ရှောင်းကျန့်ပြောပြတဲ့အကြောင်းအရာပြီးဆုံးပြီးတဲ့နောက်မှာလူကြီးနဲ့သူ့ကြားမှာတိတ်ဆိတ်သွားသည်။လူကြီးကသူ့ကိုပေါင်ပေါ်တင်ကာပွေ့ထားရင်းသူ့လက်လေးကိုသာပွတ်သပ်နေသည်။စိတ်ထဲမှာဘာတွေခံစားရနေသလဲမပြောကြသလို တစ်ယောက်နဲ့တစ်ယာက်ဘာစကားတစ်ခွန်းမှပင်မစမိ။
ကြာတော့ လူကြီးရဲ့မျက်တောင်စိတ်စိတ်တွေကိုငေးရင်းရှောင်းကျန့်ကတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"ချန်မင်းသမိီးအတွက်မွေးနေ့လက်ဆောင်က ခမည်းတော်ထည့်ပေးလိုက်တာမလား?"
"အင်း ကျောက်စိမ်းကောင်းနဲ့လုပ်ထားတဲ့ စားပွဲတင်မြင်းရုပ်"
"အော်..."
တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။
လူကြီးကသူ့ကိုတိတ်တဆိတ်ငေးလာရင်း သူ့မျက်ဝန်းတွေထဲစိုက်ကြည့်လာကာ"ရှောင်း.."
"ဟုတ်..."
"ကိုယ့်ကိုအိမ်ထောင်ဘက်အဖြစ် တွေးကြည့်ဖူးလား?..အရှင်ကအမိန့်ချလိုက်တော့ရှောင်းစိတ်ထဲဘယ်လိုနေလဲ.."
ရှောင်းကဘာမှမပြောပဲသူ့ကိုသာပြန်ငေးနေသည်။
"ကိုယ်ကအမှန်အတိုင်းပြောရင် ပျော်သွားတယ်ပေါ့နော်.အဟမ်း"
ချောင်းအသာဟန့်ပြီးမျက်နှာနီလာတဲ့လူကြီးကသူ့ဆံနွယ်တွေရဲ့လားရာတစ်လျှောက်ကိုလိုက်ကြည့်ပြီးခပ်ဖွဖွပြုံးသည်။
"ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာအတွေးတစ်ခုလဲဝင်လာပြန်တယ်...ရှောင်းများကိုယ်နဲ့ထိမ်းမြှားဖို့ကိုကန့်ကွက်မလား? ရှောင်းသဘောတူပါ့မလား?
အစုံပဲ..""ကျွန်တော်ကလူကြီးကိုဘာလို့ငြင်းရမှာလဲ.."
လူကြီးကခပ်ပြုံးပြုံးလုပ်ရင်း သူ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာ ကလေးပေါက်စလေးတွေကိုချော့မြူသလိုစလာသည်။
"တကယ်မငြင်းဘူးပေါ့...တကယ်လား
ဘာလို့လဲကလေးလေးက.လူကြီးကိုကြောက်ဘူးလား...ဟမ်.ဟမ် ပြောပါဦး.."