113.3

437 68 3
                                    

လင်း မိသားစုကိစ္စ

ဘဏ္ဍာစိုး စု သည် မြင်းရထားဆီသို့ ချက်ခြင်း ရောက်သွား၏။လွန်ခဲ့သည့်လအနည်းငယ်က မတွေ့မမြင်ရသော သခင်ငယ်‌ေလးကို မြင်သောအခါတွင် သူ၏ အပြုံးသည် ရုတ်တရက် မှုန်ဝါးသွားသည်။သူ့ရှေ့က ချောမောတဲ့ လူငယ်လေးဟာ တကယ်ပဲ သူ့သခင်ငယ်လေးပဲလား။

တုန်းလန် နှင့် ရှလန် တို့လည်း အေးခဲသွားသည်။

သခင်ငယ်လေးသည် ယခင်ကဲ့သို့ပင် ဖြစ်ပုံရသော်လည်း အနည်းငယ်ကွဲပြားသည်ဟု ခံစားရသည်။ဘဏ္ဍာစိုး စု  သူ့ကို နောက်ဆုံးတွေ့တုန်းက သခင်ငယ်လေးသည် ပါးပြင်ပေါ်တွင် ကလေးအဆီလေးများ ရှိနေသေးသည်။သူသည် အရပ်ရှည်လာရုံသာမက သူ့အသွင်အပြင်သည် ပို၍ပင် နူးညံ့ပြေပြစ်လာသည်။အခုချိန်မှာတော့ သူက တကယ့်ကို ချစ်စရာကောင်းတဲ့ လူငယ်တစ်ယောက်ပါပဲ။

"သခင်ငယ်လေး.... သခင်လေးက...." ဘဏ္ဍာစိုး စု ၏လျှာကို ကြောင်ဖမ်းမိသွားပုံရသည်။(စကားလံုးရှာမတွေ့တော့တာ)

အန်းဇီရန် က သူတို့ဘာတွေတွေးနေမှန်းမသိပါဘူး။သူတို့ရဲ့ သဘောထားက နည်းနည်းတော့ ထူးဆန်းတယ်လို့ပဲ သူထင်တယ်၊ သူတို့က သူ့ကို ကြိုဆိုနေပုံမပေါ်ဘူး။

"ကျွန်တော်မရှိချိန်မှာ တစ်ခုခုဖြစ်ခဲ့တာလား"
ဤအေးစက်သောအသံကို ကြားလိုက်ရသည်မှာ အမှန်ပင် သခင်ငယ်လေးပင်။ဘဏ္ဍာစိုး စု သည် နောက်ဆုံးတွင် သူ့အသိစိတ်များ ပြန်လည်ရရှိလာပြီး မသိစိတ်က ခေါင်းကို ခါယမ်းလိုက်ရုံသာမက၊ အလွန်ဆန့်ကျင်ဘက်ဖြစ်နေသော တုံ့ပြန်မှုအပြီးတွင် ချက်ချင်းခေါင်းညိတ်လိုက်သည်။

"ဖြစ်ခဲ့တာလား မဖြစ်ခဲ့တာလား?" အန်းဇီရန် က သူ့ကြောင့် စိတ်ရှုပ်သွားသည်။

"ဖြစ်ခဲ့တာ။" ဘဏ္ဍာစိုး စု က ပြတ်ပြတ်သားသား ပြန်ပြောသည်။

အန်းဇီရန် က မျက်မှောင်ကြုတ်ကာ "တတိယကိုယ်လုပ်တော်နဲ့ သူ့သမီးလား"

ဘဏ္ဍာစိုး စု သည် သခင်ငယ်လေး၏ ပင်ကိုယ်ဥာဏ်သည် ဤမျှ တိကျလိမ့်မည်ဟု မထင်ခဲ့ပေ။သူက ခေါင်းညိတ်တယ်။
"ဟုတ်ပါတယ် သူတို့ပါပဲ။သခင်ငယ်‌ေလးနဲ့ မင်းသားရောက်လာတဲ့သတင်းကို ကြားတဲ့အခါ သခင်လေးကိုပြောပြဖို့ စာရေးဖို့စီစဉ်နေတာပါ။"

The Big Landlord (MM Translation) ||Where stories live. Discover now