"သားတော်!!"
တပ်ရင်းထဲကနေပြေးထွက်လာတဲ့ရှောင်းအရှင်ဟာ သူ့သားတော်ရဲ့ခြေထောက်မှာသွေးတွေမြင်တော့ပြာသွားလေသည်။
"ဘယ်လိုဖြစ်လာတာလဲ သွေးတွေလဲမနည်းဘူး
သမားတော်!!""ရှောင်းကျန့်အဆင်ပြေပါတယ်ခမည်းတော်
သိပ်မနာပါဘူး."စစ်သူကြီးဝမ်ရဲ့ရင်ခွင်ထဲကနေရှောင်းမင်းသားပြန်နှစ်သိမ့်ပေးပေမဲ့အရှင်ကတော့ သွေးတွေကိုသာစိတ်မချမ်းသာစွာကြည့်နေလေသည်။
"စစ်သူကြီးဝမ် ရှောင်းကျန့်လေးကိုပြန်ရှာပေးတာကျေးဇူးတင်ပါတယ်.."
"မခံယူဝံ့ပါဘူးအရှင်..ဒါကျွန်တော်မျိုးလုပ်ရမဲ့အလုပ်ပါ.."
"စစ်သူကြီးရှောင်းမင်းသားကို အထဲခေါ်ခဲ့ပေးပါ"
သမားတော်စကားကြောင့်စစ်သူကြီးဝမ်ကရှောင်းမင်းသားကိုယ်လေးကိုအထဲပွေ့သွားလေသည်။ဆင်ထားတဲ့ကုတင်ပေါ်ချပေးလိုက်တော့ ရှောင်းကျန့်မျက်နှာလေးကခပ်မဲ့မဲ့။
"အရမ်းနာနေလား.အသည်းသက်လေး
နောက်တစ်ခါခမည်းတော်မင်းကိုမပျောက်စေရပါဘူး.""ဟုတ်.."
သမားတော်က စစ်သူကြီးဝမ်စည်းနှောင်ပေးထားတဲ့ပိတ်စကိုဖြုတ်ကာဒဏ်ရာကိုဆေးကြောပေးသည်။
အပေါ်ယံအရေးပြားအောက်ကအသားတွေပါလန်ထွက်သွားတာမို့ ဒဏ်ရာကကြီးတယ်ပြောရမယ်။ရှောင်းမင်းသားလေးကနာနေပေမဲ့သူနာကျင်ပြရင်သူ့ခမည်းတော်ကပိုသည်းမှာဆိုးတာကြောင့်အံ့ကြိတ်ခံသည်။"ရရဲ့လား အသည်းသက်လေး.ခမည်းတော်ကိုကိုင်ထား လာ"
ဆေးထည့်ဖို့ပြင်တော့ရှောင်းအရှင်ကတုန်ယင်ချင်နေတဲ့ရှောင်းမင်းသားလက်လေးကိုဆုပ်ကိုင်ပေးထားသည်။
အနာဆေးထည့်ပြီးတော့ရှောင်းမင်းသားကိုနန်းတော်ကိုပြန်ပို့ဖို့လုပ်ကြသည်။
စစ်သူကြီးဝမ်ကဘာမပြောညာမပြောနဲ့စွေ့ခနဲကောက်ပွေ့လိုက်တော့ ရှောင်းမင်းသားရဲ့မျက်နှာလေးကခပ်ရဲရဲ။
ရှောင်းဧကရာဇ်ကလဲမကြည်သလိုတစ်ချက်ကြည့်လာပေမဲ့ဘာမှတော့မပြော။