မနက် ၅နာရီထိုးတာနဲ့အကျင့်ဖြစ်နေတဲ့စစ်သူကြီးဝမ်ရဲ့မျက်လုံးတွေကပွင့်လာသည်။
လက်မြှောက်ပြီးဆန့်ဖို့လုပ်လိုက်တော့လေးလံနေတဲ့လက်တစ်ဖက်ကြောင့်ကြည့်လိုက်မိသည်။ရှောင်းမင်းသားလေးသည်သူ့ပါးလေးတင်ကာသူ့လက်မောင်းပေါ်မှာအိပ်နေလေသည်။
မနက်ခင်းမှာ ငွေမှုန်လေးတွေစားပြီးကြီးလာသလိုလှလွန်းတဲ့ရှောင်းမင်းသားလေးကိုမြင်ရတော့သူငေးမကြည့်ပဲမနေနိုင်တော့။
သူ့လက်မောင်းတစ်ဖက်ကျဥ်နေသည်မို့ရှောင်းမင်းသားလေးရဲ့ခေါင်းလေးကိုခေါင်းအုံးပေါ်အသာအယာချပေးလိုက်သည်။ထို့နောက်ထမလို့ဟာကိုမထိနိုင်ဘဲအိပ်ရာပေါ်မေးထောက်ကာ သဘာဝရဲ့အလှတရားလေးကိုခံစားနေလိုက်သည်။
ဆင်းနေတဲ့နှာတံ။ခေါက်ယပ်တောင်လေးဖြန့်ချထားသလို မဲမဲလေးနဲ့ရှည်လျားတဲ့မျက်တောင်လေးတွေ။ပန်းသွေးရောင်ပြေးနေတဲ့ပါးပြင်နုနုလေးတွေဟာ သွေးကြောလေးတွေကိုတောင်မြင်
နေရသည်။ဖူးရွနှုတ်ခမ်းလေးကလဲ သိပ်ကိုလှလွန်းသည်။ရှောင်းမင်းသားလေးရဲ့မျက်နှာလေးကိုငေးရင်းကနေရေငတ်သလိုလို ရင်တုန်သလိုလိုဖြစ်လာတာကြောင့် သူထလိုက်ပြီးကိုယ်လက်သန့်စင်လိုက်သည်။
ထို့နောက်စောနေသေးတာကြောင့်ရှောင်းမင်းသားလေးကိုမနိုးပဲထွက်လာပြီး ရှောင်းမင်းသားလေးစားဖို့မနက်စာပြင်ခိုင်းရန် တည်းခိုဆောင်အောက်ဆင်းလာခဲ့သည်။
မနက်ခင်းဝေလီဝေလင်းပေမဲ့စီးပွားရေးလုပ်နေတဲ့သူတွေမလို့ တည်းခိုဆောင်ကသူဌေးကနှိုးနှင့်နေပြီ။
"သူဌေး ကျုပ်တို့အတွက်မနက်စာက ဘာဟင်းတွေရနိုင်မလဲ.."
သူဌေးကစစ်သူကြီးဝမ်ကို တစ်ချက်ကြည့်ပြီးဒိီနေ့သူတို့ချက်ဖို့ပြင်ဆင်ထားတဲ့ဟင်းလျာများကိုပြောပြလာသည်။
"ဝက်သားနီချက်ရယ်၊ဝက်သားမစားတဲ့သူအတွက် ကြက်သားဟင်းရယ်။မုန်လာဟင်းရည်ရယ် ကြာစွယ်ကြော်ရယ်၊ ပဲသီးကြော်ရယ်."