နယ်စပ်ရှိစစ်ပွဲသည်အရှိန်အဟုန်ပြင်းပြင်း
တောက်လောင်လျက်ရှိသောမီးပုံလိုလောင်မြိုက်လျက်ရှိသည်။
ရှောင်းပြည်နယ်ဘက်က စစ်မက်ရေးရာ၏ဘုရင်မင်းမြတ်လို့တင်စားကြသည့်စစ်သူကြီးဝမ်ရိပေါ်သည် တပ်သား၅ထောင်ကျော်ရှိလာသောတပ်ကိုဦးဆောင်လျက်ချန်ပြည်နယ်ထဲကို ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။စစ်ပွဲအတွင်းစစ်သူကြီးရေးဆွဲသွားသောဗျူဟာတွေဟာ ဟာကွက်မရှိ။စစ်ရေးကောင်းသော တပ်မှုးတွေက ထိုဗျူဟာကိုဝန်းရံအားဖြည့်သည့်အခါ ချန်ပြည်နယ်ကရှုံးပွဲအလီလီဆင်နွှဲရတော့သည်။
စစ်သူကြီးသည်နယ်စပ်ကနေ ပြည်နယ်အတွင်းပိုင်းထိထိုးဖောက်ဝင်ရောက်သည်။
တပ်ရင်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းကာပြည်နယ်တွေကို ရှောင်းဧကရာဇ်၏အာဏာရိပ်အအောက်ဝင်ရောက်စေသည်။ယခုဆိုချန်ပြည်နယ်ဘက်တွင်မူရင်း တိုင်းပြည်မြေပုံ၏တစ်ဝက်မျှသာ အာဏာစက်,သက်ရောက်တော့သည်။
သို့တိုင် ချန်မင်းကြီးကယခုထိအလံဖြူမပြသေး။အဆုံးထိတောင့်ခံထားဖို့ရည်ညွှန်းနေဟန်တူ၏။
စစ်သည်တဖြေးဖြေးနှင့်အချိန်ကြာလာသည်မှာ လဝက်တစ်ဝက်မျှတောင်ရှိလေပြီ။အဆုံးထိသိမ်းပိုက်ဖို့ပြင်ပြီးစစ်ရေးထိုးဖို့ဗျူဟာဆက်ဆွဲနေသည့်အချိန်မှာ ချန်ဘက်ကအလံဖြူထောင်လာသည်။
"ချန်ဘက်ကအလံဖြူထောင်လိုက်ပြီ စစ်သူကြီး.."
ရှေ့ပြေးတပ်လျှင်သားလာလျှောက်ခြင်းနဲ့အတူစစ်သူကြီးဝမ်ရဲ့နှုတ်ခမ်းတွေဟာမျဥ်းဖြောင့်တစ်ကြောင်းနှယ်ဖြောင့်တန်းသွားသည်။
စစ်ပွဲ၏သဘောမှာတစ်ဖက်ကအလံဖြူထောင်ပြလျှင်ဆက်မတိုက်ရသော သဘောရှိသည်။တစ်နည်းအားဖြင့်အရှုံးပေးလိုက်ခြင်းကြောင့် တစ်ဖက်ကအလိုလိုအနိုင်ရလာခြင်းဖြစ်သည်။စစ်သူကြီးဝမ်သည် အလံဖြူပြ၍စစ်ပွဲရပ်ရခြင်းကိုမနှစ်မြို့။အဆုံးအဖြတ်ရှိစွာနဲ့တစ်ဖက်ကိုနိုင်တာပေါ်လွင်အောင်တိုက်ချင်သူပင်။သို့ပေသိ အလံဖြူထောင်ထားသည့်တစ်ဖက်ကိုဆက်ပြီးတော့တိုက်ခိုက်ခြင်းတော့မပြုပါ။