"စစ်သူကြီး ဝမ် စစ်နိုင်ပြီးပြန်လာပြီဟေ့!!!!!....."
ဘယ်ဆီဘယ်ဝယ်ကမှန်းမသိတဲ့စော်အော်သံနောက်မှာ အိမ်ကျိုအိမ်ကြားကနေလူတွေပျော်ပျော်ရွှင်ရွှင်ထွက်လာကြသည်။
သူတို့ကလမ်းကိုပဲချန်ထားပြီး သူတို့စစ်သူကြီးကိုကြိုဆိုကြသည်။စစ်ပြန်လာတဲ့စစ်တန်းကြီးရဲ့ရှေ့ဆုံးမှာ ရဲမက်တွေကနိုင်ငံတော်အလံကိုအသီးသီးကိုင်ထားကြသည်။
သူတို့ရဲ့နောက်မှာတော့ စစ်သူကြီးဝမ်ဟာ တစ်ခြမ်းစောင်းပြုံးကာ မြင်းဖြူကြီးစီးလို့ ပြည်သူတွေရဲ့လက်ခုပ်ဩဘာသံကိုခံယူနေသည်။ဒီစစ်ပွဲမှာသာအနိုင်ထပ်ရခဲ့ရင် အရှင်မင်းကြီးကသူ့ကို အကြီးမားဆုံးနဲ့တန်ဖိုးအရှိဆုံးဆုချီးမြှင့်မယ်ဆိုပြီးကတိကဝတ်ပြုထားတာကြောင့် စစ်သူကြီးဝမ်ရဲ့မျက်နှာဘေးကပိုမိုပျော်လွင့်နေသည်။
စစ်တန်းကြီးကနန်းတော်ထဲဝင်သွားတော့ နန်းတော်ထဲကအမတ်မင်းအပေါင်းနဲ့အရှင်မင်းကြီးကနန်းရင်းပြင်မှာရပ်လို့သူ့ကိုခရီးဦးကြိုပြုသည်။
သူမြင်းပေါ်ကဆင်းလိုက်ပြီး အရှင့်ရှေ့သွားတာ ဒူးတစ်ဖက်ထောက်လို့ထိုင်ချလိုက်သည်။
"ကျွန်တော်မျိုးဝမ်ရိပေါ် အရှင့်ကိုဂါဝရပြုပါတယ်..."
"ရှူံးပွဲမရှိပဲပြန်လာပြန်ပြီပဲ စစ်သူကြီးဝမ် ကိုယ်တော်သိပ်ကိုကျေနပ်တော်မှုပါတယ်.."
"မခံယူဝံ့ပါဘူး အရှင့်.."
အရှင်မင်းကြီကခပ်လွင်လွင်ပြုံးလိုက်ရင်း သူ့ဘေးနားကအပျိုတော်ကိုင်ထားပေးတဲ့ငွေလင်ဗန်းပေါ်ကပေလိပ်ကိုကောက်ကိုင်သည်။