ရှောင်းကျန့်တို့ မနက်စာစားပြီးတော့ လူကြီးက ချန်နိုင်ငံရဲ့စစ်သူကြီးနဲ့စကားစမြည်ပြောမယ်ဟုဆိုကာ စစ်ရေးပြကွင်းဘက်ထွက်သွားသည်။
ရှောင်းကျန့်ကတော့ လူကြီးလွတ်လွတ်လပ်လပ်နေလို့ရအောင်မလိုက်သွားတော့ပဲ ချန်နန်းတော်ရဲ့အပျိုတော်မိန်းကလေးတစ်ယောက်ရဲ့အကူအညီနဲ့ နန်းတော်ထဲလျှောက်ပတ်ကြည့်လေသည်။နန်းတော်ကြီးသည် အိုဟောင်းနေပြီဟုထင်ရသည်။ထုပ်တန်းတွေက တစ်ခုနဲ့တစ်ခုမတူပဲ တစ်ချိူ့တိုင်တွေကျတော့အသစ်ဖြစ်နေပြီး တစ်ချိူ့တိုင်တွေကျတော့နှစ်ချို့နေမှန်းသိသာလှသည်။
အရောင်ကတော့ အစိမ်းပုတ်ရောင်မှိုင်းမှိုင်းကိုသာ ချန်မင်းသမီးရဲ့မွေးနေ့ပွဲအတွက် အရောင်ပြန်ဆိုးထားလေသည်။ရှောင်းကျန့်ကအပျိုတော်လိုက်ပို့သည့်နေရာတွေကိုလှည့်ပတ်ကြည့်ရင်းအပျိုတော်ကိုမေးခွန်းထုတ်လိုက်သည်။
"ချန်နန်းတော်ကနန်းစိုက်ကတည်းကနန်းတော်ကြီးလား...နှစ်ဘယ်လောက်ရှိပြီတုန်း"
အပျိုတော်ကရှောင်ကျန့်ကိုရိုကျိုးဟန်နှင့်သေချာစွာရှင််းပြလာသည်။
"နန်းစိုက်ကတည်းကရှိလာတဲ့နန်းတော်ကြီးပါ
ခန်းမှန်းခြေကတော့နှစ်ပေါင်း၁၇၀ကျော်လောက်ရှိပါပြီ"ရှောင်ကျန့်ရဲ့မျက်နှာကအနည်းငယ်တွေးဆဆဖြစ်သွားသည့်ဟန်ပေါ်သည်။
"အာ..ကြာပြီပဲ မင်းဘယ်နှဆက်လောက်ရှိပြီလဲ.."
"လေးဆက်ပါဧည့်သည့်တော်.."
"နန်းဆောင်တွေကိုအသစ်ပြန်မဆောက်ဘူးလား.."
အပျိုတော်က ထိုအခါမှတော့ အသံကိုနှိမ့်ချလာကာ
"ပြန်မဆောက်ဘူးဆိုတာက ဒီနန်းတော်ကြီးက
ရာဇဝင်တွေအများကြီးရှိလို့ပါ...ပြီးတော့ တတိယမင်းဆက်ဖြစ်တဲ့ မင်းကြီးဝမ်ညိုကနန်းတော်ကြီးကိုအရှိအတိုင်းဆက်လက်ထိန်းသိမ်းဖို့ မှာကြားထားလို့ပါ...""မင်းကြီးဝမ်ညို?..."
ရှောင်းကျန့်က ကြားလိုက်ရတဲ့အမည်နာမကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဝမ်ညို? ဆိုတော့ ဝမ်မျိုးနွယ်တွေကလား။
ပြီးတော့ သူဒိီအမည်နာမကိုဘယ်မှာကြားခဲ့ဖူးလဲမသိပေမဲ့ ရင်းနှီးနေချေသည်။