"လွှတ် လူကြိီးကျွန်တော့်ကိုလွှတ်..!"
ကိုင်ထားတဲ့လက်ကောက်ဝတ်လေးကိုအတင်းကော့လန်ကာရုန်းနေတဲ့ကောင်လေးကဆတ်ဆတ်ပင်ထိမခံ။.
"ကိုယ့်ကိုကြည့်ပါဦး.."
"......."
ရုန်းကန်နေတဲ့ကိုယ်လေးကိုလက်မောင်းလေးတွေကိုကိုင်ပြီးချုပ်ထားလိုက်သည်။
"ဘာလို့ပြောရခက်နေတာလဲ..ကိုယ်မင်းကိုအကျိုးသင့်အကြောင်းသင့်ရှင်းပြပြီးပြီလေကွာ.."
"ကျွန်တော်ကဘာပြောနေလို့လဲ. လူကြီးပြောတာနားလည်လို့ အခုနန်းတော်ကိုပြန်တော့မလို့ လွှတ်ပေးလို့."
ထိုသို့ဆိုလာသည့်တိုင်စစ်သူကြီးဝမ်ကကိုင်ထားသည့်လက်လေးတွေကိုမလွှတ်ပေးမိ။
သူကထိုကလေးသူ့ကိုမျက်နှာတည်ကြီးနဲ့လျစ်လျူရှုတာကိုမခံနိုင်တာပင်။"ဒါ.ဒါပေမဲ့ မင်းကမျက်နှာကြီးတည်နေတာကို.."
"ကျွန်တော်.မျက်နှာကျွန်တော်ဘယ်လိုလုပ်လုပ်ပေါ့..လူကြီးမှာတာဝန်တွေနဲ့မလား..ခရီးကိုနောက်မကျစေနဲ့ ဆက်ပါ.."
ပြောပြီးရုန်းကန်သွားတော့ လက်နုနုလေးတွေနာမှာဆိုးတဲ့သူကပဲလွှတ်ပေးလိုက်ရသည်။
အမြဲအေးဆေးတည်ငြိမ်နေတတ်တဲ့ ရှောင်းမင်းသားလေးကို စကားတွေတရစပ်ပြောသည်အထိစိတ်ဆိုးစေသွားတာသိတော့စစ်သူကြီးဝမ်ခေါင်းမီးတောက်သွားရသည်။ဒဏ်ရာကြောင့်ထော့နဲ့နေတဲ့ခြေလှမ်းတွေနဲ့ သူ့ရဲ့မြင်းညိုကြီးရှိရာကိုသွားနေတဲ့ရှောင်းမင်းသားမျက်နှာကတည်တင်းနေတာမို့ မြင်းတွေနားမှာအသီးသီးရပ်နေကြတဲ့တပ်မှူးတွေက ကိုယ်ကိုဘေးသို့ရှဲပေးလိုက်သည်။
တပ်မှူးယွီပင်းကတော့မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့လိုက်ကြည့်နေတုန်းပင်။
ခုနကတင် စစ်သူကြီးဝမ်နဲ့ပူးကပ်နေတာမလား။
အခုကျဘယ်လိုဖြစ်လို့ အခြေအနေကတင်းမာနေရတာလဲ။မြင်းညိုကြီးပေါ်တက်ဖို့ပြင်နေတဲ့ရှောင်းမင်းသားရဲ့နောက်မှာစစ်သူကြီးဝမ်ကနောက်ကရောက်လာသည်။
ဆွေ့ခနဲ့ရှောင်းမင်းသားကိုယ်လေးကိုကောက်ပွေ့ကာစမ်းချောင်းဘက်ကိုထွက်သွားတဲ့စစ်သူကြီးဝမ်ရဲ့ရင်ခွင်ထဲမှာတော့ ကော့လန်နေတဲ့ရှောင်းမင်းသားကပါသွားပြန်သည်။