စစ်သူကြီးဝမ်ရဲ့အိမ်တော်မနက်ခင်းဟာတိတ်ဆိတ်နေသည်။ အိမ်အကူကောင်မလေးတွေကိုလည်း အိမ်တော်ထိန်းကြီးကငြိမ်ငြိမ်သက်သက်နေဖို့သတိပေးထားသည်။
အကြောင်းကားအိမ်ရှင်သခင်နှစ်ယောက် စိတ်ဆိုးနေကြခြင်းကြောင့်ဖြစ်၏။စစ်သူကြီးဝမ်ရဲ့မျက်နှာကဆူပုတ်နေပြီးသူကရှောင်းမင်းသားလေးသွားရာတကောက်ကောက်လိုက်နေသည်။ မနေ့ညနေကတည်းကစိတ်ဆိုးသည်ဆိုကာ ရှောင်းမင်းသားလေးကသူ့အားအခုထိစကားမပြော။ စကားသာမပြောတာနော် မနက်ခင်းကိစ္စတွေရော၊ မနက်စာစားတာတွေရောကို သူ့ခင်ပွန်းကိုလုပ်ပေးသည်။ ခက်တာကစကားတစ်ခွန်းမှမပြောတာ။
အခုလည်းစစ်သူကြီးဝမ်ကအလုပ်ရှိသေးလို့နန်းတော်ထွက်သွားသည်။ မသွားခင်သူ့မှာ လှည့်ကြည့်လှည့်ကြည့်နှင့်သံယောဇဥ်မပျက်စွာပြုမှုသွားသေးသည်။ အိမ်တော်ထိန်းကြီးနဲ့ ရှောင်းမင်းသားလေးရဲ့နန်းတော်ကပါလာသည့်အထိန်းတော်ကြီးကိုလည်း ကူချော့ပေးဖို့တောင်းဆိုသွားခဲ့သေးသည်။
အထိန်းတော်ကြီးကရှောင်းမင်းသားလေးကြိုက်သည့် သစ်တော်သီးစိတ်ဗန်းလေးကိုသယ်ကာ ကူချော့ဖို့ပြင်သည်။"အရှင့်သားအတွက် စစ်သူကြီးကသစ်တော်သီးလေး စားပါတဲ့, အတော်ချိုပါတယ်အရှင့်သား"
"အွန်း......အခုကဘယ်ရောက်သွားတာလဲ"
သစ်သီးစိတ်လေးယူစားရင်းမေးတော့အထိန်းတော်ကြီးကပြုံးသည်။
"အခုကတပ်သားတွေကွပ်ကဲဖို့ရှိတယ်ဆိုပြီးသွားပါတယ်အရှင့်သား..စစ်သူကြီးကအရှင်သားစိတ်ဆိုးနေလို့ သွားရတာတောင်စိတ်မဖြောင့်ရှာဘူး..."
"ဟွန့်.."
"စစ်သူကြီးဝမ်ကိုစိတ်ဆိုးပြေလိုက်ပါတော့လားအရှင့်သားရယ် သူ့မှာမချော့တတ် ချော့တတ်နဲ့နောက်ကတကောက်ကောက်လိုက်ချော့နေရတာ အရှင့်သားတော့မသိဘူး ကျွန်တော်မျိုးတို့မြင်ရတဲ့သူတောင်စိတ်ကောက်ပြေတယ်.."
"အော်ဟော် အထိန်းတော်ကြီးကမနေ့ညကမှအိမ်တော်ရောက်ပေလို့ပဲ ..စစ်သူကြီးဘက်ပါနေလိုက်တာ သူ့နားမှာပဲသွားခစားချေသွား"