ရှောင်းကျန့်လူကြီးနဲ့နန်းတော်ထဲလိုက်လာခဲ့သည်။ မနက်ပိုင်းညီလာခံသွားရမယ်ဆိုပြီးလူကြီးက ခမ်းမထဲဝင်သွားတော့ သူခမည်းတော်အဆောင်ဘက်ထွက်လာခဲ့သည်။"သားတော်လေး.."
အခြွေအရံများစွာခြံရံလာသည့်သူ့ခမည်းတော်ကသူ့ကိုတွေ့တော့ ခြေလှမ်းတွေကိုခပိသွက်သွက်လှမ်းလာသည်။
"ရှောင်းကျန့်ဂါဝရပြုပါတယ်.."
"ဟိုရက်တွေထဲနေမကောင်းဘူးကြားလို့ ခမည်းတော်ကတွေ့ချင်နေတာ..အခုကောဘယ်လိုလဲသက်သာရဲ့လား အားကောရှိရဲ့လား.ခမည်းတော်အားဆေးတွေအပြန်ကြရင်ထည့်ပေးလိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ ရှောင်းကျန့် ညနေစောင်းမှ လူကြီး အဲ စစ်သူကြီးဝမ်နဲ့အတူတူပြန်မှာပါ တစ်နေကုန်နေဦးမှာ ညနေစာစားပြီးမှပြန်မယ်နန်းတော်ရဲ့ အစားစာတွေလွမ်းလို့.."
"ဟုတ်ပြီဟုတ်ပြီ အဲ့တာဆို ခမည်းတော်ညီလာခံပြီးရင်တွေ့ကြတာပေါ့...အခုတော့ညီလာခံသွားလိုက်ဦးမယ် "
"ဟုတ်ကဲ့ပါအရှင်.."
ခမည်းတော်ကညီလာခံခမ်းမဆီထွက်သွားသည်။ သူ,သူ့နန်းဆောင်ဆီလျှောက်လာတော့ သူ့ဆီခစားခဲ့သည့်အထိန်းတော်ကြီးကပြေးလာကြို၏။
"အူဝါး. မင်းသားလေး..!! မင်းသားလေးနန်းတော်ထဲပြန်လာတာလား.."
"အထိန်းတော်ကြီးဘာလို့ငိုနေတာလဲ.."
"အရှင့်သားကရက်စက်တာကိုးဘုရာ့ ငယ်ငယ်ထဲက ကျွန်တော်မျိုးလက်ထဲကြီးပြင်းခဲ့ပြီး အခုအရွယ်လဲရောက်ရောကျွန်တော်မျိုးကို နန်းတော်ထဲမျက်နှာလွဲခဲပစ်,ပစ်ထားခဲ့တာတော့ ဒီလူအိုကြီးကအခုနန်းတော်ထဲမှာမျက်နှာငယ်နဲ့ပါဘုရာ့ အရှင့်သားမို့ပစ်ထားခဲ့ရက်တယ်..အဟင့်"
အထိန်းတော်ကြီးကငိုလဲငို သူ့ကိုလည်းအပြစ်တင်သေးသည်။ ရှောင်းကျန့် ခေါင်းလေးကုတ်ရင်း အထိန်းတော်ကြီးလက်ကိုဆွဲကာနန်းဆောင်ထဲခေါ်ခဲ့လိုက်သည်။
"ကျွန်တော်ကနန်းပြင်မှာနေရတော့ အထိန်းတော်ကြီးအတွက်ခက်ခဲမှာစိုးလို့ပါ နန်းတော်ထဲကျတော့အချိန်နဲ့အလှည့်ကျစောင့်ရှောက်ပေးတဲ့လူတွေကြောင့်သိပ်မပင်ပန်းဘူးလေ အခုနန်းပြင်မှာတော့ အထိန်းတော်ကြီးကအချိန်တိုင်းကျွန်တော့ဘေးနေနေရမှာ."