138.2(u+z)

203 33 7
                                    

ကြင်ယာတော် ယန်(pt-2)

"ကျွင်းဝမ် နဲ့ ကျွင်းဝမ်ဖေး က ကြင်ယာတော် ယန် ကိုသိတာလား"

သူ့ဘေးမှာထိုင်နေတဲ့ ဖူယွမ်ချန် က အန်းဇီရန် နဲ့ ဖူဝူထျန်း တို့ရဲ့ စကားသံကို ကြားလိုက်ရတယ်။အံ့ဩခြင်းအရိပ်အယောင်များ သူ့မျက်လုံးများတွင် တောက်ပလာသည်။ကြင်ယာတော် ယန်  မောင်းမဆောင်မှာ လှိုင်းလုံးကြီးတွေ လုပ်လာတာနဲ့ တပြိုင်နက် ဖူယွမ်ချန် နဲ့ သူ့လူတွေက သူ(မ)ကို စုံစမ်းနေပြီဖြစ်ပေမယ့် သူ(မ)ဟာ လေဖိအားနည်းရပ်ဝန်းထဲက တံလျှပ်လို ဖြစ်နေခဲ့ပါတယ်။သူ(မ)နှင့်ပတ်သက်သော အသေးငယ်ဆုံးသော သဲလွန်စကိုပင် ရှာမတွေ့ခဲ့ပေ။



သူတို့ရဲ့ စုံစမ်းမှု အဆုံးသတ်တိုင်းကို ဖြတ်ကျော်ပြီး သူတို့ရဲ့ စူးစမ်းလိုစိတ်က ပိုပိုပြီး ပြင်းထန်လာပါတယ်။ထို့ကြောင့် ဖူယွမ်ချန် သည် အန်းဇီရန် နှင့် ဖူဝူထျန်း တို့နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေနိုင်သည်ဟု အန်းဇီရန် နှင့် ဖူဝူထျန်း တို့၏ စကားဝိုင်းမှ ရုတ်တရက် ကြားလိုက်ရသောအခါတွင် သူသည် သူတို့ကို တစ်ဖက်မှ မကြည့်ဘဲ မနေနိုင်တော့ပေ။

အန်းဇီရန် သည် ကြင်ယာတော် ယန် ထံမှ အကြည့်ကို ဆုတ်လိုက်ပြီး ဖူယွမ်ချန် ကို ကြည့်လိုက်သည်။ကြင်ယာတော် ယန် က သူသိတဲ့လူလားဆိုတာလည်း သူသိချင်သည်။ ခဏလောက်စဉ်းစားပြီးမှ  "သူ(မ)က ကျွန်တော်သိတဲ့လူ ဟုတ်မဟုတ်တော့ မသိပါဘူး။ ပြောရရင်တော့ သူ့မျက်နှာကိုသာ မှတ်မိနေတာပါ"

ဖူယွမ်ချန် ၏ စိတ်သည် လှည့်ပတ်လာသည်။သူသည် စာကြောင်းများကြား ချက်ချင်းဖတ်ပြီး ဖုံးကွယ်နေတဲ့အရာ ကို နားလည်လိုက်သည်။
"ကျွင်းဝမ်ဖေး  ဆိုလိုတာက ဒီလူဟာ မင်းသိတဲ့လူ မဟုတ်ဘူးလို့လား။"

အန်းဇီရန် က ခေါင်းညိတ်ပြီး  "သူတို့ရဲ့ မျက်နှာဟာ တူညီတယ်ဆိုတဲ့ချက်ကလွဲရင် ကျန်တာ အားလုံးက မတူကြသလို သူတို့ နှစ်ယောက်က မတူပါဘူး၊ ဒါကြောင့် သူက ကျွန်တော်သိတဲ့ သူလား ကျွန်တော်လည်း သိချင်မိပါတယ်။မင်းသား Cheng (ချန်)က ဒီကြင်ယာတော် ယန်ရဲ့ နာမည်ကို သိပါသလား။"

The Big Landlord (MM Translation) ||Where stories live. Discover now