ချန်အိမ်ရှေ့စံဟာ သူ့ရှေ့ကရှောင်းကျန့်ရဲ့ပုံတူပန်းချီကိုကြည့်ပြီးငြိမ်သက်နေဆဲ။
ထိုအချိန်မှာ သူ့နောက်ကိုဝတ်ရုံအနက်နဲ့လူတစ်ယောက်ကခပ်သုတ်သုတ်ရောက်လာ၏။
"အရှင့်သားကိုဂါဝရပြုပါတယ်.."
"ကိစ္စပြီးပြတ်ခဲ့သလား?"
ချန်အိမ်ရှေ့စံဟာခပ်ပြတ်ပြတ်မေးသည်။
"ပြတ်ခဲ့ပါတယ်..."
ဝတ်ရုံအနက်နဲ့လူဟာ သူ့အတွင်းအိတ်ထဲကရွှေအိုရောင်အိတ်ကလေးကိုဆွဲထုတ်ကာ ချန်အိမ်ရှေ့စံကိုကမ်းပေးလာ၏။
"ရှောင်းမင်းသားရဲ့ဆံချည်အနည်းငယ်ပါ.."
ချန်အိမ်ရှေ့စံဟာ သူ့လက်ထဲရောက်လာသည့်အဝတ်အိတ်ကိုသေချာကြည့်ရင်း
"သူ့နန်းဆောင်မှာစစ်သူကြီးဝမ်လဲရှိနေတယ်နော်.ဆံချည််တွေမှားယွင်းသွားရင် အစီအရင်တွေပျက်ကုန်မယ်.."
"မမှားပါဘူးအရှင့်သား...ရှောင်းမင်းသားကိုခေါင်းဖြီးပေးခဲ့တဲ့အပျိုတော်ကသေချာယူလာပေးတာပါ.."
"အင်း.."
ချန်အိမ်ရှေ့စံဟာ.ဘာမှမပြောတော့ပဲသူ့လူကိုလက်ပြကာသွားလို့ရကြောင်းပြသည်။
ဝတ်ရုံနက်နဲ့လူကသူ့ရှေ့ကထွက်သွားပြီးမကြာဘူးချန်အိမ်ရှေ့စံဟာသူ့နန်းဆောင်ထဲဝင်သွားလေသည်။
သူကစက်ရာဆောင်အတွင်းကိုဝင်သွားလိုက်ပြီး လက်ထဲကအိတ်လေးကိုတော့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား၏။သူ့စက်တော်ခေါ်ရာကုတင်ရဲ့ဘေးမှာ.အင်းစာရွက်တွေနဲ့အစီအရင်တစ်ခုကိုရေးဆွဲထားပါသည်။
တစ်ချို့သောအင်းကွက်တွေကိုရွှေချထားပြီး
တစ်ချို့ကိုတော့အနီရောင်ဆေးမှုန့်တွေပက်ဖြန်းထားသည်။ချန်အိမ်ရှေ့စံဟာ ခုံမှာဝင်ထိုင်လိုက်ပြီး
လူ့ပုံသဏ္ဌာန်ရှိသည့်အဝတ်နဲ့ပြုလုပ်ထားသည့်အရုပ်တစ်ခုကိုကောက်ကိုင်လိုက်သည်။ထိုအရုပ်ရဲ့နှုတ်ခမ်းထောင့်တစ်နေရာမှာတော့မှင်နက်နဲ့ရေးဆွဲထားသည့်မှည့်နဲ့အလား
သဏ္ဌာန်တူသည့်အစက်လေးရှိ၏။
ထိုအရုပ်ရဲ့ကျောဘက်မှာလည်း"ရှောင်းကျန့်"ဟူသည့်နာမည်ကိုမှင်နက်နဲ့ရေးဆွဲထားသေး၏။
ဟုတ်သည်။ထိုအရုပ်လေးသည်ရှောင်းမင်းသားရဲ့ပုံတူကိုယ်ပွားရုပ်လေးဖြစ်၏။