်ထုတ်ပစ်လိုက်!"
အစောင့်ငါးယောက်တို့သည် စကားတစ်ခွန်းမှ မပြောဘဲ အန်းဇီရန် နှင့် ဖူဝူထျန်း ဆီသို့ ချီတက်ကြသည်။သူတို့ထဲက တစ်ယောက်က အန်းဇီရန် ရဲ့ ပုခုံးကို ဖမ်းပြီး လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို အရင် ဖမ်းလိုက်တယ်။အင်အားအနည်းငယ်ဖြင့် ဂျွတ် ဆိုတဲ့အသံကို ကြားလိုက်ရသည်။ထို့နောက်တွင် အစောင့်၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဖူဝူထျန်း က အစောင့်ကို တွန်းထုတ်ပစ်လိုက်တယ်။သူတို့(အစောင့်)နှစ်ဦးက ရှောင်လွှဲရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။သူတို့ရဲ့ ပျံသန်းလာတဲ့အဖော်က သူတို့ထဲကို တိုက်ရိုက်ဝင်သွားတယ်။သူတို့ သုံးယောက် ဆက်တိုက် လဲကျသွားတယ်။
ကျန်နှစ်ယောက်က သူတို့ဆီ ပြေးလာတယ်။
"အိုး!"
![](https://img.wattpad.com/cover/318562369-288-k153104.jpg)
YOU ARE READING
The Big Landlord (MM Translation) ||
RandomMC သည် အန်း မိသားစု၏ အကြီးဆုံးသားဖြစ်သူ ကိုယ်အလေးချိန် 78 ကီလိုဂရမ် (~171-172 ပေါင်) ရှိသည့် မောက်မာသော အသက် 16 နှစ်အရွယ် ကလေးငယ် အန်းဇီရန် ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။အန်းဇီရန် က သူ့ရဲ့လက်ရှိခန္ဓာကိုယ်ကိုမြင်တော့ သူ့ရဲ့ပထမဦးစားပေးက ကိုယ်အလ...