စစ်သူကြီးဝမ်ဟာ ရှောင်းမင်းသားလေးကိုရင်ခွင်ထဲထည့်ထားသည်။
မြက်ခင်းစိမ်းစိမ်းပေါ် စစ်သူကြီးဝမ်ကလဲလျောင်းနေပြီး ရှောင်းမင်းသားလေးကို သူရင်အုပ်ပေါ်တင်ထားတာဖြစ်သည်။ပျော့ပြောင်းတဲ့ကိုယ်လေးကသူ့ရင်ခွင်ကိုသက်တောင့်သက်တာမှီနေရင်း ရှောင်းမင်းသားကအိပ်ပျော်နေသည်။
သူကတော့ရင်ခွင်ပေါ်ကကောင်လေးရဲ့ဆံနွယ်တွေကိုဆွဲယူနမ်းရှိုက်ရင်း ပွင့်ဖတ်တွေတစ်လွှာပြီးတစ်လွှာကြွေကျနေသည့် ချယ်ရီပင်ကြီးကိုကြည့်နေမိသည်။သူတို့ကအခုချယ်ရီပင်အောက်ရောက်နေပြီးပန်းနုရောင်ပွင့်လွှာချပ်လေးတွေကမြက်ခင်းစိမ်းစိမ်းပေါ်ဖြာကျနေကြသည်။
မြင်ကွင်းကတော့သိပ်ကိုလှပလွန်းသည်။"အင့်..."
ရင်ခွင်ပေါ်က ခပ်တိုးတိုးသံလေးကြောင့်စစ်သူကြီးဝမ်ကြည့်မိတော့ရှောင်းမင်းသားလေးကမျက်တောင်လေးတွေကိုပုတ်ခတ်ကာနိုးလာသည်။
ကြောင်ပေါက်စလေးတွေအိပ်ရာနိုးသလိုညင်သာပြီးချစ်စဖွယ်ကောင်းလွန်းတာကြောင့် စစ်သူကြီးဝမ်ရဲ့အသည်းနှလုံးကိုလက်သည်းနဲ့ခပ်ဖွဖွလေးကုတ်ခြစ်သလိုခံစားလိုက်ရသည်။စစ်သူကြီးဝမ်ဟာ ရင်အုပ်ပေါ်ကကောင်လေးကိုသူ့လက်မောင်းကိုပြောင်းမှီခိုင်းကာရင်ခွင်ထဲကျကျနနထည့်ရင်း သူ့ကိုယ်ကိုဘေးစောင်းလိုက်သည်။
"လူကြီး.."
"အင်း ကိုယ်.."
အခုမှနိုးလာတဲ့ရှောင်းမင်းသားလေးကသူ့ကို ငေးကြည့်နေသည်။
ဆင်းနေတဲ့နှာတံလေးက ခပ်ရဲရဲနုနုလေးမို့စစ်သူကြီးဝမ်က အသည်းယားကာ တစ်ချက်ထကိုက်သည်။"အင့် လူကြီး.."
"ချစ်စရာကောင်းနေတာကိုကွာ မင်းက."
ရှောင်းသားလေးကနာကျင်သွားဟန်ကြောင့်မျက်ရည်လေးတွေဝဲလာတော့ စစ်သူကြီးဝမ်ဟာကလေးလေးချော့သလိုချော့မြူရသေးသည်။
သူကနာသွားပုံရတဲ့ နှာခေါင်းရဲရဲလေးကို လေလေးနဲ့မှုတ်ပေးတော့ ရှောင်းမင်းသားလေးကကော့လန့်ကာရုန်းထွက်သွားသည်။