ချန်နန်းတော်ကနေထွက်ခဲ့တဲ့နောက်မှာ မြို့နယ်အထွက်မှာရှိသည့်ဂိတ်တွေကိုအဆင်ပြေပြေဖြတ်ကျော်နိုင်ခဲ့သည်။
သူတို့မြင်းတွေကမြန်တာပဲလား။ချန်နန်းတော်ကပဲသူတို့က်ိုဖမ်းခွင့်မထုတ်တာလားတော့မသိ။
"ရှောင်းငယ်နားချင်လား.."
သူ့ကိုကရုတစိုက်မေးလာတဲ့လူကြီးကိုသူခေါင်းခါပြလိုက်သည်။နားနေလို့အခြေအနေကပြောင်းလဲသွားရင်တစ်ဒုက္ခမလား။
"မနားတော့ဘူးလူကြီး၊ဆက်သွားမယ်"
"ကောင်းပြီ.."
လူကြီးကလဲအခြေအနေကြောင့်သူ့ကိုထပ်မပြော။
သူတို့မြင်းကနောက်တစ်ဂိတ်ကိုဖြတ်ဖို့နီးကပ်လာလေပြီ။ထိုဂိတ်ကိုအဝေးကလှမ်းကြည့်ရင်း ရဲမက်တွေစုရုံးစုရုံးဖြစ်နေတာကို စစ်သူကြီးဝမ်ကလှမ်းမြင်သည်။
ဘာလဲ.။သူတို့ကိုဖမ်းခွင့်ထုတ်လိုက်လို့များလား?။
"စစ်သူကြီး အရှေ့ကစစ်ဆေးရေးဂိတ်ပုံစံကတစ်မျိုးပဲ.."
သူတို့မြင်းကိုကိုယ်ရှိန်သတ်လိုက်တုန်း သူ့မြင်းဘေးရောက်လာသည့်တပ်မှူးယွီပင်းကဆိုသည်။
ကုန်သည်တွေ။သာမာန်ပြည်သူတွေကိုတော့ဖြင့်လွယ်လင့်တကူဖြတ်သန်းသွားခွင့်ပေးပြီး
ဝတ်ရုံအကောင်းစားနဲ့၊မြင်းကောင်းကောင်းစီးထားတဲ့သူဌေးတွေကိုတော့ဖြင့် စစ်ဆေးနေသည်မှာ ဖင်တစ်ပြန်ခေါင်းတစ်ပြန်ပင်။"ကျွန်တော့်တို့ကိုများရှာလေသလားမသိဘူး
စစ်သူကြီးဘယ်လိုလုပ်ချင်တုန်း.."ရှေ့ကဂိတ်ကိုစူးစိုက်ကြည့်ရင်းစစ်သူကြီးဝမ်ရဲ့အညိုရောင်မျက်ဝန်းတွေကတစ်ဖျက်ဖျက်လက်နေသည်။
စစ်ဆေးရေးဂိတ်လေးတစ်ခုကို ရုပ်ဖျက်ပြီးဝင်ရင်လဲသူ့ရဲ့စစ်သူကြီးသိက္ခာကရှိသေးသည်။တစ်ဖက်မှာလဲသူအထိအခိုက်မခံန်ိုင်သည့်ရှောင်းမင်းသားလေးကရှိသေးသည်။
(A/N..ဒီသိက္ခာဆိုတဲ့အရာကလေ..စောင်းကြည့်ရသလောက် ကြီးမြတ်တဲ့လူတွေ၊ရာထူးရာခံကြီးတဲ့လူတွေမှာတော်တော်သုံးကြတယ်။အဲ့လိုပြောလို့ တခြားလူတွေမှာမရှိဘူးမပြောဘူးနော်။
သိက္ခာဆိုတာကိုထည့်တွေး၊ထည့်တွက်လွန်းတာကိုပြောချင်တာ။
ဖတ်ဖူးရသလောက် မြန်မာရဲ့အိမ်ရှေ့ကိုယ်တော်ကြီးတုန်းကလဲ.မြင်းကွင်းနဲ့မြင်းခုန်တိုင်မင်းသားနှစ်ပါးလုပ်ကြံမယ်ဆိုတာကိုကြားရက်နဲ့.သိက္ခာကြောင့်မပြေးတာတဲ့။
ရှောင်လို့ရရက်နဲ့ အဲ့နေ့ကိုမရှောင်တာလို့ကြားတယ်။
ဟိုမင်းသားနှစ်ကောင်က စသလိုနောက်သလိုပြေးလာတာကတော့ သူတို့ပရိယာယ်ပေါ့လေ။
ဟိီးးး.စကားများကြည့်တာ😁)