ရှောင်းကျန့်တို့နန်းရင်းပြင်မှာစောင့်ပြီးခဏကြာတော့လူကြီးကပြန်လာခဲ့သည်။
ချန်နန်းတော်ရဲ့အပျိုတော်တွေပါ ပါလာပြီးသူတို့ယူဆောင်လာတဲ့အထုပ်အပိုးတွေကို သယ်ဆောင်ကာ နားနေရန်အဆောင်တစ်ခုကိုလိုက်ပို့လေသည်။"ရှောင်းကျန့်လေးက ကိုယ်နဲ့တစ်ခန်းထဲအတူတူနေလိုက်.."
"........"
ရှောင်းကျန့်ခေါင်းသာအသာငြိမ့်ပြလိုက်ပါသည်။သူများနန်းတော်ထဲရောက်ပြီမို့ သူ့ဂုဏ်ပုဒ်ကိုမခေါ်ပဲ နာမည်ရင်းကိုပဲသုံးနှုန်းလာတဲ့လူကြီးကိုရှောင်းကျန့်သဘောကျသည်။
အမြဲသူ့ဂုဏ်ပုဒ်ကို မခေါ်ပဲ ရှောင်းကျန့်ဟုသာရင်းရင်းနှီးနှီးခေါ်စေချင်သည်။အပျိုတော်တွေသည် သူ့တို့ကိုအဆောင်တစ်ခုဆီခေါ်သွားပြီးနေရာချပေးသည်။
တပ်မှုးယွီပင်းကတော့ရဲမက်သုံးယောက်နဲ့တူတူနေမယ်ဟုဆိုကာ နောက်တစ်ဆောင်ကိုလိုက်သွားလေသည်။ချန်တိုင်းပြည််နန်းတော်ရဲ့အပြင်အဆင်သည် မှောင်မှိုင်းသည့်ဘက်ကိုသွားသည်ဟုဆိုရမည်။နန်းဆောင်တိုင်းရဲ့အတွင်းပိုင်းကို သစ်စေးတွေ ဆေးနီတွေနဲ့ကြက်သွေးနီရောင်တောက်အောင်ချယ်ထားလေသည်။
ပြီးနောက်ညှို့မှိုင်းတဲ့အရောင်ဖြစ်တဲ့အစိမ်းပုတ်ရောင် ခန်းဆီး ၊လိုက်ကာတွေကိုသုံးထားတာကြောင့် နေရာကအသစ်အဆန်းဖြစ်ပြီးလှပပေမဲ့ ရှောင်းကျန့်ရဲ့စိတ်ထဲမှာတော့ မသိုးမသန့်ခံစားရလေသည်။"ရှောင်း ရေသန့်စင်တော့မလား?"
လူကြီးကအခန်းကိုလှည့်ပတ်ကြည့်ရှုနေတဲ့သူ့ကိုမေးလာသည်။
"ဟုတ် ဒါပေမဲ့ ကျွန်တော်မှာပြန်ဝတ်ဖို့ဝတ်စုံက."
"ကိုယ်စီစဥ်ထားပေးမယ်..."
"ဟို လူကြီး."
သူအထွန့်တက်ပြီး ဒီနန်းတော်ကအင်္ကျီတွေမဝတ်ချင်ဘူးလို့ပြောမလိုဖြစ်သွားရသည်။
ဒါပေမဲ့ လူကြီးကိုအခက်တွေ့အောင်မလုပ်ချင်သည်မို့ပြောတဲ့စကားတွေကိုပြန်မြိုချလိုက်ရသည်။