ရှောင်းဧကရာဇ်၏မျက်နှာကကြည့်ရဆိုးနေသည်။စစ်သူကြီးဝမ်ရိပေါ်၏မျက်နှာကပိုလို့ကြည့်ရဆိုးနေသည်။
"ကိုယ်တော်လက်မခံနိုင်ဘူး..."
"ကျွန်တော်မျိုးလည်းလက်မခံနိုင်ဘူး.."
အရှင့်ကသူ့ရှေ့ကရုပ်ကြီးကိုရှုံ့မဲ့နေရင်း ရှင်ဘုရင်ကိုတောင်ပြန်လည်ချေပနေတဲ့စစ်သူကြီးကြောင့် သွေးတက်ချင်လာသည်။
"မောင်မင်းလက်မခံနိုင်ရင် အမိန့်စာပြန်တုန်းကတစ်ခါထဲကန့်ကွက်လိုက်ပါလား!
အခုမှ ငါ့ကိုယ်တော့်သားကိုလက်မခံနိုင်ဘူးဆိုတာ ဘယ်လိုအပြုအမှုမျိုးလဲ!"ဝမ်ရိပေါ်သည် သူတို့တိုင်းပြည်၏မြောက်ပိုင်းနယ်စပ်ကိုကျူးကျော်လာတဲ့ တိုင်းတစ်ပါးကရန်သူတွေကိုအနိုင်ပိုင်းပြီးပြန်လာတဲ့အချိန်မှာ သူ့ရဲ့ဧကရာဇ်က နန်းရင်းပြင်မှာခရီးဦးကြိုပြုပြီး သူရဲ့အောင်မြင်မှုအတွက်ဆုတွေချီးမြှင့်ခဲ့သည်။
ထိုဆုတွေထဲမှာ အရှင့်ရဲ့အငယ်ဆုံးသားတော်ဖြစ်တဲ့ မင်းသားရှောင်းကျန့်နဲ့သူ့ကိုလက်ဆက်ပေးဖို့ရည်ရွယ်တဲ့ဆုတစ်ခုလဲပါဝင်သည်။အမိန့်စာတန်းပြန်တဲ့အချိန်တုန်းက သူအတောင့်လိုက်သေဆုံးသလိုဖြစ်သွားပြီး ကြားလိုက်ရတာကိုမယုံကြည်နိုင်လွန်းတာကြောင့်ကြောင်အ နေတုန်း အရှင်က
" လက်ခံစေ " လို့ပြောလာတုန်းကသူအယောင်ယောင်အမှားမှားနဲ့လက်ခံကြောင်းပြောခဲ့မိသည်။လူစုခွဲသွားမှလက်မခံနိုင်ကြောင်းအရှင့်နန်းဆောင်လိုက်လို့ လက်မခံနိုင်ကြောင်းပြန်ပြောသည်က ဆီလျော်မှုမရှိကြောင်းသူသိပေမဲ့....။
ဘယ်လိုလုပ် ၈နှစ်ငယ်ပြီး ချူချာလွန်းလှတဲ့ရှောင်းမင်းသားလေးကိုသူ့အိမ်သားလေးအဖြစ်လက်ခံရပါ့မလဲ!!!!!!
သူကဖြင့်သန်မာအားကြီးလွန်းလို့ နွားပျိုတစ်ကောင်ကိုတောင်လက်သီးတစ်ချက်နဲ့လှဲသိပ်နိုင်ပြီး ခန္တာကိုယ်ဖွဲ့စည်းပုံကလဲ သာမာန်လူတွေထက်ပိုထွားကာ ကြည့်ကောင်းလွန်းသည်လေ။