နေရောင်ဖြဖြဟာအခန်းထဲထိုးဝင်လာကာ ကုတင်ပေါ်ကဖက်အိပ်နေကြသည့်လူသားနှစ်ယောက်ပေါ်ဖြာကျသည်။နေရောင်ခြည်ကိုခံစားရလို့ ထင်။ စစ်သူကြီးဝမ်ရဲ့ရင်ခွင်ထဲရောက်နေသည့်ရှောင်းမင်းသားလေးက လွန့်လူးလာသည်။
တွန့်ချိုးနေတဲ့မျက်ခုံးတွေနဲ့အတူ နိုးနိုးခြင်းသတိထားလိုက်မိသည့်နာကျင်မှုတွေ။
ရှောင်းကျန့်မျက်လုံးလေးဖွင့်ဖို့တောင်အားယူပြီးမှ မျက်တောင်ခတ်ဖွဖွခတ်လိုက်သည်။
နေရောင်တွေဖြာကျနေပုံထောက်ရင် မိုးအတော်လင်းနေပြီထင်သည် ။
သူ့ကိုဖက်အိပ်နေသည့် လူကြီးကိုသူမော့ကြည့်ရင်း နှိုးဖို့ပြင်လိုက်သည်။ဘာအဝတ်မှမပါသည့်လူကြီးရင်ဘက်ကြီးကိုကြည့်ပြီးရှောင်းကျန့်မျက်နှာလေးရဲသွားရင်း မနေ့ညကပုံရိပ်ယောင်တွေကိုပြန်မြင်တော့ တစ်ကိုယ်လုံးရဲတွက်သွားအောင်ရှက်သွားမိသည်။ အကြိမ်ကြိမ် သူ့ကိုယ်ထဲပြီးသွားတဲ့လူကြီးရဲ့မျိုးမြတ်ရည်တွေနဲ့ အကြိမ်ကြိမ်သူ့ခါးကိုဆွဲကိုင်လို့ တိုးဝင်လာတဲ့ပုံရိပ်တွေ။ လူကြီးကိုနှိုးဖို့ပြင်တော့မှာပေမဲ့ သူမနှိုးနိုင်ပဲတစ်ယောက်ထဲရှက်နေတုန်း လူကြီးရဲ့မျက်ခုံးလေးတွေက တွန့်လာသည်။
"လူ...အ.ကြီး.."
ခေါ်တဲ့အသံဟာမချောမွေ့စွာ ရှောင်းကျန့်လည်ချောင်းထဲကအံကျလာသည်။
အော်ညီးထားရလွန်းတာကြောင့် နာနေတဲ့လည်ချောင်းတွေအထိ သူ့လူကြီးအချစ်ကြမ်းမှုဟာ တော်ရုံတန်ရုံမဟုတ်။အသံမထွက်နိုင်လို့ သူဆက်မပြောတော့ပဲ လူကြီးရင်ဘက်ပေါ်ကိုရောက်အောင်နဲနဲတိုးလိုက်သည်။ တဆစ်ဆစ်နာကျင်လာတဲ့ခါးကြောင့် သူ့မျက်တောင်လေးတွေတောင်လွန့်လူးသွားသည်ထင်၏။လူကြီးရဲ့မျက်လုံးတွေကပွင့်လာသည်။
မျက်တောင်တစ်ချက်နှစ်ချက်ခတ်ပြီး သူ့ကိုကြည့်လာသည့်မျက်ဆံနက်တွေနဲ့ သူ့ခင်ပွန်းရဲ့အကြည့်တွေကြောင့်ရှောင်းကျန့် မျက်နှာလေးထက်မှာအပြုံးပန်းလေးဆင်မိသည်။
သူ့ခင်ပွန်းနိုးနိုးချင်း မြင်ရတဲ့သူ့မျက်နှာမှာအပြုံးပန်းလေးနဲ့ဖြစ်ချင်သည်။