အရိပ်တပ်ဖွဲ့ရဲ့အရိပ်ထဲကလိုက်လံစောင့်ရှောက်မှုနဲ့ပဲ စစ်သူကြီးဝမ်နဲ့ရှောင်းမင်းသားငယ်ဟာ သူတို့ရှောင်းပြည်နယ် နယ်စပ်ထဲခြေချမိလေပြီ။
"နယ်ခြားစောင့်တပ်ဆီစစ်သူကြီးရောက်လာတယ်" ဆိုတဲ့သတင်းကြောင့် တစ်တပ်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
စစ်သူကြီးဟာ ငယ်ရွယ်ချောမောလှတဲ့ကောင်လေးတစ်ယောက်ကိုမြင်းညိုကြီးပေါ်ကနေပွေ့ချီမတတ်ချနေတာကို တပ်သားအားလုံးတန်းစီထားရင်းမြင်နေရသည်။ပြီးတော့လဲပွေ့ချီမတတ်ဖြစ်ပျက်ပြနေပြီး နောက်ဆုံးမှ ထိုကောင်လေးကိုလက်စွဲပြီးသူတို့ရှေ့ရောက်လာကာအရိုအသေခံသည်။
"စစ်သူကြီး ရောက်လာတာကိုကြိုဆိုပါတယ်!!!"
"စစ်သူကြီးကိုဂါဝရပြုပါတယ်..."
တပ်သားတွေရဲ့အောင်မြင်လှတဲ့အသံဟာ တပ်ရင်းထဲပျံ့နှံ့သွားသည်။သူတို့စစ်သူကြီးရဲ့မျက်နှာဟာ စစ်သားတွေရှေ့မှာတော့တည်လွန်းနေကာ သူတပ်ရင်းကိုစေ့စေ့စပ်စပ်ကြည့်သည်။
တပ်ရင်းမှူးက စစ်သူကြီးကို ဒီတပ်မှာရှိသည့်စစ်သည်အင်အားနဲ့ နယ်ခြားတပ်အခြေအနေကိုကသေချာရှင်းပြနေသည်။ထို့အတူရှောင်းဧကရာဇ်ချမှတ်စီမံပေးထားသည့်စစ်ရေးထိုးဖို့အခြေအနေကိုလည်းအသေးစိတ်ရှင်းပြချင်နေသည်။သို့ပေမဲ့ စစ်သည်တွေအားလုံးရှေ့မှာမို့ အသေးစိတ်မပြောပဲ အပေါ်ယံသာရှင်းပြသည်၊
စစ်သူကြီးဝမ်ဟာ သူ့တပ်ရင်းမှုးပြောတာကိုသေချာနားထောင်ကာခေါင်းတဆတ်ဆတ်ငြိမ့်လို့နေ၏။သူတို့တပ်ရင်းရောက်သည့်အချိန်က ညနေစောင်းမလို့ ရှောင်းမင်းသားတို့ကို ရှောင်းနန်းတော်ဆီမပြန်ခိုင်းသေးဘဲ သူ့တို့ဆီမှာ တစ်ညတည်းခိုသွားဖို့ကိုတောင် တပ်မှူးကအကြံပြုသည်။
စစ်သူကြီးဝမ်ကတပ်သားအားလုံးရှေ့မှာအတောင့်လိုက်လေးရပ်နေသည့်ရှောင်းငယ်ကိုတစ်ချက်လှမ်းကြည့်ကာတပ်ရင်းမှူး၏အကြံကိုလက်ခံလိုက်သည်။တပ်ရင်းမှုးကသူ့ကိုစစ်သူကြီးအတွက်ပြင်ဆင်ထားတဲ့နန်းဆောင်ဆီဆွဲခေါ်သွားသည်။