စစ်သူကြီးဝမ်ရဲ့လက်ဆက်ဖို့သတင်းကရှောင်းမင်းသားကမငြင်းတာကြောင့်အတည်ဖြစ်သွားသည်။ဒါဟာစစ်သူကြီးဝမ်တို့တပ်ထဲမှာပြောစရာသတင်းဖြစ်နေလေသည်။
စစ်သူကြီးဝမ်ဟာ စစ်ရေးပြကွင်းထဲမှာသူ့တပည့်တွေကိုဓါးရေးယှဥ်တာ ကြီးကြပ်ပေးနေလေသည်။
စစ်သူကြီးရဲ့ဘေးမှာတော့ တပ်မှုးတွေဝိုင်းအုံနေသည်။"စစ်သူကြီးကျွန်တော်တို့ကိုတစ်ဝိုင်းတိုက်ရမှာနော်.."
"စစ်သူကြီး ကျွန်တော်တို့ကို ကျွေးမွေးရမှာနော်.."
"အေးပါကွာ.."
"စစ်သူကြီးမနေ့ကရှောင်းမင်းသားလေးကို ဖက်ထားတာဆို."
ပြောကြဆိုကြရင်း တပ်မှူးတစ်ယောက်ရဲ့စကားကြောင့်စစ်သူကြီးဝမ်ပြာသွားရသည်။
"မဟုတ်ပါဘူးကွာ..ဘယ်ကဖက်ရမှာလဲ "
"အယ် ခါးကိုကိုင်ထားပြီး ရှောင်းမင်းသားတစ်ကိုယ်လုံးစစ်သူကြီးဝမ်ရင်ခွင်ထဲရောက်နေတာကမဖက်တာလား?"
စစ်သူကြီးဝမ်ကမျက်လုံးကြီးပြူးပြီးကပျာကယာတားဆီးလာသည်။
"ဘယ်ကကွာ မဖက်ရပါဘူး ငါကဒီအတိုင်းထိန်းပေးရုံပါ.."
"အယ် အယ်ဟုတ်ရဲ့လား.."
ဝိုင်းစကြရင်း ခန္တာကိူယ်တောင့်တဲ့တပ်မှူးတစ်ယောက်က ခပ်ပိန်ပိန်ရဲမက်ကိုတွဲကာ။
"မတွေ့ရတာကြာလို့လွမ်းနေတာရှောင်းမင်းသားလေးရယ်.."
"အိုစစ်သူကြီးဝမ်က သိပ်ပိုတာပဲ.."
ရဲမက်ကမူပိုစွာမျက်စောင်းပါထိုးတော့ တပ်မှုးတွေတဝါးဝါးပွဲကျကုန်ကြသည်။
စစ်သူကြီးဝမ်မျက်နှာကတော့နီသထက်နီလာတာပေါက်ထွက်မတတ်ပင်။
ငယ်ငယ်ထဲကတူတူလေ့ကျင့်ရင်းကြီးပြင်းလာကြတော့ စစ်ရေးစစ်ရာဆုံးဖြတ်ချတွေချသည့်အချိန်မှလွဲ၍ လေ့ကျင့်ရေးလုပ်သောအချိန်တွင် ထိုသူတွေကစစ်သူကြီးဝမ်ရဲ့သူငယ်ချင်းတွေပင်ဖြစ်ကြသည်။"မင်းတို့တော်တော့ကွာ..."
"စတာပါဗျာ. စစ်သူကြီးဝမ်နဲ့ရှောင်းမင်းသားရဲ့အခြေအနေကကော ဘယ်လိုလဲ.."