104.1

487 76 0
                                    

များပြားသောအကြွေးနှင့်လောင်းကစားသမား(pt -1)






ဖောက်သည်များထံမှ ဒဏ်ကြေးငွေများ ပြန်လည်ရရှိခဲ့သော်လည်း ထွင်းထု အလုပ်ရုံကို မဖွင့်လှစ်နိုင်တော့ပေ။

သိပ်မကြာခင်မှာပဲ လီကျန်း က အလုပ်ရုံကို ပိတ်လိုက်တယ်၊ ဒါပေမယ့် လုံးဝပိတ်သွားတာမဟုတ်ပဲ၊ အန်းဇီရန် က အရင်ကထက် ပိုကျယ်တဲ့ တိတ်ဆိတ်တဲ့ တစ်တခြားနေရာကို ရှာတွေ့တဲ့အတွက်ကြောင့် သူက အပြင် ဖောက်သည်တွေနဲ့ တွဲမလုပ်တော့တာပါ။ထွင်းထုအလုပ်ရုံရှိ ကိရိယာအားလုံးကို ထိုနေရာသို့ ရွှေ့ပြောင်းခဲ့ပြီး အလုပ်သမားဦးရေ လည်းတစ်ဒါဇင် တိုးလာသည်။







အန်းဇီရန် သည် ထွင်းထုအလုပ်ရုံအား ကစားကတ်အလုပ်ရုံတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။





ဤတိုက်ပွဲသည် လီကျန်း ၏ထွင်းထုအလုပ်ရုံအတွက် ကြီးမားသောဆုံးရှုံးမှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ကျွင်းဇီ မြို့တော်ရှိ စက္ကူထုတ်လုပ်ရေးအလုပ်ရုံတော်တော်များများသည် ၎င်းတို့အား ရုံးသုံးကတ်စက္ကူ မရောင်းတော့သောကြောင့် နောက်ဆက်တွဲပြဿနာမှာ အတော်ပင်အခက်အခဲရှိခဲ့ပါသည်။




ဒါပေမယ့် အန်းဇီရန် က ဒီပြဿနာကို စဉ်းစားထားပြီးသားပါ။

ရုံးသုံးကတ်စာရွက် တစ်သိန်းကို ကတ်အချပ်ပေါင်း တစ်သောင်းရှစ်ထောင်ကျော် ပြုလုပ်ရန် အသုံးပြုနိုင်သည်။အလုပ်ရုံ၏ လက်ရှိထုတ်လုပ်မှုနှုန်းအရ နေ့စဉ် ကတ်အချပ်နှစ်ရာခန့် ထုတ်လုပ်နိုင်သည်။၎င်းတို့သည် လက်ဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး စက်များနှင့်ထုတ်လုပ်သည် မဟုတ်သောကြောင့် နေ့စဉ်ထုတ်လုပ်မှုအရေအတွက်မှာ အတော်လေးနည်းပါးပါသည်။

ရုံးသုံးကတ်စာရွက်နဲ့ ပတ်သက်ရင်တော့......

ဒါက တကယ်ကို ကိုင်တွယ်ရ လွယ်ကူတဲ့ ကိစ္စပါ။

ကျွင်းဇီ မြို့က အလုပ်ရုံတွေက သူတို့ဆီ စာရွက်မရောင်းချင်တာကြောင့် တခြားမြို့တွေကို သွားဝယ်ကြတယ်။လော့ယန် သည် မည်မျှကြာကြာ စုံစမ်းနေပါစေ၊ မည်သည့်မြို့မှ စာရွက်ဝယ်နေမှန်း မသိနိုင်ပေ။

The Big Landlord (MM Translation) ||Where stories live. Discover now