"ဘာပြောတယ်!!!"
နန်းဆောင်ထဲမှာ ချန်အိမ်ရှေ့စံရဲ့အသံကဟိန်းထွက်လာသည်။သူကဒေါသတကြီးနဲ့သူ့ကိုသတင်းပေးပို့လာတဲ့ရဲမက်ကို ရင်ဝကိုဆောင့်ကန်လိုက်တော့ထိုရဲမက်ကအဝေးကြီးကိုလွင့်သွားသည်။
နယ်စပ်မှာသူလွှတ်လိုက်တဲ့အဖွဲ့ကို အလောင်းတွေသာပြန်လည်တွေ့ရှိခဲ့ပြီး ရှောင်းနဲ့ စစ်သူကြီးကတော့ သူတို့နယ်မြေထဲပြန်လည်ခြေချသွားသည်တဲ့။
ရှောင်း ဘေးရန်မခလို့ဝမ်းသာပေမဲ့ စစ်သူကြီးဆိုတဲ့ကောင်မသေသေးတာတော့ သူထိုင်မနေနိုင်တော့ဘူး။စစ်သူကြီးနဲ့ရှောင်းနဲ့တပူးတွဲတွဲဖြစ်နေသေးရင် ရှောင်းကိုသူစိတ်မချဘူး။
သူ့ခမည်းတော်ကလည်းရှောင်းပြည်နယ်ကိုစစ်ပြင်နေသည်ပြောသည်။စစ်ဗျူဟာစဆွဲနေပြီဆိုတာကိုသိပေမဲ့ သူခေါင်းမာပြီးမသွားတာဖြစ်သည်။
အခုတော့ အခြေအနေသိရအောင်သွားဦးမှပဲ။အတွေးနဲ့ချန်အိမ်ရှေ့စံရဲ့ခြေလှမ်းတွေက စစ်ရေးရာဌာနဆီဦးတည်သွားလေ၏။_________________________________________________
"အိပ်ကြမလား?."
ရေမိုးချိုး ညစာစားပြီးနောက်မှာ လူကြီးကပြောလာသည်။ရှောင်းကျန့်ခေါင်းအသာငြိမ့်ပြီး သလွန်ပေါ်တက်တော့လူကြီးကအပေါ်ဝတ်ရုံတွေချွတ်ကာလိုက်လာ၏။
သူအိပ်နေတာကို သူ့ခေါင်းလေးကိုလက်မောင်းကိုပြောင်းအုံးစေသည်။
နဖူးပြေပြေလေးကိုအနမ်းနွေးနွေးလေးပေးတော့ရှောင်းကျန့်ပါးလေးတွေမို့တက်သည်အထိပြုံးမိ၏။ပြုံးပြနေသည့်ရှောင်းငယ်လေးကြောင့်သူ့ဝဲဘက်ရင်အခုန်မြန်လာတော့ပါးနုနုလေးကိုထနမ်းမိသည်။
"အရမ်းကြီးချစ်ဖို့ကောင်းအောင်မနေပါနဲ့လား.."
"လူကြီး ပိုပိုချစ်လာလို့လား.."
"အချစ်လွန်ပြီးအာခံတွင်းထဲ ထည့်ငုံမိတော့မယ်"
ရှောင်းငယ်ကပြုံးကာ သူ့ရင်ခွင်ထဲလေတိုးလို့ပင်မဝင်အောင်တိုးကပ်လာ၏။ခါးသိမ်သိမ်လေးကို ဆွဲဖယ်ရင်းစစ်သူကြီးဝမ်လည်းရှေ့ဆက်ရက်တွေမှာလွမ်းရမှာကို ပြင်ဆင်ထား၏။