Intro

13.4K 509 18
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"စစ်သူကြီး ဝမ် စစ်နိုင်ပြီးပြန်လာပြီ​ဟေ့!!!!!....."

ဘယ်ဆီဘယ်ဝယ်ကမှန်းမသိတဲ့​စော်​အော်သံ​နောက်မှာ အိမ်ကျိုအိမ်ကြားက​​နေလူ​တွေ​ပျော်​ပျော်ရွှင်ရွှင်ထွက်လာကြသည်။
သူတို့ကလမ်းကိုပဲချန်ထားပြီး သူတို့စစ်သူကြီးကိုကြိုဆိုကြသည်။

စစ်ပြန်လာတဲ့စစ်တန်းကြီးရဲ့ရှေ့ဆုံးမှာ ရဲမက်​​တွေကနိုင်ငံ​တော်အလံကိုအသီးသီးကိုင်ထားကြသည်။
သူတို့​ရဲ့​နောက်မှာ​တော့ စစ်သူကြီးဝမ်ဟာ တစ်ခြမ်း​စောင်းပြုံးကာ မြင်းဖြူကြီးစီးလို့ ပြည်သူ​တွေရဲ့လက်ခုပ်ဩဘာသံကိုခံယူ​နေသည်။

ဒီစစ်ပွဲမှာသာအနိုင်ထပ်ရခဲ့ရင် အရှင်မင်းကြီးကသူ့ကို အကြီးမားဆုံးနဲ့တန်ဖိုးအရှိဆုံးဆုချီးမြှင့်မယ်ဆိုပြီးကတိကဝတ်ပြုထားတာ​​ကြောင့် စစ်သူကြီးဝမ်ရဲ့မျက်နှာ​​ဘေးကပိုမို​ပျော်လွင့်​နေသည်။

စစ်တန်းကြီးကနန်း​တော်ထဲဝင်သွား​တော့ နန်း​တော်ထဲကအမတ်မင်းအ​ပေါင်းနဲ့အရှင်မင်းကြီးကနန်းရင်းပြင်မှာရပ်လို့သူ့ကိုခရီးဦးကြိုပြုသည်။

သူမြင်း​ပေါ်ကဆင်းလိုက်ပြီး အရှင့်​​ရှေ့သွားတာ ဒူးတစ်ဖက်​ထောက်လို့ထိုင်ချလိုက်သည်။

"ကျွန်​တော်မျိုးဝမ်ရိ​ပေါ် အရှင့်ကိုဂါဝရပြုပါတယ်..."

"ရှူံးပွဲမရှိပဲပြန်လာပြန်ပြီပဲ စစ်သူကြီးဝမ် ကိုယ်​တော်သိပ်​ကို​ကျေနပ်​တော်မှုပါတယ်.."

"မခံယူဝံ့ပါဘူး အရှင့်.."

အရှင်မင်းကြီကခပ်လွင်လွင်ပြုံးလိုက်ရင်း သူ့​ဘေးနားက​အပျို​တော်ကိုင်ထား​ပေးတဲ့​ငွေလင်ဗန်း​ပေါ်က​ပေလိပ်ကို​ကောက်ကိုင်သည်။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now