မားရဲ႕ မီးငယ္ေလး
- အပိုင္း ၂၃
- GL Story
- စာေရးသူ ခ်ယ္
မီးငယ္ေလးနဲ႔ ဧကရီမနက္စာတူတူစားေနရင္း မီးငယ္ေလးက ဧကရီကိုစာ႐ြက္ေခါက္ေလးတစ္ခုေပးလာတာေၾကာင့္ ဘာလဲဆိုတဲ့သေဘာနဲ႔ ေမးဆက္ျပလိုက္သည္။
" မီးငယ္ေလးသြားခ်င္တဲ့ေနရာေတြကို စာရင္းျပဳစုထားတာ ခနေနမားလိုက္ပို႔ေပးရမယ့္ေနရာေတြ "
" ညက တစ္ညလံုးမအိပ္ဘဲအင္တာနက္ကေန ရွာထားတဲ့ေနရာေတြေပါ့ ၾကည့္ရေအာင္ဘယ္ေနရာေတြလဲလို႔ " မီးငယ္ေလးေရးထားတဲ့ေနရာေတြက မဟာအံ့ထူးကံသာဘုရား၊ ပိတ္ခ်င္းေျမာင္ဘုရား၊ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္၊ ပြဲေကာက္ေရတံခြန္၊ ဒီဇင္ဘာၿခံ၊ ကန္ေတာ္ႀကီးဥယ်ာဥ္၊ တရုတ္ဘံုေက်ာင္း၊ စပ်စ္ၿခံရယ္ လိေမၼာ္ၿခံရယ္တဲ့။
" သြားခ်င္တဲ့ေနရာေတြက မ်ားလိုက္တာမီးငယ္ေလးေရ တစ္ရက္ထဲနဲ႔ဒီေနရာအကုန္စံုပါ့မလား "
" ဒီေန႔မစံုေတာ့လဲ ေနာက္ေန႔ေတြထပ္ၿပီးလည္မွာေပါ့မားကလဲ ေရတံခြန္ေရာက္ရင္လဲ ေရထဲမဆင္းဘူးေလ လည္ပတ္ဓာတ္ပံုရိုက္ၿပီးဘဲ ျပန္လာမွာေလမားရယ္ေနာ္ "
" အဲတာဆို ဒီလိုလုပ္ပါလားမီးငယ္ေလး မနက္ျဖန္ကမီးငယ္ေလးရဲ႕ေမြးေန႔ဆိုေတာ့ မဟာအံ့ထူးကံသာဘုရားနဲ႔ ပိတ္ခ်င္းေျမာင္ကို မနက္ျဖန္လိုက္ပို႔ေပးမယ္ ဒီေန႔က က်န္တဲ့ေနရာေတြကိုေလ်ွာက္ပတ္ၾကမယ္ "
" အဆင္ေျပတယ္မား အဲလိုဘဲလုပ္လိုက္ေလ မားအခုစားၿပီးၿပီးမလား သြားၾကမယ္ေလေနာ္ မီးငယ္ေလ်ွာက္လည္ခ်င္ၿပီး "
" ကဲ ဟုတ္ပါၿပီးကြယ္သြားၾကမယ္ " အိပ္ရာနိုးတည္းက ေရမိုးခ်ိဳးအဝတ္အစားလဲထားၿပီးသားမို႔ မနက္စာစားၿပီးတာနဲ႔ အဆင္သင့္ထြတ္ရံုပင္။ ဧကရီတို႔ပထမဆံုးသြားတဲ့ေနရာေလးက ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္။ မီးငယ္ေလးကေတာ့ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ကိုေတြ႕တာနဲ႔ အင္တာနက္မွာရွာေဖြေတြ႕ရွိသမ်ွကို ဧကရီကိုျပန္ၿပီးေဖာက္သည္ခ်ေနာ္ေတာ့သည္။
" ဒီဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ကေလ မႏၲေလးနဲ႔ျပင္ဦးလြင္ၾကားမွာရွိတယ္တဲ့ ၿပီးေတာ့သူ႔ရဲ႕အျမင့္ေပကေလ ၁၂၂ မီတာရိွၿပီး အနက္မွာ ၉၁ မီတာရွိတယ္တဲ့မား အျမင့္ႀကီးဘဲေနာ္ "
" ဒီေရတံခြန္ကေလ အဆင့္သံုးဆင့္ရွိၿပီး ေရတံခြန္ေအာက္ေျခကေန အေပၚဆံုးအဆင့္ထိေရာက္ဖို႔ မိနစ္၉၀ၾကာတယ္တဲ့ ဟုတ္မဟုတ္တတ္ၾကည့္မလား မား "
" အေပၚတတ္ခ်င္ရင္ တတ္ခ်င္တယ္လို႔ ဒဲ့ေျပာလည္းရပါတယ္မီးငယ္ရယ္ မီးငယ္တတ္ခ်င္လို႔လား မားက မီးငယ္ပင္ပန္းမွာဆိုးလို႔ ေနာက္ထပ္ေနရာေတြလဲထပ္သြားရဦးမွာဆိုေတာ့ တစ္ဆင့္ေလာက္ဘဲ တတ္ၾကည့္ၾကမယ္ေလေနာ္ "
" ဟုတ္ကဲ့ပါမားရယ္ အဲတာဆိုတစ္ဆင့္ေလာက္ဘဲတတ္ၾကည့္ၿပီး ေနာက္တစ္ေနရာသြားၾကမယ္ေနာ္ " ဓာတ္ေတာ္ခ်ိဳင့္ ေရတံခြန္သို႔ တစ္ေခါက္မ်ွေရာက္ဖူးလ်ွင္ပင္ မျပန္ခ်င္ေလာက္ေအာင္ ႏွစ္သက္မိေလာက္သည္။ ေရတံခြန္မွ တသြင္သြင္စီးဆင္းေနေသာ သန႔္ရွင္းၾကည္လင္ေအးျမေနသၫ့္ စိမ္းျပာေရာင္ ေရမ်ားႏွင့္ ေအးျမလတ္ဆတ္ေသာ ေလေျပၫွင္းမ်ား၏ တိုးေဝ႔ွတိုက္ခတ္မႈမ်ားကို ခံစားမိရံုႏွင့္ ဘဝအေမာမ်ားေျပေပ်ာက္ကာ နိဗၺာန္ဘံုအလားခံစားရေစသည္။ ဒါေၾကာင့္လဲ ဒီေရတံခြန္ကို ႏွစ္စဥ္ျပည္တြင္းျပည္ပခရီးသြားဧၫ့္သည္မ်ား ေထာင္ႏွင့္ခ်ီကာ လာေရာက္ အပန္းေျဖေနၾကတာျဖစ္မည္။ ဓာတ္ေတာ္ခ်ိဳင့္ ေရတံခြန္၏ ပတ္ဝန္းက်င္ရိွ ေနေရာင္ျခည္မျမင္ရသည္အထိ ေပါက္ေရာက္လ်က္ရိွေသာ စိမ္းညိုအုပ္မိႈင္းေနသၫ့္ သစ္ပင္မ်ား၊ ေက်းငွက္တိရိစၧာန္မ်ားႏွင့္ ဇီဝမ်ိဳးစိတ္မ်ိဳးကြဲမ်ားစြာတို႔က ခရီးသြားတို႔၏ စိတ္အာရံုကိုဖမ္းစားလ်က္ရိွသည္။ ဓာတ္ေတာ္ခ်ိဳင့္ ေရတံခြန္ႏွင့္ သဘာဝေတာေတာင္ အလွအပမ်ားေၾကာင့္ စိတ္သာယာမႈကို ခံစားၿပီးလ်ွင္ အစဉ္ေအာက္ေမ့သတိရကာ ေနာက္တစ္ႀကိမ္ လာေရာက္လည္ပတ္လိုစိတ္မ်ားတစ္ဖြားဖြားေပၚေပါက္ေနမည္မွာအေသအခ်ာပင္။ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ကေနဆင္းၿပီးေတာ့ ေနာက္တစ္ေနရာျဖစ္တဲ့ပြဲေကာက္ေရတံခြန္ဆီကို ဆက္လက္ခ်ီတတ္ခဲ့ၾကသည္။ သြားခ်င္တဲ့ေနရာေတြကိုတစ္ေနရာၿပီးတစ္ေနရာသြားေနရေပမယ့္လည္း တစ္ခ်က္ေလးေတာင္ပင္ပန္းဟန္မျပ ပိုၿပီးေတာ့ေတာင္ တတ္ႂကြလန္းဆန္းေနေသးသည္။ ဧကရီကားေမာင္းေနရင္းနဲ႔ပင္ မီးငယ္ေလးဆီတစ္ခ်က္ေဝ့ၾကည့္ၿပီး
" မီးငယ္ေလး "
" ရွင္ မား "
" ေပ်ာ္ရဲ႕လား "
" အရမ္းေပ်ာ္တာေပါ့မားရယ္ မီးငယ္က မားနဲ႔အတူ ခရီးေတြအမ်ားႀကီးထြတ္ခ်င္တာ " ဒီတစ္ေခါက္ခရီထြတ္ရတာေနာက္ဆံုးပါဘဲဆိုတာေတာ့ မားကိုမေျပာခ်င္ေတာ့ပါ နွင္းရဲ႕စိတ္ထဲမွာဘဲထားလိုက္ေတာ့သည္။ ေစာေစာကထိ လန္းဆန္းတတ္ႂကြေနတဲ့မီးငယ္ေလးက ဘာေတြးမိလို႔ ခ်က္ျခင္းမ်က္နွာညိႈးသြားရတာလဲ ဧကရီနားမလည္ေတာ့ေပ။ မီးငယ္မ်က္နွာေလးညႇိုးရင္ေတာင္ မားမွာ ကမာၻပ်က္မတတ္ပူေလာင္ေနရတယ္ဆိုတာ မီးငယ္ေလးသိမွသိပါေလစ။ ပြဲေကာက္ေရတံခြန္ဆီေရာက္ေတာ့ မီးငယ္ေလးမ်က္နွာနည္းနည္းျပန္လန္းလာသည္။
" မီးငယ္ေလးလာ မားတို႔တူတူဓာတ္ပံုရိုက္ၾကမယ္ " ဧကရီရဲ႕လက္ကိုင္ဖုန္းေလးကိုထုတ္ၿပီး ပြဲေကာက္ေရတံခြန္ကိုေနာက္ခံထားကာ နွစ္ေယာက္တြဲပံုေလးေတြကို ပိုစ့္အမ်ိဳးမ်ိဳးေျပာင္းၿပီး သံုးေလးပံုေလာက္ရုိက္ထားလိုက္သည္။ ေရတံခြန္းႀကီးကို ေငးၿပီးအေတြးလြန္ေနတဲ့မီးငယ္ေလးကိုလဲ မသိေအာင္ပံုခိုးရိုက္ထားလိုက္သည္။ ေရတံခြန္ႏွင့္ ရႈေမ်ွာ္ခင္းအလွအပမ်ားကို အေပၚစီးမွ ၾကည့္ရႈခံစားႏိုင္ေသာ Sky Cable Carေလးကို ေတြ႕ေတာ့ မီးငယ္ေလးက လက္ညိဳးထိုးကာ
" မား မီးငယ္ေလးအဲတာစီးခ်င္တယ္ "
" အိုေက သြားစီးၾကတာေပါ့ " Sky Cable Carေပၚကေနဆို ပြဲေကာက္ေရတံခြန္ျမင္ကြင္း ပန္းမ်ိဳးစံုရဲ႕အလွအပ အံုးထေနတဲ့ခရီးသြားေတြကို အေပၚစီးကေနျမင္ေတြရသည္။ အျဖဴေရာင္ဟူဒီေလးနဲ႔ဂ်င္ျပာေရာင္ေဘာင္ဘီရွည္ေလးဝတ္ထားတဲ့ေကာင္မေလးက ျပင္ပအလွအပေတြကိုေငးေမာေနသည္။ ထိုေငးေမာေနတဲ့ေကာင္မေလးကို မ်က္ေတာင္မခတ္ခ်စ္ရည္ရႊန္းလဲ့ေနတဲ့ မ်က္လံုးေတြနဲ႔စိုက္ၾကည့္ေနတဲ့ ေကာင္မလးတစ္ေယာက္လဲရွိေသးသည္။ထိုေကာင္မေလးနွစ္ေယာက္ရဲ႕ဆင္တူအိကႌ်ေလးရယ္ တစ္ေယာက္လက္တစ္ေယာက္ဆုပ္ကိုင္ထားတာေလးရယ္ အခ်စ္ေတြျပည့္ဝေနတဲ့မ်က္ဝန္းေတြရယ္ကိုၾကည့္လိုက္တာနဲ႔ အဲဒီေကာင္မေလးနွစ္ေယာက္ရဲ႕ၾကားကအခ်စ္ေတြကို ဘယ္ေလာက္ခိုင္ၿမဲလဲသိသာေစသည္။
" မီးငယ္ေလး " အျပင္ကိုေငးေနရင္း မားရဲ႕ေခၚသံေၾကာင့္ နွင္းလွည့္ၾကည့္လိုက္သည္။ မားရဲ႕မ်က္ဝန္းေတြ အၿမဲတမ္းအရည္လဲ့ေနတဲ့ မားရဲ႕မ်က္ဝန္းနက္နက္ေလးေတြက နွင္းရဲ႕ရင္ကို လႈပ္ခတ္နိုင္စြမ္းရွိတယ္။ ဒီမ်က္ဝန္းေတြထဲမွာ နွင္းအေပၚခ်စ္တဲ့အခ်စ္ေတြ ျပည့္နွက္ေနတတ္တယ္။ နွင္းကို အဲလိုေတြမျပဳစားပါနဲ႔မားရယ္ ၾကာလာရင္ မားရဲ႕အေပၚမွာဒီထက္ပိုၿပီး ေလာဘတတ္လာမိလိမ့္မယ္ထင္တယ္။
" အရမ္းခ်စ္တယ္မီးငယ္ေလး မီးငယ္ေလးကိုဘဲမားတစ္သက္လံုးခ်စ္ေနမယ္ကတိေပးတယ္ေနာ္ " မီးငယ္ေလးရဲ႕လက္ဖမိုးေလးကို အသာအယာေလးဆြဲယူနမ္းလိုက္ေတာ့ မီးငယ္ေလးရဲ႕နႈတ္ခမ္းထက္မွာ ေက်နပ္ျခင္းအၿပံဳးေတြဖူးပြင့္ေနတယ္။
" မီးငယ္လဲမားကိုအရမ္းခ်စ္တယ္ မားတစ္ေယာက္တည္းကိုဘဲ မီးငယ္အသက္ဆံုးတဲ့ထိခ်စ္မယ္လို႔ ကတိေပးတယ္မား " ေကာင္ကင္ျပာျပာေဝဟင္ေပၚမွာ အခ်စ္ကတိေတြတူတူထားခဲ့ၿပီးတဲ့ေနာက္မွာ ေကာင္မေလးနွစ္ေယာက္ရဲ႕နႈတ္ခမ္းပါးေလးတစ္စံုသည္လဲ အခ်ိန္အၾကာႀကီးထိကပ္သြားေစသည္။
====================
" ကိုဟိန္းဘာမွမသိဘူးလား "
" ညီမေလးက လိင္တူတစ္ေယာက္ကိုႀကိဳက္ေနတယ္ဆိုတာကိုေတာ့ ကိုဟိန္းရိပ္မိပါတယ္ ဒါေပမယ့္ အဲသူက မဧကရီျဖစ္ေနမယ္ဆိုတာ ကိုဟိန္းမသိတာပါ မဧကရီအနားမွာ ေနခြင့္ရဖို႔အတြက္ နွင္းေလးအေပၚမွာ အဲလိုလုပ္ရပ္မ်ိဳးထိလုပ္လိမ့္မယ္ဆိုတာလဲ ကိုဟိန္းနည္းနည္ေလးေတာင္မသိတာအမွန္ဘဲ ဆုျမတ္ " ႏြယ္နဲ႔ဟိုကိစၥျဖစ္ၿပီးတည္းက ဆုျမတ္ေသခ်ာစဥ္းစားခဲ့သည္။ ႏြယ္လက္မခံေပမယ့္လည္း အုပ္ထိန္းသူျဖစ္တဲ့ကိုဟိန္းကိုေျပာျပၿပီး ကိုဟိန္းက နည္းနည္းပါးပါးေျပာလိုက္ရင္ ႏြယ့္ကိုအျမင္မွန္ရလိမ့္မယ္ဆိုတဲ့သေဘာနဲ႔ ဒါေပမယ့္ ဆုျမတ္မထင္ထားတာက အဲလိုလုပ္လိုက္တာက ႏြယ့္ကိုပိုဆိုးသြားေစတာကိုပင္။
" ကိုဟိန္းကို ဆုျမတ္ေျပာစရာရွိတယ္ ကိုဟိန္းအေလးအနက္စဥ္းစားေပးပါေနာ္ ဆုျမတ္ဒီလိုလုပ္တာ ႏြယ့္အတြက္ပါ ႏြယ့္ကိုဒီထက္ပိုၿပီး လမ္းမွားမေရာက္ေစခ်င္ေတာ့ဘူး "
" ေျပာေလ ဆုျမတ္ ညီမေလးအတြက္ဆို ကိုဟိန္းေသခ်ာစဥ္းစားမွာပါ "
" ဆုျမတ္ ႏြယ့္ကိုခ်စ္တယ္ ၿပီးေတာ့ ဆုျမတ္နဲ႔ႏြယ္က လြန္လြန္ၾကဴးၾကဴးေတြလဲျဖစ္ၿပီးၿပီးမို႔ ႏြယ့္ကိုလက္ထပ္ခြင့္ျပဳေပးပါ "
" ညီမေလးအေပၚထားတဲ့ဆုျမတ္ရဲ႕စိတ္ကို ကိုဟိန္းသိပါတယ္ ေကာင္းၿပီးေလ ကိုဟိန္းသေဘာတူတယ္ "
" ဒါေပမယ့္ ႏြယ္က... "
" ႏြယ့္ကို ကိုဟိန္းေျပာမွာမို႔ ဆုျမတ္စိတ္မပူနဲ႔ "
" ဟုတ္ကဲ့ကိုဟိန္း ဆုျမတ္သြားေတာ့မယ္ေနာ္ " ဆုျမတ္ထြတ္သြားမွဘဲ ဟိန္းမင္းလတ္သက္ျပင္းခ်ရသည္။ ေဖေဖနဲ႔ေမေမဆံုးသြားၿပီးတည္းက ဟိန္းမင္းလတ္အသက္၁၅နွစ္တည္းနဲ႔ တစ္ဦးတည္းက်န္ခဲ့တဲ့ညီမငယ္ေလးသဇင္ႏြယ့္ကို ေစာင့္ေရွာက္ခဲ့ရသည္။ ေဖေဖထားခဲ့တဲ့ကုမၼဏီကို ထိန္းသိမ္းရင္း ငယ္ေသးတယ္ဆိုၿပီး ေခါင္းပံုျဖတ္တတ္တဲ့လူႀကီးေတြၾကားထဲမွာ ကုမၼဏီကိုကာကြယ္ခဲ့ရတာေၾကာင့္ ညီမေလးအေပၚကိုယ္ဖိရင္ဖိေမတၱာတရားေတြေပးၿပီး မေစာင့္ေရွာက္ခဲ့နိုင္ေပ။ လိုတာဘာဘဲျဖစ္ျဖစ္မရရေအာင္ဖန္တီးေပးထားခဲ့တာမို႔လို႔ အခုလဲညီမေလးက လိုခ်င္တာကို ဘယ္လိုနည္းလမ္းနဲ႔ဘဲျဖစ္ျဖစ္ရေအာင္ယူခဲ့တာလို႔ေတြးမိေတာ့ သူ႔ကိုယ္သူသာ အျပစ္တင္မိသည္။ ဘယ္လိုျဖစ္ျဖစ္ ညီမေလးကိုလမ္းမွန္ျပန္ေရာက္ဖို႔အတြက္က သူ႔တာဝန္သာျဖစ္ေၾကာင္းေတြးထားသည္။
" အား... အား... မားေရ မီးငယ္ေၾကာက္တယ္မသြား ရဲ႕ဘူးလို႔ "
" မီးငယ္ဘဲ ဒီတံတားေပၚကေန ေလ်ွာက္ခ်င္တယ္ဆို ဘာမွေၾကာက္စရာမရွိပါဘူးမီးငယ္ရဲ႕ ဟိုမွာၾကည့္သူမ်ားေတြလဲ သြားေနၾကတာ " တကယ္ဆိုးတဲ့မီးငယ္ေလးပါေပ။ ပြဲေကာက္ေရတံခြန္မွာရွိတဲ့ LEDမွန္တံတားႀကီးေပၚ ျဖတ္ေလ်ွာက္ခ်င္ပါတယ္လို႔ ပူဆာလာတာလဲ မီးငယ္ေလးဘဲ။ ေဟာ အခုေလ်ွာက္မယ္ဆိုေတာ့လဲ ေၾကာက္ပါတယ္ဆိုၿပီး အာၿဗဲႀကီးနဲ႔ေအာ္ေနတာ ေဘးနားကသူေတြေတာင္ ၾကည့္ၿပီးရယ္ေနၾကၿပီး။
" မီးငယ္ေၾကာက္ရင္လဲ မေလ်ွာက္နဲ႔ေတာ့ေလ မားတို႔ေတြအျခားေနရာသြားၾကည့္ၾကမယ္ "
" ဟင့္အင္း မီးငယ္ေလ်ွာက္မွာ မားလဲပါေနတာဘဲ မီးငယ္မေၾကာက္ပါဘူး " ေရွ႕ကမွန္တံတားႀကီးကိုၾကည့္ၿပီး ရွံု႕မဲ့မဲ့ျဖစ္ေနတဲ့ပံုက ရယ္ရအခက္ ငိုရအခက္ပင္။ ေအးစက္ေနတဲ့လက္ဖဝါးေလးကို ခပ္တည္းတည္းဆုပ္ကိုင္ကာ
" လာ မားနဲ႔တူတူေလ်ွာက္ၾကမယ္ ဘာမွေၾကာက္စရာမလိုဘူး မားရွိတယ္ေနာ္မီးငယ္ေလး " စိတ္ကိုတင္းကာ ေခါင္းညိမ့္လိုက္သည္ထင္ ဧကရီဆုပ္ကိုင္ထားတဲ့လက္ဖဝါးေလးက တင္းၾကပ္လာသလိုပါခံစားရသည္။ ေအးစက္ေနတဲ့လက္ဖဝါးေလးက မီးငယ္ေလးေတာ္ေတာ္ေၾကာက္ေနတဲ့ပံုပင္။ ေၾကာက္လည္းေၾကာက္တယ္ ေလ်ွာက္လည္းေလ်ွာက္ခ်င္တဲ့မီးငယ္ေလးအျဖစ္ေၾကာင့္ ဧကရီရယ္ခ်င္စိတ္ကို ေတာ္ေတာ္ထိန္းထားရသည္။ အစကေတာ့ ဘာဟူဘာလီလိုသတၱိေတြေကာင္းၿပီး စေလ်ွာက္မယ္လုပ္ေတာ့ ပထမတစ္လွမ္းမွာတင္ ေလးဖက္ႀကီးေထာက္ၿပီးေအာ္ငိုေနတဲ့မီးငယ္ေလးေၾကာင့္ ဧကရီဘာလုပ္ရမွန္းေတာင္မသိေတာ့ဘူး။ အေၾကာင္းကေတာ့ LEDမွန္တံတားျဖစ္တာေၾကာင့္ ေျခေထာက္တစ္ခ်က္ေထာက္လိုက္တာနဲ႔ မွန္ကအက္ကြဲသြားသလိုပံုစံမ်ိဳးေလးေပၚလာတာကို တကယ္မွန္ကြဲသြားတယ္ထင္ၿပီးေအာ္ငိုေနျခင္းပင္။
" မားေရ ဟီး... ဟီး... မွန္ကြဲသြားၿပီး တံတားကက်ိဳးက်ေတာ့မယ္လို႔ မီးငယ္ေၾကာက္တယ္ ဟီး...အီ.... " ေဘးပတ္ဝန္က်င္မၾကည့္ဘဲ မ်က္စိႀကီးမွိတ္ၿပီး ေလးဖက္ေထာက္ကာ ေအာ္ငိုေနတဲ့မီးငယ္ေၾကာင့္ ဧကရီအူနိွပ္ၿပီးရယ္ေနရသည္။
" ဟား... ဟား... မီးငယ္ရယ္ မ်က္လံုးဖြင့္ၾကည့္ဦး မားကိုၾကည့္ ဘာမွန္မွမကြဲဘူး ဒါကLEDမွန္မို႔လို႔ ေျခခ်လိုက္တာနဲ႔ အက္ကြဲေၾကာင္းပံုစံေပၚလာတာ "
" တကယ္လား မား "
" တကယ္ေပါ့ မ်က္လံုးဖြင့္ မားကိုၾကည့္ " မပြင့္တပြင့္နဲ႔မ်က္လံုးေလးဝင့္ၾကည့္ေတာ့ အကုန္လံုးပံုမွန္အတိုင္းရွိေနမွ သက္ျပင္းခ်လာသည္။ ဘာမွမျဖစ္ဘူးဆိုတာသိေစခ်င္တာေၾကာင့္ မွန္တံတာေပၚမွာ ဧကရီနွစ္လမ္းသံုးလမ္းေလ်ွာက္ျပမွပင္ နည္းနည္းစိတ္ေအးခ်မ္းသာျဖစ္သြားသည္ထင္။ မွန္တံတားေပၚ ေလးဖက္ေထာက္ၿပီးေနေနတဲ့ မီးငယ္ေလးဆီလက္ကမ္းေပးလိုက္ေတာ့ ဧကရီလက္ကိုအားကိုတႀကီးဆုပ္ကိုင္ကာ ျဖည္းျဖည္းခ်င္ထလာေသးသည္။
" လာ ဘာမွမေၾကာက္နဲ႔ေတာ့ေနာ္ သူမ်ားေတြသြားေနၾကတာဘဲ ဘာမွမျဖစ္ဘူးေတြ႕လား ေန႔လည္စာစားခ်ိန္လဲေရာက္ေတာ့မယ္ မီးငယ္ေလးလည္းဆာေနၿပီးမလား ဒီတံတားကိုေလ်ွာက္ၿပီးရင္ ဒီဇင္ဘာၿခံကိုသြားၾကမယ္ေနာ္ အဲမွာမီးငယ္ေလးႀကိဳက္တဲ့စေတာ္ဘယ္ရီေတြ အခင္းလိုက္ရွိတယ္ ေန႔လည္စာလဲအဲမွာစားၾကမယ္ေနာ္ "
" တကယ္လား အဲတာဆိုသြားၾကမယ္ေလ မားကဘယ္လိုသိတာလဲ ဒီဇင္ဘာၿခံမွာစေတာ္ဘယ္ရီခင္းႀကီးရွိတယ္ဆို မီးငယ္ေလးေတာင္ရွာမေတြ႕ဘူး ဒီဇင္ဘာၿခံနဲ႔ေရတံခြန္ဘဲေတြ႕တာ "
" ဒီဇင္ဘာၿခံပိုင္ရွင္နဲ႔မားနဲ႔က အရင္ကလုပ္ငန္းတူတူလုပ္ခဲ့တယ္ေလ အခုေတာ့မလုပ္ေတာ့ပါဘူး ဒီဇင္ဘာၿခံပေရာဂ်က္ေတာင္တူတူလုပ္ခဲ့ေသးေတာ့ မားသိတာပါ "
" ဟုတ္လား အဲတာဆိုသြားၾကမယ္ေလ မီးငယ္ေလးgoogleမွာရွာတာ ဒီဇင္ဘာၿခံကပန္းၿခံလွလွေလးေတြရွိတယ္သိလား " စကားေလးေျပာရင္သြားေတာ့ မွန္တံတားဆံုးသြားမွန္းေတာင္ သတိမထားမိေပ။ မားသာရွိေနရင္ နွင္းအတြက္ ဘယ္အရာကိုမဆို မေၾကာက္ေအာင္ေက်ာ္ျဖတ္နိုင္တဲ့အင္အားရွိသည္။
====================
ဒီဇင္ဘာၿခံမွာ ေန႔လည္စာဝင္စားၿပီးေတာ့ စေတာ္ဘယ္ရီၿခံႀကီးဆီသြားၿပီး ရဲရဲနီေနတဲ့စေတာ္ဘယ္ရီေတြလည္း မီးငယ္ေလးစိတ္ႀကိဳက္ေ႐ြးၿပီး ခူးခဲ့ၾကသည္။ ပန္းခင္းလွလွေလးေတြမွာလဲ စိတ္ႀကိဳက္ဓာတ္ဖမ္းခဲ့ေသးသည္။ လိေမၼာ္ၿခံနဲ႔ စပ်စ္ၿခံကိုပါသြားေရာက္လည္ပတ္ၿပီး အသီးေတြစိတ္ႀကိဳက္ခူး စိတ္ႀကိဳက္စားေနတဲ့မီးငယ္ေလးက ရွဥ့္ေပါက္ေလးအတိုင္း အူယားစရာႀကီးပင္။ ကားထဲမွာလဲ မီးငယ္ေလးခူးယူလာတဲ့ စေတာ္ဘယ္ရီသီးေတြ လိေမၼာ္သီးနဲ႔စပ်စ္သီးေတြလဲ အျပည့္ျဖစ္ေနၿပီး။ ေနာက္ဆံုးတရုတ္ဘံုေက်ာင္းနဲ႔ကန္ေတာ္ႀကီးဥယ်ာဥ္သာလည္ပတ္ရန္က်န္ေတာ့သည္။ အခ်ိန္လဲေနာက္က်ေနၿပီးမို႔ တရုတ္ဘံုေက်ာင္းနဲ႔ ကန္ေတာ္ႀကီးဥယ်ာဥ္ကို ေနရာစံုေအာင္မလည္ေတာ့ဘဲ နာမည္ႀကီးတဲ့ေနရာ လွတဲ့ေနရာေလာက္မွာဘဲ အမွတ္တရဓာတ္ပံုေလးေတြရိုက္ၿပီး တည္းေနတဲ့ဟိုတယ္ဆီသာ ျပန္လာခဲ့သည္။ မီးငယ္ေလးကေတာ့တစ္ေန႔လံုးလည္ပတ္ၿပီးေတာ့ ပင္ပန္းသြားၿပီးထင္ပါရဲ႕ ကားေပၚမွာအိပ္ေပ်ာ္ေနၿပီး။ ဟိုတယ္ကိုေရာက္ေတာ့ ကားေပၚမွာပါတဲ့အထုတ္ေတြကို ဟိုတယ္ဝန္ထမ္းက အခန္းေရွ႕ထိပို႔ေပးတာေၾကာင့္ မီးငယ္ေလးကိုဘဲေပြ႕ခ်ီလာခဲ့သည္။ မီးငယ္ေလးကို ကုတင္ေပၚခ်ၿပီးတာနဲ႔ ဧကရီေရခ်ိဳးလိုက္သည္။ တစ္ေန႔လံုးေလ်ွာက္သြားထားတာေၾကာင့္ ညီွစီစီျဖစ္ေနတဲ့လူက ေရခ်ိဳ႕လိုက္ေတာ့ လန္းသြားသည္။ ဧကရီ Bathrobesအျဖဴေလးကိုဝတ္ၿပီး ဝတ္ရည္ဆီဖုန္းေခၚကာ ကုမၼဏီကိစၥေတြလွမ္းေမးရသည္။
" ဟယ္လို ဝတ္ရည္ ကုမၼဏီအေျခအေနေရာ "
" ကုမၼဏီကအရင္လိုဘဲ CEO ရွယ္ယာေစ်းေတြက ခုထိမၿငိမ္ေသးဘူး ဦးနန္းမိုးတို႔ကလဲ ခုထိၿငိမ္ေနတယ္ ၾကည့္ရတာရွယ္ယာရွင္အစည္းအေဝးကို ေစာင့္ေနပံုရတယ္ "
" သဇင္ႏြယ္ဘက္ကေကာ ဘယ္လိုလဲ "
" သဇင္ႏြယ္ကေတာ့ CEOကိုေထာက္ခံမွာလား ဦးနန္းမိုးကိုေထာက္ခံမွာလားဆိုတာ မေသခ်ာေသးဘူး ေရွ႕ရက္ကေတာ့ ဦးနန္းမိုးနဲ႔ေတြ႕ခဲ့ေသးတယ္ "
" ဟုတ္ၿပီးေသခ်ာေစာင့္ၾကည့္ပါ ရွယ္ယာရွင္အစည္းအေဝးၿပီးမွဘဲ ဆက္ၿပီးစဥ္စားတာေပါ့ အခုေတာ့မီးငယ္ေလးနဲ႔ဘဲ အခ်ိန္ျပဳန္းခ်င္တယ္ "
" ဟုတ္ကဲ့ပါCEO သာယာတဲ့ညခင္းျဖစ္ပါေစ " ဆုျမတ္ဖုန္းခ်ၿပီးတာနဲ႔ မီးငယ္ေလးကိုနိုးရင္ ညစာစားဖို႔ ျပင္ဆင္ထားလိုက္သည္။
" ဒီကိုလာထိုင္ဦးညီမေလး ကိုကိုေျပာစရာရွိလို႔ " ႏြယ္ကုမၼဏီကေနျပန္ေရာက္တာနဲ႔ အခန္းထဲဝင္နားဖို႔အေပၚတတ္တုန္း ကိုကုိလွမ္းေခၚတာေၾကာင့္ အေပၚထပ္ကိုလွမ္းေနတဲ့ေျခလွမ္းေတြကို ေနာက္ဆုတ္ၿပီး ဧည့္ခန္းဆီကိုဦးတည္လိုက္သည္။
" ေျပာေလကိုိကုိ ညီမေလးပင္ပန္းေနလို႔ အပၚတတ္နားမလို႔ "
" ညီမေလးနဲ႔ဆုျမတ္ လက္ထပ္ရမယ္ " ကိုကိုေျပာတဲ့စကားေၾကာင့္ ႏြယ္အံ့ၾသတုန္လႈပ္သြားသည္။ ေတာ္ရံုဆိုႏြယ့္ရဲ႕ကိစၥေတြမွာ ႏြယ္ေပ်ာ္ရင္ၿပီးေရာဆိုၿပီးလႊတ္ထားတတ္ၿပီး ေဘးကေနဘဲအႀကံေပးတဲ့ကိုကိုက ႏြယ္လက္ထပ္ဖို႔အတြက္ကို အတင္းအၾကပ္ေစခိုင္းေနတာလား ႏြယ္မသိေတာ့ပါ။
" ဘာကိုေျပာတာလဲကိုကို ညီမေလးလက္မခံနိုင္ဘူး "
" ဘာလို႔လဲ အေၾကာင္းျပခ်က္ေပး "
" ဟို... ဟို ညီမေလးဒီတိုင္းလက္မထပ္ခ်င္ေသးဘူး "
" အေၾကာင္းျပခ်က္တိတိက်က်မရွိရင္ ဆုျမတ္နဲ႔ဘဲလက္ထပ္ရမယ္ အပိုစကားေတြမေျပာနဲ႔ "
" ညီမေလးမွာ ခ်စ္ရမယ့္သူရွိတယ္ ကိုိကုိစီစဥ္တဲ့လက္ထပ္ပြဲကို ညီမေလးလက္မခံနိုင္ဘူး "
" ညီမေလးခ်စ္ရမယ့္သူက မဧကရီလား သူ႔မွာပိုင္ဆိုင္သူရွိတယ္ေလ အဲလူကလဲ ညီမေလးရဲ႕သူငယ္ခ်င္းဘဲေလ အခုလဲသူ႔အေပၚမွာ ဘယ္လိုလုပ္ရပ္ေတြလုပ္ခဲ့လဲဆိုတာ ကိုကိုမသိဘူးထင္ေနလား "
" ေအာ္ကိုကိုက ကိုကိုခ်စ္သူကို ညီမေလးဒုကၡေပးမွာဆိုးလို႔ ညီမေလးကိုအတင္းအိမ္ေထာင္ခ်ေပးဖို႔လုပ္ေနတာလား "
" မဟုတ္ဘူးညီမေလး ကိုကိုက ကိုယ့္အတြက္မဟုတ္တဲ့အခ်စ္ေနာက္ကိုလိုက္ရင္ ညီမေလးဒုကၡေရာက္မွာေၾကာက္လို႔ပါ ကိုကို႔စကားကိုနားေထာင္ပါေနာ္ညီမေလး ကိုကို႔ညီမေလးက လိမ္မာပါတယ္ ကိုိကုိေျပာတာလက္ခံမယ္မလား "
" ဟင့္အင္း ညီမေလးလက္မခံနိုင္ဘူး ညီမေလးက ကိုကို႔လိုသရဲေဘာမေၾကာင္ဘူး ညီမေလးခ်စ္တဲ့သူကို ညီမေလးရေအာင္ယူမွာဘယ္လိုနည္းလမ္းဘဲသံုးရသံုးရ ကိုကိုလိုမ်ိဳးလြယ္လြယ္အရွံုးမေပးဘူးကိုကို "
" ညီမေလးရယ္ မဧကရီခ်စ္တာညီမေလးမွမဟုတ္တာ နွင္းေလးကိုခ်စ္တာေလ အခုခ်ိန္ရပ္လို႔ရေသးတယ္ညီမေလး ေရွ႕ဆက္တိုးရင္ ညီမေလးဘဲဒုကၡေရာက္မွာ ကိုယ့္အပိုင္မဟုတ္တဲ့အခ်စ္ကို အတင္းပိုင္ဆိုင္ဖို႔ႀကိဳးစားရင္ ညီမေလးကိုခ်စ္ၿပီး ညီမေလးနားမွာရွိတဲ့သူေတြကို ညီမေလးဆံုးရွံုးရလိမ့္မယ္ အဲခါက်မွေနာင္တရမယ္ဆို ညီမေလးေနာက္က်သြားၿပီးေနာ္ "
" ဟင့္အင္း ညီမေလးခ်စ္တဲ့သူသာအနားမွာရွိရင္ ညီမေလးဘာကိုမွေနာင္တမရဘူး ၿပီးေတာ့ကိုကိုသိလား မၾကာခင္နွင္းေလးက အန္တီဧနားကေနထြတ္သြားေတာ့မွာ အန္တီဧနားမွာသာ နွင္းေလးမရွိေတာ့ရင္ အန္တီဧကိုႏြယ္ပိုင္ဆိုင္ရၿပီး အဲခါက်ရင္ နွင္းေလးလဲတစ္ေယာက္တည္းျဖစ္သြားၿပီးဆိုေတာ့ ကိုကိုလဲပိုင္ဆိုင္ရၿပီးေလ ကိုကိုသာလိုခ်င္ရင္ နွင္းေလးကို ညီမေလးေဆးခတ္ေပးမယ္ ကိုကိုအပိုင္သိမ္း "
" သဇင္ႏြယ္ ျဖန္း..... " ႀကီးမားတဲ့အိမ္ႀကီးထဲမွာ လက္ဝါးရိုက္သံက ဟိန္းခနဲ႔ထြတ္လာၿပီး ႏြယ့္ရဲ႕ပါးတစ္ဖက္က ပူထူလာသည္။ ႏြယ့္ရဲ႕မ်က္နွာထက္မွာ မယံုၾကည္နိုင္ဟန္ မ်က္လံုးထက္ကေနထြတ္က်လာတဲ့ မ်က္ရည္တစ္စက္ကို ေအာက္မက်ခင္မွာဘဲ ဆြဲသုတ္လိုက္ၿပီး
" ကိုကိုက အျခားမိန္းမတစ္ေယာက္အတြက္နဲ႔ ညီမေလးကို ရိုက္တယ္ ကိုကို႔ ကို မုန္းတယ္ ေစာနွင္းပြင့္ျဖဴကိုလည္းမုန္္းတယ္ သူ႔ေၾကာင့္ညီမေလးအခုလိုျဖစ္ရတာ မုန္းတယ္... မုန္းတယ္... " ။ ဟိန္းမင္းလတ္ ဧည့္ခန္းထဲမွာထိုင္ၿပီးေအာ္ဟစ္ေနတဲ့ ညီမငယ္ေလးကိုေက်ာခိုင္းၿပီးထြတ္လာခဲ့သည္။ တစ္ဦးတည္းေသာညီမေလးကို အခုလိုရိုက္လိုက္ရတဲ့အတြက္လဲ ဟိန္းမင္းလတ္စိတ္မေကာင္းဘူး။ ဒါေပမယ့္ဟိန္းမင္းလတ္မမွားဘူးဆိုတာေတာ့သိသည္။ မိန္းကေလးတစ္ေယာက္ျဖစ္ပါရက္နဲ႔ အျခားမိန္းကေလးတစ္ေယာက္ေပၚ ကိုယ္ခ်င္းစာစိတ္တစ္စိုးတစ္စိေတာင္မရွိဘဲ ေဆးခတ္ၿပီးဘဝျဖတ္ဖို႔ကို မ်က္ေတာင္မခတ္တမ္းေျပာထြတ္ရက္တယ္။ ဟိန္းမင္းလတ္ေကာင္ကင္ႀကီးကိုသာ ေမာ့ၾကည့္ၿပီး
" ေဖေဖနဲ႔ေမေမမ်က္နွာကို သားမၾကည့္ရဲေတာ့ပါဘူး သားညီမေလးအေပၚမွာ တာဝန္မေက်ခဲ့တာေတြေၾကာင့္ ညီမေလးအခုလိုဆိုးသြမ္းေနတာပါ သားေတာင္းပန္ပါတယ္ေဖေဖနဲ႔ေမေမ "
====================
အရွည္ႀကီးဘဲေရးေပးထားတယ္ေနာ္ ဒီအပိုင္းေရးရတာ သာသာအတြက္အမ်ားႀကီးခက္ခဲပါတယ္ တစ္ခါမွမေရာက္ဖူးတဲ့ေနရာကိုစီကာပတ္ကံုး မ်က္လံုးထဲျမင္ေအာင္မေရးတတ္တာသာသာအားနည္းခ်က္မို႔ နားလည္သည္းခံၿပီးဖတ္ေပးပါဦးေနာ္။ သိလိုတာကို Googleေခါက္ၿပီး မွီျငမ္းေရးထားတာမို႔ အမွားအယြင္းတစ္စံုတစ္ရာရွိရင္လဲ နားလည္ေပးပါဦးေနာ္။
မနက္ျဖန္ 15.10.23မွာ BLဝထၳဳတိုၿပိဳင္ပြဲေလးလုပ္ဖို႔ရွိတာမို႔ စိတ္ဝင္စားလို႔ဝင္ၿပိဳင္ခ်င္တယ္ဆိုရင္ ေအာက္ကlinkေလးထဲ Joinထားေပးေနာ္ မနက္ျဖန္အေသးစိတ္တင္ေပးပါမယ္
https://www.facebook.com/groups/1014752236416291/?ref=share
ေအာက္ဆံုးမွာပံုပါပါတယ္ ေအာက္ဆြဲၿပီးၾကည့္ေပးပါေနာ္
-----------------------------------------------------------
မားရဲ့ မီးငယ်လေး
- အပိုင်း ၂၃
- GL Story
- စာရေးသူ ချယ်
မီးငယ်လေးနဲ့ ဧကရီမနက်စာတူတူစားနေရင်း မီးငယ်လေးက ဧကရီကိုစာရွက်ခေါက်လေးတစ်ခုပေးလာတာကြောင့် ဘာလဲဆိုတဲ့သဘောနဲ့ မေးဆက်ပြလိုက်သည်။
" မီးငယ်လေးသွားချင်တဲ့နေရာတွေကို စာရင်းပြုစုထားတာ ခနနေမားလိုက်ပို့ပေးရမယ့်နေရာတွေ "
" ညက တစ်ညလုံးမအိပ်ဘဲအင်တာနက်ကနေ ရှာထားတဲ့နေရာတွေပေါ့ ကြည့်ရအောင်ဘယ်နေရာတွေလဲလို့ " မီးငယ်လေးရေးထားတဲ့နေရာတွေက မဟာအံ့ထူးကံသာဘုရား၊ ပိတ်ချင်းမြောင်ဘုရား၊ ဓာတ်တော်ချိုင့်ရေတံခွန်၊ ပွဲကောက်ရေတံခွန်၊ ဒီဇင်ဘာခြံ၊ ကန်တော်ကြီးဥယျာဉ်၊ တရုတ်ဘုံကျောင်း၊ စပျစ်ခြံရယ် လိမ္မော်ခြံရယ်တဲ့။
" သွားချင်တဲ့နေရာတွေက များလိုက်တာမီးငယ်လေးရေ တစ်ရက်ထဲနဲ့ဒီနေရာအကုန်စုံပါ့မလား "
" ဒီနေ့မစုံတော့လဲ နောက်နေ့တွေထပ်ပြီးလည်မှာပေါ့မားကလဲ ရေတံခွန်ရောက်ရင်လဲ ရေထဲမဆင်းဘူးလေ လည်ပတ်ဓာတ်ပုံရိုက်ပြီးဘဲ ပြန်လာမှာလေမားရယ်နော် "
" အဲတာဆို ဒီလိုလုပ်ပါလားမီးငယ်လေး မနက်ဖြန်ကမီးငယ်လေးရဲ့မွေးနေ့ဆိုတော့ မဟာအံ့ထူးကံသာဘုရားနဲ့ ပိတ်ချင်းမြောင်ကို မနက်ဖြန်လိုက်ပို့ပေးမယ် ဒီနေ့က ကျန်တဲ့နေရာတွေကိုလျှောက်ပတ်ကြမယ် "
" အဆင်ပြေတယ်မား အဲလိုဘဲလုပ်လိုက်လေ မားအခုစားပြီးပြီးမလား သွားကြမယ်လေနော် မီးငယ်လျှောက်လည်ချင်ပြီး "
" ကဲ ဟုတ်ပါပြီးကွယ်သွားကြမယ် " အိပ်ရာနိုးတည်းက ရေမိုးချိုးအဝတ်အစားလဲထားပြီးသားမို့ မနက်စာစားပြီးတာနဲ့ အဆင်သင့်ထွတ်ရုံပင်။ ဧကရီတို့ပထမဆုံးသွားတဲ့နေရာလေးက ဓာတ်တော်ချိုင့်ရေတံခွန်။ မီးငယ်လေးကတော့ ဓာတ်တော်ချိုင့်ရေတံခွန်ကိုတွေ့တာနဲ့ အင်တာနက်မှာရှာဖွေတွေ့ရှိသမျှကို ဧကရီကိုပြန်ပြီးဖောက်သည်ချနော်တော့သည်။
" ဒီဓာတ်တော်ချိုင့်ရေတံခွန်ကလေ မန္တလေးနဲ့ပြင်ဦးလွင်ကြားမှာရှိတယ်တဲ့ ပြီးတော့သူ့ရဲ့အမြင့်ပေကလေ ၁၂၂ မီတာရှိပြီး အနက်မှာ ၉၁ မီတာရှိတယ်တဲ့မား အမြင့်ကြီးဘဲနော် "
" ဒီရေတံခွန်ကလေ အဆင့်သုံးဆင့်ရှိပြီး ရေတံခွန်အောက်ခြေကနေ အပေါ်ဆုံးအဆင့်ထိရောက်ဖို့ မိနစ်၉၀ကြာတယ်တဲ့ ဟုတ်မဟုတ်တတ်ကြည့်မလား မား "
" အပေါ်တတ်ချင်ရင် တတ်ချင်တယ်လို့ ဒဲ့ပြောလည်းရပါတယ်မီးငယ်ရယ် မီးငယ်တတ်ချင်လို့လား မားက မီးငယ်ပင်ပန်းမှာဆိုးလို့ နောက်ထပ်နေရာတွေလဲထပ်သွားရဦးမှာဆိုတော့ တစ်ဆင့်လောက်ဘဲ တတ်ကြည့်ကြမယ်လေနော် "
" ဟုတ်ကဲ့ပါမားရယ် အဲတာဆိုတစ်ဆင့်လောက်ဘဲတတ်ကြည့်ပြီး နောက်တစ်နေရာသွားကြမယ်နော် " ဓာတ်တော်ချိုင့် ရေတံခွန်သို့ တစ်ခေါက်မျှရောက်ဖူးလျှင်ပင် မပြန်ချင်လောက်အောင် နှစ်သက်မိလောက်သည်။ ရေတံခွန်မှ တသွင်သွင်စီးဆင်းနေသော သန့်ရှင်းကြည်လင်အေးမြနေသည့် စိမ်းပြာရောင် ရေများနှင့် အေးမြလတ်ဆတ်သော လေပြေညှင်းများ၏ တိုးဝှေ့တိုက်ခတ်မှုများကို ခံစားမိရုံနှင့် ဘဝအမောများပြေပျောက်ကာ နိဗ္ဗာန်ဘုံအလားခံစားရစေသည်။ ဒါကြောင့်လဲ ဒီရေတံခွန်ကို နှစ်စဉ်ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ထောင်နှင့်ချီကာ လာရောက် အပန်းဖြေနေကြတာဖြစ်မည်။ ဓာတ်တော်ချိုင့် ရေတံခွန်၏ ပတ်ဝန်းကျင်ရှိ နေရောင်ခြည်မမြင်ရသည်အထိ ပေါက်ရောက်လျက်ရှိသော စိမ်းညိုအုပ်မှိုင်းနေသည့် သစ်ပင်များ၊ ကျေးငှက်တိရိစ္ဆာန်များနှင့် ဇီဝမျိုးစိတ်မျိုးကွဲများစွာတို့က ခရီးသွားတို့၏ စိတ်အာရုံကိုဖမ်းစားလျက်ရှိသည်။ ဓာတ်တော်ချိုင့် ရေတံခွန်နှင့် သဘာဝတောတောင် အလှအပများကြောင့် စိတ်သာယာမှုကို ခံစားပြီးလျှင် အစဉ်အောက်မေ့သတိရကာ နောက်တစ်ကြိမ် လာရောက်လည်ပတ်လိုစိတ်များတစ်ဖွားဖွားပေါ်ပေါက်နေမည်မှာအသေအချာပင်။ ဓာတ်တော်ချိုင့်ရေတံခွန်ကနေဆင်းပြီးတော့ နောက်တစ်နေရာဖြစ်တဲ့ပွဲကောက်ရေတံခွန်ဆီကို ဆက်လက်ချီတတ်ခဲ့ကြသည်။ သွားချင်တဲ့နေရာတွေကိုတစ်နေရာပြီးတစ်နေရာသွားနေရပေမယ့်လည်း တစ်ချက်လေးတောင်ပင်ပန်းဟန်မပြ ပိုပြီးတော့တောင် တတ်ကြွလန်းဆန်းနေသေးသည်။ ဧကရီကားမောင်းနေရင်းနဲ့ပင် မီးငယ်လေးဆီတစ်ချက်ဝေ့ကြည့်ပြီး
" မီးငယ်လေး "
" ရှင် မား "
" ပျော်ရဲ့လား "
" အရမ်းပျော်တာပေါ့မားရယ် မီးငယ်က မားနဲ့အတူ ခရီးတွေအများကြီးထွတ်ချင်တာ " ဒီတစ်ခေါက်ခရီထွတ်ရတာနောက်ဆုံးပါဘဲဆိုတာတော့ မားကိုမပြောချင်တော့ပါ နှင်းရဲ့စိတ်ထဲမှာဘဲထားလိုက်တော့သည်။ စောစောကထိ လန်းဆန်းတတ်ကြွနေတဲ့မီးငယ်လေးက ဘာတွေးမိလို့ ချက်ခြင်းမျက်နှာညှိုးသွားရတာလဲ ဧကရီနားမလည်တော့ပေ။ မီးငယ်မျက်နှာလေးညှိုးရင်တောင် မားမှာ ကမ္ဘာပျက်မတတ်ပူလောင်နေရတယ်ဆိုတာ မီးငယ်လေးသိမှသိပါလေစ။ ပွဲကောက်ရေတံခွန်ဆီရောက်တော့ မီးငယ်လေးမျက်နှာနည်းနည်းပြန်လန်းလာသည်။
" မီးငယ်လေးလာ မားတို့တူတူဓာတ်ပုံရိုက်ကြမယ် " ဧကရီရဲ့လက်ကိုင်ဖုန်းလေးကိုထုတ်ပြီး ပွဲကောက်ရေတံခွန်ကိုနောက်ခံထားကာ နှစ်ယောက်တွဲပုံလေးတွေကို ပိုစ့်အမျိုးမျိုးပြောင်းပြီး သုံးလေးပုံလောက်ရိုက်ထားလိုက်သည်။ ရေတံခွန်းကြီးကို ငေးပြီးအတွေးလွန်နေတဲ့မီးငယ်လေးကိုလဲ မသိအောင်ပုံခိုးရိုက်ထားလိုက်သည်။ ရေတံခွန်နှင့် ရှုမျှော်ခင်းအလှအပများကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်သော Sky Cable Carလေးကို တွေ့တော့ မီးငယ်လေးက လက်ညိုးထိုးကာ
" မား မီးငယ်လေးအဲတာစီးချင်တယ် "
" အိုကေ သွားစီးကြတာပေါ့ " Sky Cable Carပေါ်ကနေဆို ပွဲကောက်ရေတံခွန်မြင်ကွင်း ပန်းမျိုးစုံရဲ့အလှအပ အုံးထနေတဲ့ခရီးသွားတွေကို အပေါ်စီးကနေမြင်တွေရသည်။ အဖြူရောင်ဟူဒီလေးနဲ့ဂျင်ပြာရောင်ဘောင်ဘီရှည်လေးဝတ်ထားတဲ့ကောင်မလေးက ပြင်ပအလှအပတွေကိုငေးမောနေသည်။ ထိုငေးမောနေတဲ့ကောင်မလေးကို မျက်တောင်မခတ်ချစ်ရည်ရွှန်းလဲ့နေတဲ့ မျက်လုံးတွေနဲ့စိုက်ကြည့်နေတဲ့ ကောင်မလးတစ်ယောက်လဲရှိသေးသည်။ထိုကောင်မလေးနှစ်ယောက်ရဲ့ဆင်တူအိင်္ကျီလေးရယ် တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားတာလေးရယ် အချစ်တွေပြည့်ဝနေတဲ့မျက်ဝန်းတွေရယ်ကိုကြည့်လိုက်တာနဲ့ အဲဒီကောင်မလေးနှစ်ယောက်ရဲ့ကြားကအချစ်တွေကို ဘယ်လောက်ခိုင်မြဲလဲသိသာစေသည်။
" မီးငယ်လေး " အပြင်ကိုငေးနေရင်း မားရဲ့ခေါ်သံကြောင့် နှင်းလှည့်ကြည့်လိုက်သည်။ မားရဲ့မျက်ဝန်းတွေ အမြဲတမ်းအရည်လဲ့နေတဲ့ မားရဲ့မျက်ဝန်းနက်နက်လေးတွေက နှင်းရဲ့ရင်ကို လှုပ်ခတ်နိုင်စွမ်းရှိတယ်။ ဒီမျက်ဝန်းတွေထဲမှာ နှင်းအပေါ်ချစ်တဲ့အချစ်တွေ ပြည့်နှက်နေတတ်တယ်။ နှင်းကို အဲလိုတွေမပြုစားပါနဲ့မားရယ် ကြာလာရင် မားရဲ့အပေါ်မှာဒီထက်ပိုပြီး လောဘတတ်လာမိလိမ့်မယ်ထင်တယ်။
" အရမ်းချစ်တယ်မီးငယ်လေး မီးငယ်လေးကိုဘဲမားတစ်သက်လုံးချစ်နေမယ်ကတိပေးတယ်နော် " မီးငယ်လေးရဲ့လက်ဖမိုးလေးကို အသာအယာလေးဆွဲယူနမ်းလိုက်တော့ မီးငယ်လေးရဲ့နှုတ်ခမ်းထက်မှာ ကျေနပ်ခြင်းအပြုံးတွေဖူးပွင့်နေတယ်။
" မီးငယ်လဲမားကိုအရမ်းချစ်တယ် မားတစ်ယောက်တည်းကိုဘဲ မီးငယ်အသက်ဆုံးတဲ့ထိချစ်မယ်လို့ ကတိပေးတယ်မား " ကောင်ကင်ပြာပြာဝေဟင်ပေါ်မှာ အချစ်ကတိတွေတူတူထားခဲ့ပြီးတဲ့နောက်မှာ ကောင်မလေးနှစ်ယောက်ရဲ့နှုတ်ခမ်းပါးလေးတစ်စုံသည်လဲ အချိန်အကြာကြီးထိကပ်သွားစေသည်။
====================
" ကိုဟိန်းဘာမှမသိဘူးလား "
" ညီမလေးက လိင်တူတစ်ယောက်ကိုကြိုက်နေတယ်ဆိုတာကိုတော့ ကိုဟိန်းရိပ်မိပါတယ် ဒါပေမယ့် အဲသူက မဧကရီဖြစ်နေမယ်ဆိုတာ ကိုဟိန်းမသိတာပါ မဧကရီအနားမှာ နေခွင့်ရဖို့အတွက် နှင်းလေးအပေါ်မှာ အဲလိုလုပ်ရပ်မျိုးထိလုပ်လိမ့်မယ်ဆိုတာလဲ ကိုဟိန်းနည်းနည်လေးတောင်မသိတာအမှန်ဘဲ ဆုမြတ် " နွယ်နဲ့ဟိုကိစ္စဖြစ်ပြီးတည်းက ဆုမြတ်သေချာစဉ်းစားခဲ့သည်။ နွယ်လက်မခံပေမယ့်လည်း အုပ်ထိန်းသူဖြစ်တဲ့ကိုဟိန်းကိုပြောပြပြီး ကိုဟိန်းက နည်းနည်းပါးပါးပြောလိုက်ရင် နွယ့်ကိုအမြင်မှန်ရလိမ့်မယ်ဆိုတဲ့သဘောနဲ့ ဒါပေမယ့် ဆုမြတ်မထင်ထားတာက အဲလိုလုပ်လိုက်တာက နွယ့်ကိုပိုဆိုးသွားစေတာကိုပင်။
" ကိုဟိန်းကို ဆုမြတ်ပြောစရာရှိတယ် ကိုဟိန်းအလေးအနက်စဉ်းစားပေးပါနော် ဆုမြတ်ဒီလိုလုပ်တာ နွယ့်အတွက်ပါ နွယ့်ကိုဒီထက်ပိုပြီး လမ်းမှားမရောက်စေချင်တော့ဘူး "
" ပြောလေ ဆုမြတ် ညီမလေးအတွက်ဆို ကိုဟိန်းသေချာစဉ်းစားမှာပါ "
" ဆုမြတ် နွယ့်ကိုချစ်တယ် ပြီးတော့ ဆုမြတ်နဲ့နွယ်က လွန်လွန်ကြူးကြူးတွေလဲဖြစ်ပြီးပြီးမို့ နွယ့်ကိုလက်ထပ်ခွင့်ပြုပေးပါ "
" ညီမလေးအပေါ်ထားတဲ့ဆုမြတ်ရဲ့စိတ်ကို ကိုဟိန်းသိပါတယ် ကောင်းပြီးလေ ကိုဟိန်းသဘောတူတယ် "
" ဒါပေမယ့် နွယ်က... "
" နွယ့်ကို ကိုဟိန်းပြောမှာမို့ ဆုမြတ်စိတ်မပူနဲ့ "
" ဟုတ်ကဲ့ကိုဟိန်း ဆုမြတ်သွားတော့မယ်နော် " ဆုမြတ်ထွတ်သွားမှဘဲ ဟိန်းမင်းလတ်သက်ပြင်းချရသည်။ ဖေဖေနဲ့မေမေဆုံးသွားပြီးတည်းက ဟိန်းမင်းလတ်အသက်၁၅နှစ်တည်းနဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့ညီမငယ်လေးသဇင်နွယ့်ကို စောင့်ရှောက်ခဲ့ရသည်။ ဖေဖေထားခဲ့တဲ့ကုမ္မဏီကို ထိန်းသိမ်းရင်း ငယ်သေးတယ်ဆိုပြီး ခေါင်းပုံဖြတ်တတ်တဲ့လူကြီးတွေကြားထဲမှာ ကုမ္မဏီကိုကာကွယ်ခဲ့ရတာကြောင့် ညီမလေးအပေါ်ကိုယ်ဖိရင်ဖိမေတ္တာတရားတွေပေးပြီး မစောင့်ရှောက်ခဲ့နိုင်ပေ။ လိုတာဘာဘဲဖြစ်ဖြစ်မရရအောင်ဖန်တီးပေးထားခဲ့တာမို့လို့ အခုလဲညီမလေးက လိုချင်တာကို ဘယ်လိုနည်းလမ်းနဲ့ဘဲဖြစ်ဖြစ်ရအောင်ယူခဲ့တာလို့တွေးမိတော့ သူ့ကိုယ်သူသာ အပြစ်တင်မိသည်။ ဘယ်လိုဖြစ်ဖြစ် ညီမလေးကိုလမ်းမှန်ပြန်ရောက်ဖို့အတွက်က သူ့တာဝန်သာဖြစ်ကြောင်းတွေးထားသည်။
" အား... အား... မားရေ မီးငယ်ကြောက်တယ်မသွား ရဲ့ဘူးလို့ "
" မီးငယ်ဘဲ ဒီတံတားပေါ်ကနေ လျှောက်ချင်တယ်ဆို ဘာမှကြောက်စရာမရှိပါဘူးမီးငယ်ရဲ့ ဟိုမှာကြည့်သူများတွေလဲ သွားနေကြတာ " တကယ်ဆိုးတဲ့မီးငယ်လေးပါပေ။ ပွဲကောက်ရေတံခွန်မှာရှိတဲ့ LEDမှန်တံတားကြီးပေါ် ဖြတ်လျှောက်ချင်ပါတယ်လို့ ပူဆာလာတာလဲ မီးငယ်လေးဘဲ။ ဟော အခုလျှောက်မယ်ဆိုတော့လဲ ကြောက်ပါတယ်ဆိုပြီး အာဗြဲကြီးနဲ့အော်နေတာ ဘေးနားကသူတွေတောင် ကြည့်ပြီးရယ်နေကြပြီး။
" မီးငယ်ကြောက်ရင်လဲ မလျှောက်နဲ့တော့လေ မားတို့တွေအခြားနေရာသွားကြည့်ကြမယ် "
" ဟင့်အင်း မီးငယ်လျှောက်မှာ မားလဲပါနေတာဘဲ မီးငယ်မကြောက်ပါဘူး " ရှေ့ကမှန်တံတားကြီးကိုကြည့်ပြီး ရှုံ့မဲ့မဲ့ဖြစ်နေတဲ့ပုံက ရယ်ရအခက် ငိုရအခက်ပင်။ အေးစက်နေတဲ့လက်ဖဝါးလေးကို ခပ်တည်းတည်းဆုပ်ကိုင်ကာ
" လာ မားနဲ့တူတူလျှောက်ကြမယ် ဘာမှကြောက်စရာမလိုဘူး မားရှိတယ်နော်မီးငယ်လေး " စိတ်ကိုတင်းကာ ခေါင်းညိမ့်လိုက်သည်ထင် ဧကရီဆုပ်ကိုင်ထားတဲ့လက်ဖဝါးလေးက တင်းကြပ်လာသလိုပါခံစားရသည်။ အေးစက်နေတဲ့လက်ဖဝါးလေးက မီးငယ်လေးတော်တော်ကြောက်နေတဲ့ပုံပင်။ ကြောက်လည်းကြောက်တယ် လျှောက်လည်းလျှောက်ချင်တဲ့မီးငယ်လေးအဖြစ်ကြောင့် ဧကရီရယ်ချင်စိတ်ကို တော်တော်ထိန်းထားရသည်။ အစကတော့ ဘာဟူဘာလီလိုသတ္တိတွေကောင်းပြီး စလျှောက်မယ်လုပ်တော့ ပထမတစ်လှမ်းမှာတင် လေးဖက်ကြီးထောက်ပြီးအော်ငိုနေတဲ့မီးငယ်လေးကြောင့် ဧကရီဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ အကြောင်းကတော့ LEDမှန်တံတားဖြစ်တာကြောင့် ခြေထောက်တစ်ချက်ထောက်လိုက်တာနဲ့ မှန်ကအက်ကွဲသွားသလိုပုံစံမျိုးလေးပေါ်လာတာကို တကယ်မှန်ကွဲသွားတယ်ထင်ပြီးအော်ငိုနေခြင်းပင်။
" မားရေ ဟီး... ဟီး... မှန်ကွဲသွားပြီး တံတားကကျိုးကျတော့မယ်လို့ မီးငယ်ကြောက်တယ် ဟီး...အီ.... " ဘေးပတ်ဝန်ကျင်မကြည့်ဘဲ မျက်စိကြီးမှိတ်ပြီး လေးဖက်ထောက်ကာ အော်ငိုနေတဲ့မီးငယ်ကြောင့် ဧကရီအူနှိပ်ပြီးရယ်နေရသည်။
" ဟား... ဟား... မီးငယ်ရယ် မျက်လုံးဖွင့်ကြည့်ဦး မားကိုကြည့် ဘာမှန်မှမကွဲဘူး ဒါကLEDမှန်မို့လို့ ခြေချလိုက်တာနဲ့ အက်ကွဲကြောင်းပုံစံပေါ်လာတာ "
" တကယ်လား မား "
" တကယ်ပေါ့ မျက်လုံးဖွင့် မားကိုကြည့် " မပွင့်တပွင့်နဲ့မျက်လုံးလေးဝင့်ကြည့်တော့ အကုန်လုံးပုံမှန်အတိုင်းရှိနေမှ သက်ပြင်းချလာသည်။ ဘာမှမဖြစ်ဘူးဆိုတာသိစေချင်တာကြောင့် မှန်တံတာပေါ်မှာ ဧကရီနှစ်လမ်းသုံးလမ်းလျှောက်ပြမှပင် နည်းနည်းစိတ်အေးချမ်းသာဖြစ်သွားသည်ထင်။ မှန်တံတားပေါ် လေးဖက်ထောက်ပြီးနေနေတဲ့ မီးငယ်လေးဆီလက်ကမ်းပေးလိုက်တော့ ဧကရီလက်ကိုအားကိုတကြီးဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်ထလာသေးသည်။
" လာ ဘာမှမကြောက်နဲ့တော့နော် သူများတွေသွားနေကြတာဘဲ ဘာမှမဖြစ်ဘူးတွေ့လား နေ့လည်စာစားချိန်လဲရောက်တော့မယ် မီးငယ်လေးလည်းဆာနေပြီးမလား ဒီတံတားကိုလျှောက်ပြီးရင် ဒီဇင်ဘာခြံကိုသွားကြမယ်နော် အဲမှာမီးငယ်လေးကြိုက်တဲ့စတော်ဘယ်ရီတွေ အခင်းလိုက်ရှိတယ် နေ့လည်စာလဲအဲမှာစားကြမယ်နော် "
" တကယ်လား အဲတာဆိုသွားကြမယ်လေ မားကဘယ်လိုသိတာလဲ ဒီဇင်ဘာခြံမှာစတော်ဘယ်ရီခင်းကြီးရှိတယ်ဆို မီးငယ်လေးတောင်ရှာမတွေ့ဘူး ဒီဇင်ဘာခြံနဲ့ရေတံခွန်ဘဲတွေ့တာ "
" ဒီဇင်ဘာခြံပိုင်ရှင်နဲ့မားနဲ့က အရင်ကလုပ်ငန်းတူတူလုပ်ခဲ့တယ်လေ အခုတော့မလုပ်တော့ပါဘူး ဒီဇင်ဘာခြံပရောဂျက်တောင်တူတူလုပ်ခဲ့သေးတော့ မားသိတာပါ "
" ဟုတ်လား အဲတာဆိုသွားကြမယ်လေ မီးငယ်လေးgoogleမှာရှာတာ ဒီဇင်ဘာခြံကပန်းခြံလှလှလေးတွေရှိတယ်သိလား " စကားလေးပြောရင်သွားတော့ မှန်တံတားဆုံးသွားမှန်းတောင် သတိမထားမိပေ။ မားသာရှိနေရင် နှင်းအတွက် ဘယ်အရာကိုမဆို မကြောက်အောင်ကျော်ဖြတ်နိုင်တဲ့အင်အားရှိသည်။
====================
ဒီဇင်ဘာခြံမှာ နေ့လည်စာဝင်စားပြီးတော့ စတော်ဘယ်ရီခြံကြီးဆီသွားပြီး ရဲရဲနီနေတဲ့စတော်ဘယ်ရီတွေလည်း မီးငယ်လေးစိတ်ကြိုက်ရွေးပြီး ခူးခဲ့ကြသည်။ ပန်းခင်းလှလှလေးတွေမှာလဲ စိတ်ကြိုက်ဓာတ်ဖမ်းခဲ့သေးသည်။ လိမ္မော်ခြံနဲ့ စပျစ်ခြံကိုပါသွားရောက်လည်ပတ်ပြီး အသီးတွေစိတ်ကြိုက်ခူး စိတ်ကြိုက်စားနေတဲ့မီးငယ်လေးက ရှဉ့်ပေါက်လေးအတိုင်း အူယားစရာကြီးပင်။ ကားထဲမှာလဲ မီးငယ်လေးခူးယူလာတဲ့ စတော်ဘယ်ရီသီးတွေ လိမ္မော်သီးနဲ့စပျစ်သီးတွေလဲ အပြည့်ဖြစ်နေပြီး။ နောက်ဆုံးတရုတ်ဘုံကျောင်းနဲ့ကန်တော်ကြီးဥယျာဉ်သာလည်ပတ်ရန်ကျန်တော့သည်။ အချိန်လဲနောက်ကျနေပြီးမို့ တရုတ်ဘုံကျောင်းနဲ့ ကန်တော်ကြီးဥယျာဉ်ကို နေရာစုံအောင်မလည်တော့ဘဲ နာမည်ကြီးတဲ့နေရာ လှတဲ့နေရာလောက်မှာဘဲ အမှတ်တရဓာတ်ပုံလေးတွေရိုက်ပြီး တည်းနေတဲ့ဟိုတယ်ဆီသာ ပြန်လာခဲ့သည်။ မီးငယ်လေးကတော့တစ်နေ့လုံးလည်ပတ်ပြီးတော့ ပင်ပန်းသွားပြီးထင်ပါရဲ့ ကားပေါ်မှာအိပ်ပျော်နေပြီး။ ဟိုတယ်ကိုရောက်တော့ ကားပေါ်မှာပါတဲ့အထုတ်တွေကို ဟိုတယ်ဝန်ထမ်းက အခန်းရှေ့ထိပို့ပေးတာကြောင့် မီးငယ်လေးကိုဘဲပွေ့ချီလာခဲ့သည်။ မီးငယ်လေးကို ကုတင်ပေါ်ချပြီးတာနဲ့ ဧကရီရေချိုးလိုက်သည်။ တစ်နေ့လုံးလျှောက်သွားထားတာကြောင့် ညှီစီစီဖြစ်နေတဲ့လူက ရေချို့လိုက်တော့ လန်းသွားသည်။ ဧကရီ Bathrobesအဖြူလေးကိုဝတ်ပြီး ဝတ်ရည်ဆီဖုန်းခေါ်ကာ ကုမ္မဏီကိစ္စတွေလှမ်းမေးရသည်။
" ဟယ်လို ဝတ်ရည် ကုမ္မဏီအခြေအနေရော "
" ကုမ္မဏီကအရင်လိုဘဲ CEO ရှယ်ယာဈေးတွေက ခုထိမငြိမ်သေးဘူး ဦးနန်းမိုးတို့ကလဲ ခုထိငြိမ်နေတယ် ကြည့်ရတာရှယ်ယာရှင်အစည်းအဝေးကို စောင့်နေပုံရတယ် "
" သဇင်နွယ်ဘက်ကကော ဘယ်လိုလဲ "
" သဇင်နွယ်ကတော့ CEOကိုထောက်ခံမှာလား ဦးနန်းမိုးကိုထောက်ခံမှာလားဆိုတာ မသေချာသေးဘူး ရှေ့ရက်ကတော့ ဦးနန်းမိုးနဲ့တွေ့ခဲ့သေးတယ် "
" ဟုတ်ပြီးသေချာစောင့်ကြည့်ပါ ရှယ်ယာရှင်အစည်းအဝေးပြီးမှဘဲ ဆက်ပြီးစဉ်စားတာပေါ့ အခုတော့မီးငယ်လေးနဲ့ဘဲ အချိန်ပြုန်းချင်တယ် "
" ဟုတ်ကဲ့ပါCEO သာယာတဲ့ညခင်းဖြစ်ပါစေ " ဆုမြတ်ဖုန်းချပြီးတာနဲ့ မီးငယ်လေးကိုနိုးရင် ညစာစားဖို့ ပြင်ဆင်ထားလိုက်သည်။
" ဒီကိုလာထိုင်ဦးညီမလေး ကိုကိုပြောစရာရှိလို့ " နွယ်ကုမ္မဏီကနေပြန်ရောက်တာနဲ့ အခန်းထဲဝင်နားဖို့အပေါ်တတ်တုန်း ကိုကိုလှမ်းခေါ်တာကြောင့် အပေါ်ထပ်ကိုလှမ်းနေတဲ့ခြေလှမ်းတွေကို နောက်ဆုတ်ပြီး ဧည့်ခန်းဆီကိုဦးတည်လိုက်သည်။
" ပြောလေကိုကို ညီမလေးပင်ပန်းနေလို့ အပ်ါတတ်နားမလို့ "
" ညီမလေးနဲ့ဆုမြတ် လက်ထပ်ရမယ် " ကိုကိုပြောတဲ့စကားကြောင့် နွယ်အံ့သြတုန်လှုပ်သွားသည်။ တော်ရုံဆိုနွယ့်ရဲ့ကိစ္စတွေမှာ နွယ်ပျော်ရင်ပြီးရောဆိုပြီးလွှတ်ထားတတ်ပြီး ဘေးကနေဘဲအကြံပေးတဲ့ကိုကိုက နွယ်လက်ထပ်ဖို့အတွက်ကို အတင်းအကြပ်စေခိုင်းနေတာလား နွယ်မသိတော့ပါ။
" ဘာကိုပြောတာလဲကိုကို ညီမလေးလက်မခံနိုင်ဘူး "
" ဘာလို့လဲ အကြောင်းပြချက်ပေး "
" ဟို... ဟို ညီမလေးဒီတိုင်းလက်မထပ်ချင်သေးဘူး "
" အကြောင်းပြချက်တိတိကျကျမရှိရင် ဆုမြတ်နဲ့ဘဲလက်ထပ်ရမယ် အပိုစကားတွေမပြောနဲ့ "
" ညီမလေးမှာ ချစ်ရမယ့်သူရှိတယ် ကိုကိုစီစဉ်တဲ့လက်ထပ်ပွဲကို ညီမလေးလက်မခံနိုင်ဘူး "
" ညီမလေးချစ်ရမယ့်သူက မဧကရီလား သူ့မှာပိုင်ဆိုင်သူရှိတယ်လေ အဲလူကလဲ ညီမလေးရဲ့သူငယ်ချင်းဘဲလေ အခုလဲသူ့အပေါ်မှာ ဘယ်လိုလုပ်ရပ်တွေလုပ်ခဲ့လဲဆိုတာ ကိုကိုမသိဘူးထင်နေလား "
" အော်ကိုကိုက ကိုကိုချစ်သူကို ညီမလေးဒုက္ခပေးမှာဆိုးလို့ ညီမလေးကိုအတင်းအိမ်ထောင်ချပေးဖို့လုပ်နေတာလား "
" မဟုတ်ဘူးညီမလေး ကိုကိုက ကိုယ့်အတွက်မဟုတ်တဲ့အချစ်နောက်ကိုလိုက်ရင် ညီမလေးဒုက္ခရောက်မှာကြောက်လို့ပါ ကိုကို့စကားကိုနားထောင်ပါနော်ညီမလေး ကိုကို့ညီမလေးက လိမ်မာပါတယ် ကိုကိုပြောတာလက်ခံမယ်မလား "
" ဟင့်အင်း ညီမလေးလက်မခံနိုင်ဘူး ညီမလေးက ကိုကို့လိုသရဲဘောမကြောင်ဘူး ညီမလေးချစ်တဲ့သူကို ညီမလေးရအောင်ယူမှာဘယ်လိုနည်းလမ်းဘဲသုံးရသုံးရ ကိုကိုလိုမျိုးလွယ်လွယ်အရှုံးမပေးဘူးကိုကို "
" ညီမလေးရယ် မဧကရီချစ်တာညီမလေးမှမဟုတ်တာ နှင်းလေးကိုချစ်တာလေ အခုချိန်ရပ်လို့ရသေးတယ်ညီမလေး ရှေ့ဆက်တိုးရင် ညီမလေးဘဲဒုက္ခရောက်မှာ ကိုယ့်အပိုင်မဟုတ်တဲ့အချစ်ကို အတင်းပိုင်ဆိုင်ဖို့ကြိုးစားရင် ညီမလေးကိုချစ်ပြီး ညီမလေးနားမှာရှိတဲ့သူတွေကို ညီမလေးဆုံးရှုံးရလိမ့်မယ် အဲခါကျမှနောင်တရမယ်ဆို ညီမလေးနောက်ကျသွားပြီးနော် "
" ဟင့်အင်း ညီမလေးချစ်တဲ့သူသာအနားမှာရှိရင် ညီမလေးဘာကိုမှနောင်တမရဘူး ပြီးတော့ကိုကိုသိလား မကြာခင်နှင်းလေးက အန်တီဧနားကနေထွတ်သွားတော့မှာ အန်တီဧနားမှာသာ နှင်းလေးမရှိတော့ရင် အန်တီဧကိုနွယ်ပိုင်ဆိုင်ရပြီး အဲခါကျရင် နှင်းလေးလဲတစ်ယောက်တည်းဖြစ်သွားပြီးဆိုတော့ ကိုကိုလဲပိုင်ဆိုင်ရပြီးလေ ကိုကိုသာလိုချင်ရင် နှင်းလေးကို ညီမလေးဆေးခတ်ပေးမယ် ကိုကိုအပိုင်သိမ်း "
" သဇင်နွယ် ဖြန်း..... " ကြီးမားတဲ့အိမ်ကြီးထဲမှာ လက်ဝါးရိုက်သံက ဟိန်းခနဲ့ထွတ်လာပြီး နွယ့်ရဲ့ပါးတစ်ဖက်က ပူထူလာသည်။ နွယ့်ရဲ့မျက်နှာထက်မှာ မယုံကြည်နိုင်ဟန် မျက်လုံးထက်ကနေထွတ်ကျလာတဲ့ မျက်ရည်တစ်စက်ကို အောက်မကျခင်မှာဘဲ ဆွဲသုတ်လိုက်ပြီး
" ကိုကိုက အခြားမိန်းမတစ်ယောက်အတွက်နဲ့ ညီမလေးကို ရိုက်တယ် ကိုကို့ ကို မုန်းတယ် စောနှင်းပွင့်ဖြူကိုလည်းမုန်းတယ် သူ့ကြောင့်ညီမလေးအခုလိုဖြစ်ရတာ မုန်းတယ်... မုန်းတယ်... " ။ ဟိန်းမင်းလတ် ဧည့်ခန်းထဲမှာထိုင်ပြီးအော်ဟစ်နေတဲ့ ညီမငယ်လေးကိုကျောခိုင်းပြီးထွတ်လာခဲ့သည်။ တစ်ဦးတည်းသောညီမလေးကို အခုလိုရိုက်လိုက်ရတဲ့အတွက်လဲ ဟိန်းမင်းလတ်စိတ်မကောင်းဘူး။ ဒါပေမယ့်ဟိန်းမင်းလတ်မမှားဘူးဆိုတာတော့သိသည်။ မိန်းကလေးတစ်ယောက်ဖြစ်ပါရက်နဲ့ အခြားမိန်းကလေးတစ်ယောက်ပေါ် ကိုယ်ချင်းစာစိတ်တစ်စိုးတစ်စိတောင်မရှိဘဲ ဆေးခတ်ပြီးဘဝဖြတ်ဖို့ကို မျက်တောင်မခတ်တမ်းပြောထွတ်ရက်တယ်။ ဟိန်းမင်းလတ်ကောင်ကင်ကြီးကိုသာ မော့ကြည့်ပြီး
" ဖေဖေနဲ့မေမေမျက်နှာကို သားမကြည့်ရဲတော့ပါဘူး သားညီမလေးအပေါ်မှာ တာဝန်မကျေခဲ့တာတွေကြောင့် ညီမလေးအခုလိုဆိုးသွမ်းနေတာပါ သားတောင်းပန်ပါတယ်ဖေဖေနဲ့မေမေ "
====================
အရှည်ကြီးဘဲရေးပေးထားတယ်နော် ဒီအပိုင်းရေးရတာ သာသာအတွက်အများကြီးခက်ခဲပါတယ် တစ်ခါမှမရောက်ဖူးတဲ့နေရာကိုစီကာပတ်ကုံး မျက်လုံးထဲမြင်အောင်မရေးတတ်တာသာသာအားနည်းချက်မို့ နားလည်သည်းခံပြီးဖတ်ပေးပါဦးနော်။ သိလိုတာကို Googleခေါက်ပြီး မှီငြမ်းရေးထားတာမို့ အမှားအယွင်းတစ်စုံတစ်ရာရှိရင်လဲ နားလည်ပေးပါဦးနော်။
မနက်ဖြန် 15.10.23မှာ BLဝထ္ထုတိုပြိုင်ပွဲလေးလုပ်ဖို့ရှိတာမို့ စိတ်ဝင်စားလို့ဝင်ပြိုင်ချင်တယ်ဆိုရင် အောက်ကlinkလေးထဲ Joinထားပေးနော် မနက်ဖြန်အသေးစိတ်တင်ပေးပါမယ်
https://www.facebook.com/groups/1014752236416291/?ref=share
အောက်ဆုံးမှာပုံပါပါတယ် အောက်ဆွဲပြီးကြည့်ပေးပါနော်
-----------------------------------------------------------
ၿပိဳင္ပြဲဝင္ခ်င္သူမ်ားအတြက္ Joinရန္
ပြိုင်ပွဲဝင်ချင်သူများအတွက် Joinရန်မားနဲ႔မီးငယ္ေလးလည္ပတ္ခဲ့တဲ့ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္နဲ႔ ပြဲေကာက္ေရတံခြန္
မားနဲ့မီးငယ်လေးလည်ပတ်ခဲ့တဲ့ ဓာတ်တော်ချိုင့်ရေတံခွန်နဲ့ ပွဲကောက်ရေတံခွန်
YOU ARE READING
မားရဲ႕ မီးငယ္ေလး (Completed )
RomanceGL Story Unicode နဲ႔ေရာ Zawgyi နဲ႔ေရာ နွစ္မ်ိဳးလံုးနဲ႔ ေရးေပးထားလို႔ စာဖတ္သူေတြ အဆင္ေျပၾကပါေစ