အပိုင်း ၂

2.1K 134 0
                                    

မားရဲ့မီးငယ်လေး
- အပိုင်း - ၂
- GL Story
-စာရေးသူ ချယ်

သုံးလခန့်ကြာပြီးနောက်
မမဥမ္မာမရှိတော့တဲ့နောက် ကလေးကို ဧကရီက မိဘအမည်ခံကာ မွေးစားဖို့အတွက် မေမေနဲ့တိုင်ပင်ခဲ့သည်။ မေမေလည်း မမဥမ္မာကို သမီးကြီးတစ်ယောက်လိုချစ်ခဲ့တာဖြစ်တဲ့အတွက် မမသမီးကလဲ မေမေအတွက်​ မြေးအရင်းလေးလိုပါဘဲဟုဆိုကာ မွေးစားဖို့ကို ကြည်ကြည်ဖြူဖြူလက်ခံပေးခဲ့သည်။ မေမေနဲ့ဧကရီအတူနေသည့် ဗိုလ်တစ်ထောင် ဗိုလ်ကလေးဈေးကွန်ဒိုတွင် ကလေးနဲ့အတူနေလာခဲ့တာ သုံးလလောက်ကြာခဲ့ပြီးဆိုပေမယ့် ကလေးက ခုချိန်ထိစကားမပြောနိုင်သေး။ ဆေးရုံက ဒေါက်တာညွှန်ပေးတဲ့ စိတ်ရောဂါအထူးကုနဲ့ဆွေးနွေးကုသမှုခံယူတာ သုံးလလောက်ရှိပေမယ့် တိုးတတ်မှုမရှိလာသေး။ ကလေးငယ်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေရဲ့ အကျိုးဆက်ကြောင့် တီတီတာတာပြောပြီး ပျော်ပျော်ပါးပါးပြေးလွှားဆော့ကစားတဲ့အရွယ်ကလေးတစ်ယောက်က တိတ်ဆိတ်သွားပြီး အမြဲတမ်းညှိုးငယ်နေတဲ့မျက်နှာနဲ့ အားငယ်ဝမ်းနည်းနေတဲ့ကလေးတစ်ယောက်လိုမျိုး ပြောင်းလဲသွားတယ်။ ဖော်ဖော်ရွေရွေနေတတ်ပြီး အရာရာကိုစူစမ်းလိုစိတ်ရှိတဲ့ကလေးငယ်က အမှောင်ကြောက်တတ်လာတယ် လူစိမ်းတွေကိုကြောက်တတ်လာတယ် ဆူဆူညံ့ညံ့အသံတွေကိုကြောက်တတ်လာတယ် အနားမှာဘယ်သူမှမရှိတော့မှာကို ကြောက်တတ်လာခဲ့တယ်။
           " သမီး မြေးလေးအခြေအနေဘယ်လိုရှိလဲ  "
            " တိုးတတ်မှုမရှိဘူးမေမေ၊ ဒေါက်တာက သုံးလလောက် သေချာဆွေးနွေးကုသမှုခံယူလိုက်ရင် အဆင်ပြေလာမှာပါလို့ပြောခဲ့ပေမယ့် ဒေါက်တာကိုယ်တိုင်လဲ ကလေးရဲ့အခြေအနေကို သိပ်ပြီးအားမရဘူးထင်တယ် "
        " မြေးလေးက သနားဖို့ကောင်းပါတယ်ကွယ် မေမေတို့လဲ အကောင်းဆုံးတွေဘဲဖြည့်ဆည်းပေးပေမယ့် မြေးလေးကိုကြည့်ရတာ မပျော်ဘူးထင်တယ် အမြဲတမ်းကြောက်လန့်နေပုံဘဲ "
        " ဟုတ်တယ်မေမေ သမီး ကလေးကို ကောင်းကောင်းစောင့်ရှောက်ကာကွယ်နိုင်ပါ့မလားမေမေ "
        " မေမေ့သမီးက ထူးချွန်ထက်မြတ်ပြီး မေတ္တာတရားကြီးမားတဲ့သူပါ သမီးရဲ့အရိပ်အောက်မှာ မြေးလေးက ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာမှာပါသမီး မေမေယုံကြည်တယ် ပြီးတော့ သမီးနားမှာလဲ မေမေရှိနေတာဘဲလေ မေမေ့သမီးလုပ်နိုင်မှာပါ "
       " ကျေးဇူးပါမေမေ ဒါနဲ့သမီး မနက်ဖြန်ဒေါက်တာနဲ့ချိန်းထားတယ် ကလေးနဲ့ပတ်သတ်ပြီး ကုသမှုနည်းလမ်းပြောင်းချင်လို့တဲ့ သမီးနဲ့သီသန့်ဆွေးနွေးမှာဆိုတော့ ကလေးကို မေမေကြည့်ပေးပါဦး "
        " ရပါတယ်သမီး မေမေမြေးလေးအနားမှာ နေပေးပါမယ် သမီးစိတ်ဖြောင့်ဖြောင့်နဲ့သာ ဒေါက်တာနဲ့သွားတွေ့ပါ "
       " အဲတာဆိုမေမေနားတော့လေ သမီးလဲအပေါ်တတ်တော့မယ် Goodnightမေမေ အိပ်မတ်လှလှမတ်ပါစေ " မေမေ့ကို နှုတ်ဆတ်ပြီး ဧကရီအပေါ်တတ်လာခဲ့သည်။ အခန်းတံခါးလေးကို ဖြည်းဖြည်းဖွင့်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ကလေးနားတိုးကပ်သွားပြီး နဖူးလေးကိုနမ်းရှိုက်ကာ
           " မီးငယ်လေး မားလေ မီးငယ်ပါစပ်ကနေ မားလို့ခေါ်လာမယ်အချိန်ကို မားစောင့်နေတယ် မီးငယ်လေးကို ကမ္ဘာမှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်လာအောင် မားပြုစုပျိုးထောင်ပေးမှာမို့ အရင်လိုပုံစံမျိုးပြန်မဖြစ်နိုင်ရင်တောင် နည်းနည်းလောက် ကြိုးစားပေးပါမီးငယ် ဘာတွေဘဲဖြစ်လာဖြစ်လာ မား မီးငယ်ကို ဘယ်တော့မှလက်မလျော့ဘူးမီးငယ် " ထိုစကားတွေ ဧကရီစိတ်ထဲကနေသာပြောပြီး ကလေးငယ်ရဲ့ ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲဆွဲသွင်းပြီး အိပ်ရာဝင်ခဲ့သည်။  
                 ======================
ဧကရီ ကားကိုဂရုစိုက်မောင်းနေပေမယ့်လည်း ရင်ထဲမှာ ဆို့နစ်ပြီး မွန်းကြပ်လာတာကြောင့် ကားကိုဘေးချရပ်ပြီး ကားမှန်ချကာ လေကိုတ၀ကြီးရှိုက်သွင်းလိုက်သည်။ ကားစတီယာတိုင်ပေါ် ခေါင်းငုံ့ပြီး မွန်းကြပ်နေတဲ့စိတ်ကို ဖြေလျော့ကာ တင်းခံနေတဲ့မျက်ရည်တွေကို လွတ်လပ်ခွင့်ပေးလိုက်သည်။  ဧကရီရဲ့နားထဲကို ဒေါက်တာပြောလိုက်တဲ့ စကားတွေကို တစ်လုံးချင် ပီပီသသပြန်ကြားနေရသည်။
          " သမီးလေးစောနှင်းပွင့်ဖြူကို ကျွန်မအနေနဲ့  နည်းလမ်းမျိုးစုံးသုံးပြီး ကုသခဲ့ပြီးပါပြီး "
          " ၅နှစ်အရွယ်ကလေးလေးတစ်ယောက်ရခဲ့တဲ့ စိတ်ဒဏ်ရာက ကျွန်မတို့ထင်ထားတာထက်ပိုကြီးမားနေတာကြောင့် ကျွန်မရဲ့ကုသမှုနည်းလမ်းတွေက သမီးလေးရဲ့​ဝေဒနာကို လျော့ပါးအောင်မလုပ်နိုင်တဲ့အတွက် ကျွန်မကဘဲ တောင်းပန်ပါတယ် "
          " ကျွန်မအနေနဲ့ ထပ်ပြီးကုသနိုင်မယ့် နည်းလမ်းမရှိတော့တဲ့အတွက် ကုသမှုကို ဒီလောက်နဲ့ဘဲရပ် တော့မယ်ဆိုတာ အားနာနာနဲ့ဘဲပြောပါရစေ "
           " ကျွန်မတာဝန်ယူထားတဲ့လူနာတစ်ယောက်အတွက် ကျွန်မနောက်ဆုံးအနေနဲ့ အကြံပေးစရာနည်းလမ်းတစ်ခုတော့ရှိတယ် "
          " ပြန်သက်သာနိုင်မယ်ဆိုတာကိုတော့ အာမမခံနိုင်ပါဘူး သမီးလေးအတွက်တော့ အကောင်းနဲ့အဆိုး ၅၀/၅၀ဆီ ဒွန်တွဲနေတာပါ "
         " သမီးလေးက အသက်ငါးနှစ်အရွယ်မှာ ကြီးမားတဲ့ဆုံးရှုံးမှုကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာလောက်နီးနီး နောက်ထပ်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို ထပ်ကြုံအောင် လုပ်နိုင်မယ်ဆိုရင် စကားပြန်ပြောလာနိုင်​ခြေ ငါးဆယ်ရာခိုင်နှုန်းရှိပါတယ် "
          " အောင်မြင်ခဲ့မယ်ဆိုရင် စကားပြန်ပြောလာနိုင်မှာပေမယ့် မအောင်မြင်ခဲ့ဘူးဆိုရင် အရင်ကစိတ်ဒဏ်ရာရော အခုရမယ့် စိတ်ဒဏ်ရာရောပါပေါင်းပြီး အရင်ကထက်အများကြီး ပိုဆိုးသွားနိုင်တယ် "
         " အဆိုးဆုံးကတော့ သမီးလေးမှာ လူ့အသိညဏ်ပျောက်ဆုံးသွားမှာပါ နားလည်အောင်ပြောရမယ်ဆိုရင် သွက်သွက်ခါအောင်ရူးသွားမှာပါ "
        " အန္တရယ်များတဲ့နည်းလမ်းမို့လို့ လူနာရှင်အနေနဲ့ သေချာစဉ်းစားဆုံးဖြတ်စေချင်တယ် " ဒေါက်တာရဲ့စကားတွေအဆုံး ဧကရီရဲ့ကမ္ဘာကြီး ချာချာလည်သွားသလိုခံစားရသည်။ ဒေါက်တာဆီကနေထွတ်လာခဲ့ပြီး ဧကရီကားပေါ်ရောက်နေခဲ့သည့်တိုင် စိတ်နဲ့လူနဲ့မကပ်နိုင်။ အိမ်ပြန်ပြီး မေမေနဲ့ ကလေးကို ဘာမှမဖြစ်သလို မျက်နှာချင်ဆိုင်နိုင်တဲ့ အင်အားမရှိတာကြောင့် ဧကရီကုမ္မဏီကိုဘဲ တန်းသွားခဲ့သည်။
                   =========================
ထမင်းစားခန်းတွင်ဖြစ်သည်။
           " မီးငယ်လေး မနက်စာအတွက် နန်းကြီးသုတ်နဲ့ မုန့်ဟင်းခါးနှစ်မျိုး မားကိုယ်တိုင် လုပ်ပေးထားတယ် မီးငယ်လေး ဘာစားချင်လဲ " မုန့်ဟင်းခါးပန်ကန်လေးကို ညွှန်ပြပြီး ခပ်နွမ်းနွမ်းပြုံးပြတဲ့ ကလေးရှေ့မှာ ဧကရီဒူးထောက်ထိုင်ချပြီး
           " ဟင့်အင်း မီးငယ် မား မီးငယ်ပါစပ်ကဖြေတာကိုဘဲ ကြားချင်တယ် မီးငယ် မားကိုစကားမပြောတော့ဘူးလား မီးငယ်ပါစပ်ကဖြေပေးနော် မားရဲ့မီးငယ်လေးက လိမ်မာပါတယ် " ဧကရီရဲ့ ဇွတ်တရွတ်ဆန်တဲ့ စကားတွေကို မျက်ရည်လေးအ၀ဲသားနဲ့ မောကြည့်နေတဲ့ ကလေးငယ် ပါစပ်ကနေ တစ်ခုခုပြောချင်နေသလို ဟစိ ဟစိ ဖြစ်နေပေမယ့် အသံထွတ်မလာတာကြောင့် ဧကရီစိတ်မကောင်း ထိုကလေးငယ်လေးကို ရင်ခွင်ထဲဆွဲသွင်းပြီး ဖတ်ထားလိုက်ချင်ပေမယ့် တကယ်လက်တွေ့တွင်မူ
           " မီးငယ် မားမေးနေတယ်လေ မနက်စာဘာစားချင်လဲလို့ နန်းကြီးသုတ်ရယ် မုန့်ဟင်းခါးရယ် ဘာစားမှာလဲဖြေလေလို့ " ဧကရီအမေးကို ကလေးက မုန့်ဟင်းခါးပန်ကန်လေးကို လက်ညိုးထပ်ထိုးပြီး မျက်နှာလေးအောက်ငုံကာ ဖြေရှာသည်။ စားချင်တာကို လက်ညို့ထိုးပြနေတဲ့ကလေးငယ်ကို ဧကရီ လျစ်လျူရှုလိုက်ပြီး ကလေးရဲ့ကိုယ်လုံးသေးသေးလေးကို လှုပ်ရမ်းကာ
           " မီးငယ် သမီးမှာ ပါစပ်ပါတယ်မလား ပါစပ်နဲ့ဖြေလေ ဘာစားချင်လဲ မဖြေရင် မီးငယ် မနက်စာမစားရဘူးနော် မားမေးတာဖြေ " ခပ်ကြမ်းကြမ်းကိုင်ထားတဲ့ ပခုံးပေါ်က ဧကရီရဲ့လက်နှစ်ဖတ်ကို တွန်းဖယ်ပြီးတော့ စားပွဲပေါ်တင်ထားတဲ့ မုန့်ဟင်းခါးပန်ကန်ကို ယူပြီး ပလုတ်ပလောင်းစားပြီး အတင်းမျိုချနေတဲ့ပုံက သနားစရာကောင်းသည်။ မျက်ရည်တွေသုတ်လိုက် မုန့်ဟင်းခါးကို နင်းကန်စားလိုက်လုပ်နေသည့် ကလေးငယ်နားကို ဧကရီသွားကာ မုန့်ဟင်းခါးပန်ကန်ကို ဆွဲယူပြီး အမှိုက်ပုံးထဲ သွန်ပစ်လိုက်သည်။ ကလေးရဲ့လက်ကို အတင်းဆောင့်ဆွဲကာ အပေါ်ထပ်ကို ခေါ်လာခဲ့သည်။ မေမေကတော့ ဧကရီတို့နှစ်ယောက်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ပြီးကျန်ခဲ့သည်။ အခန်းထဲရောက်တာနဲ့ ကလေးငယ်ရဲ့တင်ပါးကို ခပ်ဆက်ဆက်လေးရိုက်ကာ
           " ဘာလို့ မားကို မပြောတာလဲ မီးငယ် မားမေးနေတာ ပြောလေ ​"
          " ------ " ရှိုက်ရှိုက်ပြီးငိုနေတဲ့ကလေးကို ဧကရီမချော့နိုင် အသည်းမာမာနှင့်ပင်
         " ပြောလေလို့ ပြောစမ်းမီးငယ် ပြောစမ်း မားကိုစကားမပြောဘူးမလား မပြောနဲ့ မားအကြောင်းသိစေရမယ် " ဧကရီဒေါသထွတ်ထွတ်နဲ့ ဗီဒိုထဲက ကလေးငယ်ရဲ့ အ၀တ်တွေကို ခရီးဆောင်အိတ်ထဲ ထည့်ကာ ကလေးကိုခေါ်ပြီး အောက်ကိုဆင်းလာခဲ့သည်။ မေမေကတော့ မျက်စိပျက် မျက်နှာပျက်နှင့်
         " သမီး သေချာစဉ်းစားနော် သမီးနောင်တရမယ့်အရာတွေကို မေမေမလုပ်စေချင်ဘူး " မေမေ့စကားကို နားမထောင်ဘဲ ဧကရီကျောခိုင်းလိုက်ပြီး ကလေးကို ကားပေါ်တင်ကာ လမ်းမပေါ်ကို မောင်းထွတ်ခဲ့သည်။ ကားမောင်းနေရင်း ကလေးဘက်ကို တစ်ချက်ကြည့်မိတော့ တရှုံ့ရှုံ့ငိုနေတဲ့ကလေးကို ဧကရီရင်နာနာနဲ့ဘဲ မျက်နှာလွှဲပြီး ကားကိုဘဲ ဆက်မောင်းနေမိသည်။  
           " မီးငယ်လေး မားကိုခွင့်လွှတ်ပါ မားဒီလိုလုပ်တာ မီးငယ်လေးအတွက်ပါ " ဧကရီရင်ထဲကစကားတွေ ထိုကလေးမကြားမိပေမယ်လည်း။ ဧကရီရဲ့ကားကို ကလေးတွေ ပြေးလွှားဆော့ကစားနေတဲ့ ခြံဝန်းထဲဦးတည်မောင်းဝင်လိုက်သည်။ ကားပေါ်ကဆင်းပြီး ကလေးကို ကားပေါ်မှချကာ ကလေးရှေ့ ဒူးထောက်ထိုင်ချလိုက်သည်။ ရှိုက်ကြီးတငင်ငိုနေတဲ့ ကလေးရဲ့မျက်ရည်တွေကို ဧကရီဖယ်ရှားလိုက်ပြီး
           " မီးငယ် မားကို စကားမပြောတော့ဘူးလား "
           " -------- " ဘာမှပြန်မပြောဘဲ ခေါင်းလေးအောက်ကို ငုံ့ကာမြေကြီးကိုဘဲ တွင်တွင်စိုက်ကြည့်နေတဲ့ ကလေးမျက်နှာလေးကို ဆွဲမော့ပြီး
          " မီးငယ် မားကိုခွင့်လွှတ်နော် မီးငယ်ကို မားဒီမှာဘဲ ထားခဲ့ရလိမ့်မယ်၊ မားရဲ့မီးငယ်လေးပျော်မှာပါ ဒီမှဆို မီးငယ်လေးသူငယ်ချင်းတွေလဲ အများကြီးရလာမှာ မီးငယ်လည်းအများကြီးနေကောင်းလာမှာ မီးငယ်ကို မားဆက်ပြီး မစောင့်ရှောက်နိုင်တော့ဘူး မီးငယ်ကိုယ့်ကိုယ်ကို အားကိုးရမယ်နော် မားသွားတော့မယ် " ကလေးရဲ့နဖူးလေးကို ညှင်ညှင်သာသာနမ်းပြီး ဧကရီထလာခဲ့သည်။ ကျောခိုင်းပြီးထွတ်သွားချင်ပေမယ့် ဧကရီလက်ကို ဆွဲထားတဲ့ လက်သေးသေးလေးတွေကို ဧကရီငြင်းပယ်နိုင်စွမ်းမရှိပေ။ ကိုယ်လုံးသေးသေးလေးကို ကျစ်ကျစ်ပါအောင် ဖတ်ပြီး ဧကရီပြေးထွတ်ခဲ့သည်။ ဧကရီနောက်ကို ခြေလှမ်းသေးသေးလေးတွေနဲ့ပြေးလိုက်လာပေမယ့် ဧကရီလှည့်မကြည့်ရက်။ ဧကရီလှည့်ကြည့်လိုက်တာနဲ့ ကလေးအပေါ်သံယောဇဥ္မပြတ်နိုင်ဘဲ ပြန်ဆွဲထားမိမှာကို ကြောက်သည်။
            " မား "
ဧကရီရဲ့ ​ခြေလှမ်းတွေကို တုံ့ခနဲ့ရပ်တန့်အောင် လုပ်နိုင်ခဲ့သည့် ထိုကလေးရဲ့အသံ ဧကရီ ကလေးကိုပြန်လှည့်ပြီး ပွေ့ချီလိုက်သည်။
        " မီးငယ် စောစောက မားလို့ခေါ်လိုက်တာလား ပြန်ခေါ်ပါဦး မီးငယ်အသံကြားချင်လို့ "
        " မား မီးငယ်လိမ်မာပါ့မယ်နော် မီးငယ်ကို ထားမသွားပါနဲ့နော် ဟီး..... " ကလေးရဲ့ မျက်ရည်တွေကို ဧကရီလက်ဖဝါလေးနဲ့ ဖယ်ရှားပစ်လိုက်သည်။ ပါးနှစ်ဖတ်ကို နစ်ဝင်သွားအောင် နမ်းကာ
        " မားရဲ့မီးငယ်လေးကို မားဘယ်တော့မှ ထားမသွားဘူးနော် မားကတိပေးတယ် မားတို့တူတူပြန်ကြမယ်နော် "
              =========================
နောက်တစ်ပိုင်းကနေစပြီး မီးငယ်ရဲ့ အသံတဆာဆာကို ကြားရတော့မှာနော်။ reviewလေးတွေ ပေးကြပါဦး ဒါဒါတို့ရေ။

မားရဲ့ မီးငယ်လေး (Completed )Where stories live. Discover now