~တစ်နှစ်ခွဲခန့်ကြာပြီးနောက် ~
နေကောင်းမွန်စွာသာနေသည့်နေ့လယ်ခင်းအချိန်ဖြစ်သည်။ မိုးမခပင်နှစ်ပင်ရှိသည့်စစ်သူကြီးဝမ်ရဲ့ အိမ်တော်ဟာ အရိပ်အာဝါသကောင်းပြီး နွေရာသီမှာ အေးမြမှုကိုပေးစွမ်းနိုင်သည်။
ဒီနေ့အိမ်တော်တစ်ဆောင်လုံးနေ့လယ်ခင်းရောက်တာတောင် တိတ်ဆိတ်နေသည်။ အကြောင်းကား အိမ်တော်သခင်နှစ်ပါးအိပ်ရာမထလာသေး၍ဖြစ်သည်။
အိပ်ဆောင်ထဲမှာတော့ စစ်သူကြီးဝမ်ရဲ့ရင်ဘက်တွင်းမှာ ဝတ်လစ်စားလစ်နှင့်အိပ်ပျော်နေသည့် နုနုနယ်နယ်ကောင်လေးတစ်ယောက်ရှိသည် ။ မင်ရည်လိုဖြာကျနေသည့်ဆံနွယ်ရှည်တွေဟာ ဖွေးဥနေသည့်အသားအရည်လေးပေါ်ဝယ် ဖုံးလွှမ်းနေသည်။ ရဲနေသည့်ဒူးခေါင်းလေးတွေ၊တံတောင်ဆစ်လေးတွေနှင့် အညိုပုတ်ရောင်သန်းနေသည့်သွားကိုက်ရာတစ်ချို့သည်လည်းကောင်လေးရဲ့ ခန္တကိုယ်အနှံ့မှာတံဆိပ်တွေသဖွယ် လှပစွာနေရာယူထားသည်။"ဟင်းးး"
အသက်ကိုဖြေးဖြေးရှုရင်း စစ်သူကြီးဝမ်ကအရင်နိုးလာသည်။ မျက်လုံးဖွင့်ဖွင့်ချင်းပင် သူ့ရင်ခွင်ထဲအပ်နေသည့်ကောင်လေးကိုငုံ့ကြည့်လိုက်ပြီး ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်သည် ။ နွေရာသီမှာ ခန္တာကိုယ်ချင်းဖက်အိပ်ထားတာကြောင့် ချွေးလေးတွေစို့နေသည့်ဂုတ်ပိုးလေးတွေကိုလေဝင်အောင် ဆံပင်တွေဖယ်ပေးလိုက်သည်။ တစ်ကိုယ်လုံးချွေးလေးတွေစီးနေသည့်ကောင်လေးကတော့ နေမြင့်နေတာတောင်မနှိုးလာသေး။
ဘယ်နှိုးမတုန်း ။သူညကအချစ်ကြမ်းထားတာ မနက်မိုးလင်းခါနီးအထိလေ။ ကလေးကအားပျက်ပြီးအိပ်နေပြီပေါ့။ကောင်လေးရဲ့ဖြူနုနေသည့်အသားအရည်လေးပေါ်မှာ သူ့ကိုက်ရာတွေကိုထင်ဟပ်နေတာကိုကြည့်ပြီး အူယားစွာနဲ့ ပါးပြင်နုနုလေးကိုငုံ့နမ်းလိုက်သည်။ အူယားမှုကထိုမျှနဲ့တင်မလုံလောက်သေးတာမလို့ ရဲစိုနေသည့်နှုတ်ခမ်းလေးကိုပါငုံ့နမ်းလိုက်သည်။