ဘုန်းတော်ကြီးကျောင်းမှာဗေဒင်အတတ်ပညာနဲ့လောကုတ္တရာနဲ့စပ်လျဥ်းတဲ့ဘာသာရပ်တွေကိုရှောင်းကျန့်ကသင်ယူတက်မြှောက်ခဲ့သည်။
ပညာစုံပြီမို့ မွေးရာဇာတိဆီပြန်ဖို့ဘဆရာတော်ဘုရားထံလျှောက်တော့ လမ်းခရီးမှာဘေးအန္တရယ်ကင်းအောင်ဟုဆိုကာပရိတ်ရွတ်ဖတ်ပြီးမေတ္တာပို့သပေးကြသည်။ဆရာတော်ဘုရားတွေကိုရှောင်းကျန့်က
ရိုရိုသေသေဦးချလိုက်တော့ကျောင်းထိုင်ဆရာတော်ကသူ့ကိုဆုတွေပေးသေးသည်။"အရှင်ဘုရား မင်းသားရှောင်းကျန့်ရဲ့အနာဂတ်ကံကြမ္မာကို တပည့်တော်ကိုတွက်ချက်ခွင့်ပြုပါဘုရား.."
ဦးဇင်းငယ်တစ်ပါးက ရှောင်းကျန့်ရဲ့အနာဂတ်ကိုသိချင်စိတ်ပြင်းပျလွန်းတာကြောင့်တွက်ချက်ခွင့်တောင်းတော့ဆရာတော်ဘုရားကရှောင်းကျန့်ကိုကြည့်လာသည်။
"ခွင့်ပြုပါတယ်ဘုရား.."
ရှောင်းကျန့်ကအလိုက်တသိခွင့်ပြုပေးလိုက်တော့ ထိုဦးဇင်းငယ်ကဝမ်းသာသွားပုံရတာ ပေရွက်ကိုအမြန်ပြေးယူလို့သူမွေးသက္ကရာဇ်ကိုမေးရင်းစတင်တွက်ချက်တော့သည်။
"ဟာ...!"
အဖြေထွက်လာပုံရတော့ထိုဦးဇင်းဆီက
အာမေဋိတ်သံထွက်လာပြီး သူတွက်ချက်ထားတာကိုပြန်လည်စစ်ဆေးနေသေးသည်။"ဦးဇင်း တွက်ချက်ထားတာကို အားလုံးကြားအောင်လျှောက်တင်ပါလေ.."
ကျောင်းထိုင်ဦးဇင်းရဲ့အသံနောက်မှာ ထိုဗေဒင်တွက်ချက်ထားတဲ့ဦးဇင်းသံက မဝံ့မရဲထွက်လာသည်။
"ရှောင်းမင်းသားက လာမယ့်လပြည့်နှစ်ခါကျော်ပြီးရင် အရိပ်အာဝါသကောင်းပြီး အားကိုးအားထားပြုရမယ့် ယောကျ်ားကို
အိမ်ထောင်ဘက်တော်ရလိမ့်မယ်။
အိမ်ထောင်ရေးကံသိပ်ကောင်းလွန်းပြီး လက်ဆက်ထားတဲ့သူက ရှောင်းမင်းသားတင်မက လူအများကအားထားရတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်လိမ့်မယ်.."သူသိပြီးသားအရာမို့ရှောင်းမင်းသားဟာမျက်လွှာချလို့ပြုံးလိုက်သည်။
ဘုန်းတော်ကြီးတစ်ချို့ကထိုအပြုံးကိုမြင်တော့မျက်နှာလွှဲလိုက်ကြသည်။