ကျန်းစွင်းချောင်ချီ
ချုံမင်းဧကရာဇ် ၂၇ နှစ်၊တော်ဝင်နန်းတော်သည် တစ်နှစ်တာ၏ အခမ်းနားဆုံး တော်ဝင်ပွဲ ကျင်းပခဲ့သည်။
မနက်အစောကြီးကတည်းက နန်းတော်ရဲ့(အလုပ်သမား) အဆင့်တိုင်းက ပွဲပြင်ဆင်ဖို့ အလုပ်ရှုပ်နေကြတယ်။ပန်းကန်ပြားများနှင့် အခြားပစ္စည်းများကို ကိုင်ဆောင်ကာ အပြန်ပြန်အလှန်လှန် ပြေးလွှားနေကြသည်။ ဒီတော်ဝင်ပွဲဟာ အရင်ပွဲတွေနှင့် မတူပါ။
တော်ဝင်ပွဲသည် နိုင်ငံ့ပွဲတော်ဖြစ်လာသည်။သာမာန်မိသားစုပွဲတွေနဲ့ ဘာမှမယှဉ်နိုင်ပါ။မိသားစုပွဲသို့တက်ရောက်သူများသည် အနောက်ဆောင်၏ မောင်းမမိဿံများနှင့် တော်ဝင်မိသားစုဝင်များသာ ပါဝင်မည်ဖြစ်ပြီး၊ နိုင်ငံ့အခမ်းအနားတွင် အဆင့် ၄ နှင့်အထက် နိုင်ငံ့အရာရှိများအားလုံး ပါဝင်ရမည်ဖြစ်သည်။ဒါဟာ အလွန်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဧကရာဇ် ချုံးမင် ကတောင် အဲဒါကို အရမ်းအလေးထားခဲ့တာဖြစ်တယ်။
နိုင်ငံ့ပွဲတော်မစတင်မီ ဇိမ်ခံရထားလုံးများ နှင့် နိမ့်ကျသော ရထားလံုးများသည် တော်ဝင်မြို့တော်သို့ ဦးတည်သည့် လမ်းကြောင်းပေါ်တွင် စတင်ပေါ်လာခဲ့သည်။ထိုမြင်းဆွဲရထားလုံးများသည် လမ်းတလျှောက် ဖြတ်သွားကြသည်။ဤလူများထဲမှ အချို့သည် အလွန်မြင့်မြတ်ပြီး သူတို့၏ အထောက်အထားကို ကြေညာရန်အတွက် ရထားခေါင်မိုးတွင် အလံကို ချိတ်ထားကြသည်။ အချို့သော ရထားများပေါ်တွင် တစ်စုံတစ်ခုမျှ မရှိသော်လည်း မျက်စိရှိသူတိုင်း တစ်ချက်ကြည့်လိုက်လျှင်ပင် မည်သည့်မိသားစု၏ ရထားလုံးဟု မှတ်မိနိုင်မည်ဖြစ်သည်။
သာမန်လူတွေဟာ ဒီလူတွေကို မချဉ်းကပ်ရဲကြပေ။
ဘယ်နေ့အတွက် ဆိုတာကိုသူတို့လည်း သိကြသည်။
နိုင်ငံ့ပွဲတော်သည် တော်ဝင်မိသားစုအတွက်ပင် ပထမတန်းစားဖြစ်သည်။ ဤနေ့၌ ရာထူးကြီးသူအပေါင်းတို့သည် မိမိတို့၏ဇနီးမယားများကို နန်းတော်ထဲသို့ ခေါ်ဆောင်လာကြသည်။ သာမန်လူတစ်ယောက်ကသာ ဒီရထားလုံးကို မတော်တဆတိုက်မိပြီး အထဲမှာ ထိုင်နေတဲ့လူတွေကို စော်ကားမိရင် သူတို့မိသားစုရဲ့ စည်းစိမ်ဥစ္စာအားလုံးကို သုံးပြီးတောင် ပြန်ဆပ်ရနိုင်ပေမည်။
![](https://img.wattpad.com/cover/318562369-288-k153104.jpg)
YOU ARE READING
The Big Landlord (MM Translation) ||
AléatoireMC သည် အန်း မိသားစု၏ အကြီးဆုံးသားဖြစ်သူ ကိုယ်အလေးချိန် 78 ကီလိုဂရမ် (~171-172 ပေါင်) ရှိသည့် မောက်မာသော အသက် 16 နှစ်အရွယ် ကလေးငယ် အန်းဇီရန် ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။အန်းဇီရန် က သူ့ရဲ့လက်ရှိခန္ဓာကိုယ်ကိုမြင်တော့ သူ့ရဲ့ပထမဦးစားပေးက ကိုယ်အလ...