အခြေအနေကပန်းနုရောင်သန်းနေသည့် အချိန်မျိုးဟုသုံးနှုန်းသင့်လားတော့မသိချေ။
ရှောင်းကျန့်ရဲ့နှုတ်ခမ်းတစ်စုံဟာစစ်သူကြီးဝမ်ဆီက ပူထူနေအောင်အနမ်းခံနေရသည်။သန်မာတောင့်တင်းတဲ့ရင်အုပ်ကိုလက်နဲ့တွန်းဖယ်လိုက်ပေမဲ့ နံရံကြီးကိုတွန်းရသလိုသူ့အားတွေဟာအရာမထင်ပါချေ။
လူကြီးဟာသူ့နှုတ်ခမ်းတွေကိုဆွဲယူပြီး.လျှာနဲ့ကစားသည်။
လည်တိုင်ကျော့ကျော့ကိုပင့်မောထားတာ
ကြောင့်ရှောင်းကျန့်လည်တိုင်ဖွေးဖွေးဟာလဲခပ်ကျော့ကျော့လေးဖြစ်နေပေသည်။အသက်ရှုရခက်လာတာကြောင့် ရင်ဘက်ကိုလက်နဲ့တွန်းထုတ်လိုက်သော်လည်း လူကြီးဟာသူ့လက်ကောက်ဝတ်လေးကနေဆုပ်ကိုင်လာကာ သဲကြီးမဲကြီးနမ်းသည်။
မခံနိုင်တော့တဲ့အဆုံး ရှောင်းကျန့်နောက်လှန်ချလိုက်တော့လဲ ကုတင်ပေါ်ထပ်ရက်သားပြုတ်ကျသည့်အထိပင်။"အင့်..လူ..လူကြီး.."
ဒါလဲလူကြီးဟာအလွတ်မပေးပါချေ။
ရုန်းကန်ဖို့ပြင်လာတဲ့သူ့လက်လေးတွေကိုလဲချုပ်ကိုင်ထားသည်။"အ..အသက်ရှုရ. .အင့်. ခက်လို့..."
"ဟားးး..."
ရှောင်းကျန့်ပြောမှနှုတ်ခမ်းတွေကိုလွှတ်ပေးလာသည်။
လူကြီးကသူ့ကိုလုံးလုံးလျားလျားမလွှတ်ပေးပဲနဖူးချင်းထိကပ်နေဆဲပင်။သူတို့နှုတ်ခမ်းတွေမှ ငွေမျှင်ရောင်အမျှင်တန်းလေးဟာလည်း နှုတ်ခမ်းတွေမှာထိစပ်နေသည်။
အသက်ကိုအလုအယက်ရှုရင်း ရှက်ရွံ့မှုကြောင့်ရှောင်းကျန့်မျက်နှာလေးကနီစွေးနေသည်။လူကြီးကတော့ သူနဲ့နှာဖူးချင်းထိရင်း အမောဖြေနေသည့်သူ့မျက်ဝန်းတွေကိုစူးစိုက်ကြည့်နေဆဲ။မခံနိုင်စွာ သူမျက်လုံးလွှဲမိတော့..လူကြီးကဟက်ခနဲရယ်သည်။
"ဘာဖြစ်တာလဲ.ကလေးငယ်.."
"ဘာ..ဘာကိုလဲ..."
"ကိုယ့်ကိုကြည့်ပါဦး.."
"ဟင့်အင်း.."
မျက်လွှာချထားရင်းရှောင်းကျန့်ကငြင်းဆန်သည်။လူကြီးကသဘောတကျရယ်ရင်း သူ့မျက်ခွံတွေကိုဖိကပ်နမ်းလာသည်။
ပြီးတော့သူ့မျက်နှာနုနုကိုလဲလက်ဖဝါးကြီးနဲ့ပွတ်သပ်လာကာ