ရှောင်းမင်းသားလေးကိုထမင်းကရုတစိုက်ကျွေးနေတဲ့စစ်သူကြီးဝမ်က သူတို့ကိုစိုက်ကြည့်နေသလိုခံစားရတော့ဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်မိသည်။
သူတို့ဝိုင်းရဲ့တစ်ဝိုင်းကျော်မှာရှောင်းမင်းသားလေးကိုပြုံးပြုံးကြီးကြည့်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရသည်။
ထိုသူသည် အဖြူရောင်ဝတ်ရုံကိုသေသပ်စွာဝတ်ဆင်ထားပြီး ဆံပင်တွေကိုလည်း
သေသေချာချာ အမြင့်စည်းနှောင်ထားသည်။ရှောင်းမင်းသားလေးကိုရွှန်းရွှန်းစားစားကြည့်ရင်း လက်ဖက်ရည်ကြမ်းကောက်သောက်တဲ့ ထိုသူ့ရဲ့ပုံစံကြောင့် စစ်သူကြီးဝမ်ရဲ့မျက်ခုံးတွေကတွန့်ချိုးသွားလေသည်။
"လူကြီး ဝသွားပြီလား.."
ငြိမ်အေးတဲ့အသံလေးကြောင့် သူရှောင်းမင်းသားရှိရာပြန်ကြည့်ရင်း ပြုံးပြမိလိုက်ပြီး
ကြည့်နေတဲ့သကောင့်သားကိုပြန်ကြည့်တေ ငြိမ်အေးတဲ့အသံလေးကြောင့်ကြက်သေသေနေသလို။ဘယ်လိုပဲနေနေရှောင်းမင်းသားလေးကိုကြည့်တာမကြိုက်တာကြောင့် ထိုသူရဲ့မြင်ကွင်းတည့်တည့်ကိုနေရာပြောင်းပြီးသူထိုင်ချလိုက်သည်။
သူ့ကိုမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာကြည့်နေတဲ့ရှောင်းမင်းသားလေးကြောင့် ဝက်နံရိုးတစ်တုံးကို ထည့်ပေးလိူက်သည်။"စား ..များများစား.."
"ဟုတ်.."
ငြိမ်ငြိမ်လေး ခေါင်းလေးငုံ့ကာပြန်စားနေတဲ့ရှောင်းမင်းသားလေးကြောင့်သူအူယားစွာပြုံးလိုက်မိသည်။
သူတို့စားပြီးတော့ ခရီးပြန်သွားဖို့လူပ်ကြရသည်။စစ်သူကြီးဝမ်ဟာကျသင့်တဲ့တည်းခိုစရိတ်ကိုရှင်းနေတုန်းမှာ ရှောင်းမင်းသားလေးကို တပ်မှူးယွီပင်းတို့နဲ့တည်းခိုဆောင်ရှေ့မှာစောင့်ဆိုင်းစေသည်။
"ဒီမှာဗျ.ဒိီကနောင်ကြီးရဲ့ခါးစည်းကျောက်လေးထင်တယ် ကျွန်တော်ခုဏကကောက်တွေ့ခဲ့တာ.."
လူကြီးကိုစောင့်နေတုန်း သူ့နားလာကာစကားစပြောလာတဲ့သူကြောင့်ရှောင်းကျန့်လှည့်ကြည့်မိသည်။
ထိုသူသည်အဖြူရောင်ဝတ်ရုံကိုသေသပ်စွာဝတ်ဆင်ထားပြီး ဆံပင်တွေကိုလဲအမြင့်မြှောက်စည်းထားသေးသည်။