သူရှေ့ကပုံတူကိုကြည့်ရင်းရှောင်းကျန့်က စကားမစနိုင်။သူ့လူကြီးနဲ့ချွတ်စွတ်တူနေတဲ့ပန်းချီကားကြောင့် သူ့မှာ မျက်လုံးမလွှဲနိုင်ပေ။
"ဒါ တကယ် မင်းကြီးဝမ်လား?"
"ဟုတ်ပါတယ် ဧည့်သည်တော်.."
နာမည်ကိုကမ္ဗည်းရေးထိုးထားတာတွေ့ပေမဲ့ သေချာမှုကိုလိုချင်လို့ထပ်မေးတော့အပျိုတော်ဟာ သေချာကြောင်းထပ်ပြောလာသည်။
ပန်းချီကားရဲ့ညာဘက်ထောင့်ရေးဆွဲသူနေရာမှာတော့ "ကိုယ်တော့်ရဲ့ရှောင်း" လို့ရေးထိုးထားလေသည်။
"ကိုယ်တော့်ရဲ့ရှောင်းတဲ့လား??"
ပန်းချီကားလေးကိုခပ်ဖွဖွထိတွေ့ကြည့်မိတော့
သူ့လက်ဖျားတွေမှာ ကျင်ခနဲခံစားလိုက်ရသည်။"ရှောင်း..!"
အော်သံကိုကြားလိုက်ရတာကြောင့်လက်ကိုအမြန်ရုတ်လိုက်မိရင်းလက်ဖျားတွေကိုဆုပ်ကိုင်ထားလိုက်မိသည်။
ဝဲဘက်ရင်ကိုဆွဲယမ်းသွားသလိုခံစားလိုက်ရပြန်တဲ့ခံစားချက်ကြီးက ကြီးစိုးဝင်ရောက်လာတော့ ရှောင်းကျန့် ရင်ဘက်ကအင်္ကျီစကိုဆုပ်ကိုင်လိုက်မိသည်။မလုံခြုံ ၊မနွေးထွေးတော့သလို ခံစားလာရတာကြောင့် သူလူကြီးရဲ့မျက်နှာကိုသာအမြန်မြင်ချင်လာသည်။
"ပန်းချီခန်းထဲကပြန်ထွက်ရအောင်.."
"ကောင်းပါပြီ..."
အပျိုတော်ဟာသူ့ကိုပြန်လမ်းပြပေးလေသည်။
သူတို့ရောက်နေတဲ့နံရံနှစ်ခုကြားထဲကလမ်းကထွက်ပြီးတော့ပန်းချီခန်းထဲကထွက်ဖို့ပြင်လိုက်ချိန်မှာ အပြင်မှာရောက်နေတဲ့ချန်မင်ကြီးကိုတွေ့လိုက်ရသည်။ချန်မင်းကြီးသည် အပျိုတော်တွေ၊အထိန်းတော်တွေများစွာခြံရံထားပြီး ပန်းချီခန်းထဲက ပန်းချီကားတွေကို ကြည့်ရှုနေလေသည်။
လက်ကိုနောက်ပစ်ထားပြီး ဖြောင့်နေအောင်ရပ်ထားတဲ့ခန္တာကိုယ်အနေအထားက ရှိရင်းစွဲထက်ပို၍အရွယ်တင်သည်ဟုကောက်ချက်ချလိုက်သည်။
ချန်မင်းကြီးရဲ့ သက်တော်ဟာ ၆၂နှစ်ရှိပြီဖြစ်ကြောင်း ရှောင်းကျန့်ကသိထားလေသည်။