91.စစ်တပ်အာဏာသိမ်းယူဖို့

706 98 1
                                    

ဇူလိုင်လသည် ပူပြင်းသောလဖြစ်သည်။ လူတိုင်းက ထူထဲတဲ့အဝတ်အစားတွေကို အင်္ကျီပါးပါးလေးအဖြစ် ပြောင်းလဲထားကြပြီ။
ခြံထဲမှာ နေဝင်နေပေမယ့် အခန်းတွင်းက လူတွေကို ခြောက်သွေ့‌ေစပြီး အပူနည်းနည်းတောင် မ‌ေလျာ့သွားဘူး။

ရှစ်လသားအရွယ်ရှိ ဖောင်းနေသောပါးပြင်များနှင့် ပေါင်မုန့်လေး သည် ဧည့်ခန်းတံခါးဝမှ အခန်းထဲသို့ တွားသွားခဲ့သည်။ တံခါးကို ကော်ဇောအလွှာဖြင့် ဖုံးအုပ်ထားသောကြောင့် ကလေး၏ လက်နှင့် ဒူးများကို ပွတ်တိုက်မိသွားမှာ စိတ်ပူစရာ မလို‌ေပ။မျက်လုံးမှိတ်ထားပြီး ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော လူပေါ်သို့ မျက်စိရောက်သွားသောအခါ ဥာဏ်ရည်ဥာဏ်သွေး တောက်ပနေသော ချာတိတ်လေးသည် ပိုနီးကပ်လာစေရန် ပိုမိုမြန်ဆန်စွာ တွားလာသည်။

ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော လူ၏အဝတ်အစား ဘောင်ဘီကို ထိခါနီးတွင် ကြီးမားသော လက်တစ်စုံက ရုတ်တရက် ထွက်လာပြီး သူ့ကို ကောက်ကိုင်လိုက်သည် ။

ပေါင်မုန့်လေးသည် သူ့ခြေလက်လေးချောင်းကို ချက်ချင်းဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။ ထိုမလှမ်းမကမ်းတွင် ရှိနေသောသူ၏အစ်ကိုကြီးအား ဖမ်းဆုပ်ရန် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားသည်ကို မလိုလားပုံပေါ်သည်။

သူ့ကို ကောက်ကိုင်လိုက်တဲ့သူက လှည့်ကြည့်လိုက်တယ်။

အနက်ရောင်မျက်လုံးနှစ်စံု အကြီးကြီးတစ်စံု၊ သေးသေးလေးတစ်စုံက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည် ။

ပေါင်မုန့်‌လေးသည် မျက်လုံးများကိုမှိတ်တုတ်မှိတ်တုတ်လုပ်ကာ ရှုပ်ထွေး‌ေနပြီး မသိနားမလည်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

ပေါင်မုန့်လေးကို ကိုင်ဖို့ ဖူဝူထျန်း က လက် တစ်ဖက်သာ သုံးတယ်။ သူ့လက်ဖဝါးက အရမ်းကြီးတယ်။

ပေါင်မုန့်လေး တက်ထိုင် ရင်တောင် ပြဿနာ မရှိဘူး။

"ဟေ့ ကောင်ငယ်လေး၊ မင်းအစ်ကို အိပ်‌ေနတာကို မနှောင့်ယှက်နဲ့။"

ပေါင်မုန့်လေးက သူ့ခေါင်းကို ဘေးသို့ ခါယမ်းလိုက်သည်။ သူ နားမလည်နိုင်ဘူး!


The Big Landlord (MM Translation) ||Where stories live. Discover now