"မတွေ့တာကြာပြီနော် လူကြီး.."
".........."
ဝမ်ရိပေါ်ကတော့ သူ့ရင်ခွင်နဲ့ထိလုမတတ်ကပ်လာရင်း မော့ကြည့်ကာနှုတ်ဆတ်လာတဲ့ရှောင်းမင်းသားလေးကြောင့် ဆွံ့အသွားရလေသည်။
အတန်ကြာမှသူသတိဝင်လာပြီးပြန်နှုတ်ဆတ်လိုက်သည်။
"ရှောင်းမင်းသားနဲ့မတွေ့တာကြာပြီ..နေ နေကောင်းရဲ့လား."
"ဟုတ်.လူကြီးရော?"
"ကိုယ်လဲကောင်းပါတယ်..."
"ဟုတ်.."
ရှောင်းမင်းသားကဘာမှထပ်မပြောပဲသူ့ကိုသာစူးစူးစိုက်စိုက်ကြည့်ရင်း မျက်လွှာချလို့တစ်ချက်ပြုံးသည်။ရိပေါ်ကတော့ထိအပြုံးကိုမြင်ပြီး ရင်ထဲဘုရားပွဲလှည့်နေချေပြီ။
"ခမည်းတော်စောင့်နေတော့မယ်ထင်တယ်."
"အာ အင်း ဟုတ်တာပေါ့...သွားကြရအောင်လေ."
ပြောပြောဆိုဆိုမြင်းဖြူဆီသွားဖို့ခြေလှမ်းပြင်တဲ့ရိပေါ်ကိုရှောင်းမင်းသားလေးက အင်္ကျီလက်စကိုဆွဲထားခဲ့သည်။
"ဘာဖြစ့်လို့လဲ.??"
"ရှောင်းကျန့် ဝေါယဥ်ကို ထပ်မစီးချင်တော့ဘူး."
ကျယ်ဝန်းလှတဲ့ရင်အုပ်ကြားထဲရောက်ချင်တဲ့ဆန္ဒလေးတစ်ခုနဲ့ရှောင်းကျန့် ပရိယာယ်သေးသေးလေးသုံးလိုက်မိသည်။ပြီးတော့သူ့ဘာသာမလုံလဲစွာပါးပြင်နုနုမှာပန်းသွေးရောင်လေးပြေးလာပြန်သည်။
"အာ..."
ဝမ်ရိပေါ်ကအကြံအိုက်သွားရင်း သူ့မြင်းကိုလှမ်းကြည့်သည်။
ရှောင်းမင်းသားက သူ့ကိုဝေါယဥ်စီးပြီး မြင်းငှားစေချင်နေတာထင်ပါရဲ့။ခက်တာကသူဝေါယဥ်မစီးချင်ဘူး။ရှောင်းမင်းသားလေးကမျက်နှာငယ်လေးနဲ့ပြောနေတော့ သူမလိုက်လျောပဲလဲမနေချင် ။ရပါတယ် အခုမှခရီးဝေးကပြန်လာတဲ့ကလေးကို အလိုလိုက်ကြတာပေါ့။ဝမ်ရိပေါ်ဟာခေါင်းငြိမ့်ပြလိုက်သည်။
"ရပါတယ် ရှောင်းမင်းသားမြင်းဖြူကြီးစီးချင်လဲစီးပါ ကျွန်တော်မျိုး ဝေါယဥ်ထဲကပဲလိုက်လိုက်ပါ့မယ်.."