မားရဲ႕ မီးငယ္ေလး
- အပိုင္း ၁၈
- GL Story
- စာေရးသူ ခ်ယ္
" ဒါ ဘယ္လိုျဖစ္တာလဲ ဌာနမႈနန္းစႏၵာ ဒီပေရာဂ်က္နဲ႔ပတ္သတ္ၿပီး CEOျဖစ္တဲ့ဧကရီေတာင္ ဘာမွမသိရပါလား ဌာနမႈနန္းစႏၵာက ဧကရီထက္လုပ္ပိုင္ခြင့္ေတြပိုမ်ားေနတာလား "
" မ... မဟုတ္ပါဘူး CEOအထင္လြဲေနတာပါ နန္း မွား... မွားၿပီးေတာ့ေပးမိတာပါ "
" ဟ... အဲေလာက္လြယ္သလားဌာနမႈနန္းစႏၵာ မင္းေျပာတဲ့ မွားၿပီးေပးမိတာပါဆိုတာ မိန္းကေလးတစ္ေယာက္ဘဝပ်က္ဖို႔ သီသီေလးဘဲလိုေတာ့တယ္ အဲတာဘယ္လိုတာဝန္ယူမွာလဲ ဧကရီကေတာ့ ဒီတိုင္းေက်ာ္သြားနိုင္မွာမဟုတ္ဘူးေနာ္ " မွန္ပါသည္။ ပေရာဂ်က္တစ္ခုရွင္းလင္းစရာရွိလို႔ ရင္းနွီးျမႇပ္နွံသူနဲ႔သြားေတြ႕ခိုင္းခဲ့သည့္နန္းစႏၵာ၊ မီးငယ္ေလးေဆးမိၿပီးေနာက္ ေပ်ာက္ျခင္းမလွေပ်ာက္သြားတဲ့ရင္းနွီးျမႇပ္နွံသူဆိုသူနွင့္ ဒီျပႆနာေတြအားလံုးက နန္းစႏၵာပေရာဂမကင္းဘူးဆိုတာေၾကာင့္ ဧကရီေတာ္ေတာ္ေလးကို ေဒါသထြတ္ေနသည္။ ဧကရီေဒါသနဲ႔ေပါက္ကြဲေနတာေၾကာင့္ အစည္းအေဝးခန္းထဲမွာရွိတဲ့ ရွယ္ယာရွင္ေတြ ၿငိမ္ကုတ္ေနၾကသည္။ ဧကရီေဒါသ သူတို႔ေပၚပံုက်လို႔ သူတို႔အတြက္ေကာင္းတာ ဘာမွမရွိဘူးေလ။ အဲေတာ့ သူတို႔နဲ႔မဆိုင္သလို႔ အေပါက္ပိတ္ၿပီးထိုင္ေနရံုဘဲ သူတို႔လုပ္နိုင္သည္။
" ဒီပေရာဂ်က္ကဘာအတြက္လဲ ဝန္ထမ္းေစာနွင္းပြင့္ျဖဴသြားေတြ႕တဲ့ ရင္နွီးျမႇပ္နွံသူဆိုတာကေကာဘယ္မွာလဲ မသိဘူးလိုေတာ့မေျပာနဲ႔ေနာ္ မသိဘဲနဲ႔အေရးႀကီးတဲ့ရင္းနွီးျမႇပ္နွံသူပါလို႔ ဘာလို႔ေျပာခဲ့လဲ "
" နန္းဆီကို အမည္မေဖာ္လိုသူရင္းနွီးျမႇပ္နွံသူတစ္ေယာက္က Emailကေန ပေရာဂ်က္အေၾကာင္းရွင္း... ရွင္းျပဖို႔ အဲလိပ္စာအတိုင္းလာဖို႔ေျပာလို႔ပါ နန္းက်န္တာဘာမွမသိပါဘူး "
" စိတ္ေလ်ာ့ပါCEOရယ္ လူဆိုတာအမွားနဲ႔မကင္းဘူးေလ တစ္ခါတေလေတာ့အမွားဆိုတာရွိမွာဘဲေလ အခုCEOက ေသးေသးတင္မခံျဖစ္ေနတာ CEOရဲ႕ေမြးစားသမီးျဖစ္ေနလို႔လား အျခားဝန္ထမ္းဆိုရင္ေကာ အခုလိုဘဲေျပာမွာလား " တစ္ခ်ိန္လံုးၿငိမ္ေနရာမွ ဦးနန္းမိုးက ထေျပာလာတာေၾကာင့္
" ဒီေနရာမွာ ဧကရီရဲ႕ကုမၼဏီဝန္ထမ္းဆိုတဲ့ေခါင္းစဥ္ေအာက္မွာေျပာေနတာပါဦးနန္းမိုး အဲေနရာမွာေစာနွင္းပြင့္ျဖဴမဟုတ္ဘဲ အျခားမိန္းကေလးတစ္ေယာက္ဆိုလဲ ဧကရီဒီလိုဘဲေျပာမွာပါ အခုက မိန္းကေလးတစ္ေယာက္ေဆးခတ္ခံရၿပီး ဘဝပ်က္မလိုျဖစ္ခဲ့ရတာအတြက္ တာဝန္ယူသင့္တယ္မလား "
" အခုဘာမွမျဖစ္ဘူးမလား CEO ဘာမွမျဖစ္တဲ့ကိစၥတစ္ခုကို ဘာလို႔ပံုႀကီးခ်ဲ႕ခ်င္တာလဲ ဒီကိစၥအျပင္ကိုေပါက္ၾကားသြားရင္ ကုမၼဏီရဲ႕ပံုရိပ္ထိခိုက္လာနိုင္တယ္ေနာ္ "
" ဘာမွမျဖစ္လို႔ ဒီတိုင္းထားလိုက္ခ်င္တယ္ဆိုတဲ့သေဘာလားဦးနန္းမိုး မိန္းကေလးတစ္ေယာက္ရဲ႕ဘဝနဲ႔သက္ဆိုင္ေနတာေနာ္ အဲေနရာမွာ ဦးနန္းမိုးသမီးဆိုရင္ေရာ အခုလိုဘဲေျပာမွာလား "
" မင္း... မင္း... အဲေတာ့မင္းက ဘယ္လိုျဖစ္ေစခ်င္တာတုန္း ေျပာစမ္းပါဦး "
" ဒီျပႆနာက ဌာနမႈနန္းစႏၵာေပါ့ေလ်ာ့လို႔ျဖစ္ရတာဆိုေတာ့ ဌာနမႈနန္းစႏၵာကို ေခတၲရာထူးကေနရပ္ဆိုင္းမယ္ ဦးနန္းမိုးအေနနဲ႔ဘာေျပာခ်င္ေသးလဲ " တစ္ခုခုေျပာဟန္ျပင္ေနတဲ့ဦးနန္းမိုးစကားကို အေျပာမခံဘဲ ဧကရီျဖတ္ေျပာလိုက္သည္။
" မဟုတ္မွ သမီးဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ကာကြယ္ေပးမို႔ေတာ့မဟုတ္ပါဘူးေနာ္ မဟုတ္ေလာက္ပါဘူးဦးနန္းမိုးက တရားမ်ွတမႈရွိတဲ့လူ အလုပ္နဲ႔ကိုယ္ေရးကိုယ္တာခြဲျခားတတ္တဲ့လူလို႔သိထားတာပါ ဟုတ္တယ္မလား " CEOရဲ႕လိမ္မာပါးနပ္မႈ ဝတ္ရည္ က်ိတ္ၿပံဳးလိုက္သည္။ ကိုယ့္ကိုဆန္႔က်င္မယ့္သူကို အလိမ္မာနည္းသံုးၿပီး ရိုက္ခ်လိုက္တာ အမႈေဆာင္ဒါရိုက္ဦးနန္းမိုးမ်က္နွာႀကီး ေဒါသေၾကာင့္ရဲတတ္ေနသည္။ သူ႔ရဲ႕ေသြးသားမိသားစုထက္ ဂုဏ္သိကၡာကိုပိုအေလးထားတဲ့ဦးနန္းမိုးအတြက္ တိက်တဲ့ပစ္ခ်က္ပင္။ တိတ္တခိုးေစာင့္ၾကည့္ေနၾကတဲ့ရွယ္ယာရွင္ေတြအေရွ႕မွာ အေျပာနဲ႔အလုပ္မညီတာမ်ိဳး ဦးနန္းမိုးဘယ္ေတာ့မွမလုပ္ဘူးဆိုတာ ဧကရီသိတာေပါ့။ ထင္ထားတဲ့အတိုင္းပင္
" အဲလိုမဟုတ္ပါဘူး CEOသေဘာအတိုင္းဘဲလုပ္ပါ ဒါေပမယ့္ နန္းစႏၵာဆိုတာကုမၼဏီအတြက္အေရးပါးတဲ့သူမို႔ ရာထူးကေနလံုးဝထုတ္ဖယ္တာမ်ိဳးေတာ့မလုပ္ပါနဲ႔ ရာထူးကဆိုင္းငံ့ထားရံုဆိုအဆင္ေျပတယ္မလား "
" စိတ္ခ်ပါ ဧကရီေစာင့္ၾကည့္ေနမွာ ေနာက္ထပ္အမွားမ်ိဳးျဖစ္လာခဲ့ရင္ေတာ့ ဧကရီထုတ္ဖယ္သင့္ဖယ္ရမယ္မလားဦးနန္းမိုး ဘယ္လိုအာဏာရွိတဲ့သူရဲ႕ေနာက္ခံမ်ိဳးရွိေနပါေစေပါ့ " ဧကရီအစည္းအေဝးအခန္းထဲက ထြတ္လာတာနဲ႔ က်န္တဲ့ရွယ္ယာရွင္ေတြလဲ အသက္ရႈေခ်ာင္သြားဟန္ျဖင့္ သက္ျပင္းေမာခ်ကာ ကိုယ္စီထြတ္သြားၾကသည္။ အစည္းအေဝးခန္းထဲကေန မထြတ္နိုင္သူနွစ္ဦးကေတာ့ အမႈေဆာင္ဒါရိုက္တာဦးနန္းမိုးနဲ႔ သူ႔ရဲ႕သမီးဌာနမႈနန္းစႏၵာ
" အေဖ ဘာလိုသေဘာတူလိုက္တာလဲ တားသင့္တယ္မဟုတ္ဘူးလား "
" ျဖန္း... " သူ႔အေဖရဲ႕လက္ဝါးၾကမ္းၾကမ္းတစ္ခ်က္က နန္းစႏၵာရဲ႕ပါးေပၚက်လာတာေၾကာင့္ နန္းစႏၵာ အံၾသသြားသည္။ ဦးနန္းမိုး နန္းစႏၵာရဲ႕ပုခံုးကို ကိုင္လႈပ္ကာ
" နင့္ကို ေသေသသပ္သပ္လုပ္ဖို႔ သတိမေပးဘူးလား ပိုင္ၿပီးေသခ်ာၿပီးဆိုမွလုပ္ေလ မပိုင္ရင္သြားမထိနဲ႔လို႔ငါေျပာထားတယ္မလား အခုၾကည့္ နင့္ေၾကာင့္ရွယ္ယာရွင္ေတြေရွ႕မွာ ဘယ္ေလာက္ေစာက္ရွက္ကြဲသလဲသိလား "
" အဲတာသမီးအမွားမွ မဟုတ္တာေဖေဖ ဟိုေကာင္ေအာင္မင္းကေသခ်ာမွမလုပ္တာ ကိုႀကီးကလဲ ဘယ္လိုလူေတြဌားထားလဲမသိဘူး အသံုးကိုမက်ဘူး ေတာက္ "
" အခုမွေတာ့ဘာမွေျပာမေနနဲ႔ေတာ့ အိမ္မွာတစ္လနွစ္လေလာက္နားေနလိုက္ အေျခအေနၿငိမ္သြားရင္ CEOကိုေျပာၿပီး အရင္ရာထူးျပန္ခန္႔ထားေပးမယ္ " ဦးနန္းမိုးေျပာၿပီးတာနဲ႔အစည္းအေဝးခန္းထဲကေနထြတ္သြားသည္။ သူတို႔နွစ္ေယာက္လံုးထြတ္သြားၿပီးတဲ့ေနာက္မွာ ဝတ္ရည္အစည္းအေဝးခန္းထဲဝင္လာခဲ့သည္။ စာပြဲေအာက္မွာ ကပ္ထားတဲ့ပစၥည္းေလးတစ္ခုကိုျဖဳတ္ယူၿပီးတဲ့ေနာက္ အလွပဆံုးအၿပံဳးေလးတစ္ပြင့္ပန္ဆင္ထားလိုက္သည္။
==================
" ကိုေအာင္မင္းလား "
" ဟုတ္ပါတယ္ခင္ဗ်ာ ဒီဘက္ကဘယ္သူပါလဲ "
" ေအာ္ ကြၽန္မနာမည္ဝတ္ရည္ပါ CEOဧကရီရဲ႕ အတြင္းေရးမွဴးပါ " ဧကရီဆိုတဲ့နာမည္ကိုၾကားလိုက္ရတာေၾကာင့္ ေအာင္မင္းမ်က္နွာတစ္ခ်က္ပ်က္သြားသည္။ ေအာင္မင္းမ်က္နွာကိုျပန္ျပင္ရင္ မသိခ်င္ေယာင္ေဆာင္ကာေမးလိုက္ေပမယ့္္ ျမင္ျဖစ္ေအာင္ျမင္လိုက္သည့္ ဝတ္ရည္က
" မသိဘူးလို႔ျငင္းဖို႔မႀကိဳးစားပါနဲ႔ကိုေအာင္မင္း အကုန္လံုးစံုစမ္းၿပီးမွေရာက္လာတာပါ "
" ဗ်ာ အဲ... အဲတာက ကြၽန္႔ေတာ္သားေလးက်န္းမာေရးမေကာင္းလို႔ ေဆးဖိုးလိုလို႔လုပ္တာပါ ခိုင္းတဲ့အတိုင္းလုပ္ေပးရင္ သားေလးကိုေဆးကုေပးမယ္ဆိုလို႔ပါ "
" ဘယ္သူကခိုင္းတာလဲ "
" နန္း.. နန္းစႏၵာပါ "
" သူကေျပာတယ္ ေနာက္ကြယ္မွာတစ္ေယာက္ရွိေသးတယ္တဲ့ အဲေနာက္ကြယ္ကလူလုပ္ခိုင္းလို႔ လုပ္ရတာပါတဲ့ "
" မဟုတ္ပါဘူးဗ်ာ ကြၽန္ေတာ္ကို သူကိုယ္တိုင္လာေတြ႕ၿပီး လုပ္ခိုင္းတာပါ ေနာက္ကြယ္ကလူမွမရွိပါဘူး "
" ေသခ်ာလား ကိုေအာင္မင္းလိမ္ရင္ ဘာျဖစ္မလဲသိတယ္ေနာ္ ေဆးရံုကုတင္ေပၚမွာလွဲေနတဲ့သားေလးမ်က္နွာေထာက္ဦး "
" ကြၽန္ေတာ္မလိမ္ဘူးမဝတ္ရည္ ေနာက္ကြယ္ကေစခိုင္းသူဆိုတာ နန္းစႏၵာတစ္ေယာက္တည္းပါ "
" ေကာင္းၿပီးေလ ဒါဆိုလဲကြၽန္မကိုခြင့္ျပဳပါဦး "
" ဟုတ္ကဲ့ပါခင္ဗ်ာ ေကာင္းေကာင္းသြားပါ " တကယ္ေတာ့ ေျခရာေပ်ာက္ေအာင္ပုန္းေနတဲ့သူကို ရွာေတြ႕ဖို႔ကမလြယ္ပါ။ မေန႔က အစည္းအေဝးခန္းထဲမွာ CCTVမတပ္ထားတာေၾကာင့္ လြတ္လြတ္လပ္လပ္စကားေျပာေနတဲ့ စကားဝိုင္းေလးကိုအသံဖမ္းကိရိယာနဲ႔ခိုးဖမ္းထားတာေၾကာင့္သာ သိရျခင္းျဖစ္သည္။ နန္းစႏၵာစကားရဲ႕ေနာက္ကြယ္က ကိုႀကီးဆိုတဲ့သူကိုသိခ်င္လို႔သာ ကိုေအာင္မင္းနဲ႔လာေတြ႕တာျဖစ္ေသာ္လည္း နႈတ္လံုေနတဲ့ကိုေအာင္မင္းက ေနာက္ကြယ္ကႀကိဳးကိုင္သူကို ထုတ္မေျပာဘဲ နန္းစႏၵာကိုသာ အျပစ္ပံုခ်လာတာေၾကာင့္ ဝတ္ရည္ဆက္လိုက္လို႔မရေအာင္ လမ္းဆံုးသြားခဲ့ၿပီး။
" ဝတ္ရည္ဘယ္လိုလဲ သိခဲ့ရၿပီးလား "
" မသိရပါဘူး CEO ေနာက္ကြယ္ကသူအစား နန္းစႏၵာကိုဘဲ ေခါင္းပံုခ်ခဲ့ပါတယ္ နန္းစႏၵာခိုင္းလို႔သာလုပ္ရတာပါတဲ့ "
" သူ႔ရဲ႕ေနာက္ေၾကာင္းကေကာ "
" သူနာမည္က ကိုေအာင္မင္း ေရာဂါသည္သားေလးနဲ႔ အသံုးအျဖဳန္းႀကီးၿပီးေပြရႈပ္တတ္တဲ့မိန္းမတစ္ေယာက္ရွိပါတယ္ အခေၾကးေငြယူၿပီး မိန္းမပ်ိဳေလးေတြကိုဖမ္းဆီးတာ တခ်ိဳ႕လူေတြကို ရိုက္တာနွက္တာေတြလုပ္ပါတယ္ လူသတ္ဖူးတဲ့ရာဇဝင္ေတာ့မရွိပါဘူး သူကိုေထာက္ပံ့ေပးေနတဲ့သူေဌးႀကီးတစ္ေယာက္ေတာ့ရွိပါတယ္ ဘယ္သူဆိုတာမသိရေသးပါဘူးCEO "
" ေကာင္းၿပီး ဆက္ၿပီးေစာင့္ၾကည့္ေနပါ အဲလူနားမွာေကာ နန္းစႏၵာနားမွာပါ ေစာင့္ၾကည့္သူေတြခ်ထားလိုက္ပါ အေၾကာင္းထူးရင္ သတင္းပို႔ပါ "
" ဟုတ္ကဲ့ပါCEO "
" သူတို႔လိုခ်င္တာမရေသးတဲ့အတြက္ ဆက္ၿပီးလႈပ္ရွားေနဦးမွာဘဲ ေနာက္ကြယ္ကလူကိုသိမွျဖစ္မယ္ စံုစမ္းထားပါ မီးငယ္ေလးကိုအထိအခိုက္မခံနိုင္ဘူး နန္းစႏၵာေကာ ဘာေတြေျခလွမ္းေနတုန္း "
" အခုထိေတာာ အိမ္ထဲကအိမ္ျပင္မထြတ္ေသးပါဘူး "
" အိုေကသြားေတာ့ " ဝတ္ရည္ CEOကို နႈတ္ဆတ္ၿပီးျပန္ထြတ္လာခဲ့သည္။
တစ္ဘက္တြင္လည္း....
" ဘာ... မင္းကို ဟိုဘက္ကရွာေတြ႕သြားတယ္ဟုတ္လား "
" ဟုတ္ပါတယ္ဆရာ ေနာက္ကြယ္မွာႀကိဳးကိုင္သူတစ္ေယာက္ရွိေသးတယ္ဆိုတာ နန္းစႏၵာကေျပာလိုက္လို႔ လာစံုစမ္းတာထင္ပါတယ္ "
" မျဖစ္နိုင္တာ နန္းကေျပာမယ့္သူမဟုတ္ဘူးဆိုတာ ငါသိတယ္ သူလိုခ်င္တာမရေသးတဲ့အတြက္ သစၥာေဖာက္မယ့္သူမဟုတ္ဘူး သူတို႔တစ္နည္းနည္းနဲ႔သိသြားတာဘဲျဖစ္မယ္ ဟက္ ငါတို႔ကိုဒီလိုနည္းနဲ႔ ေသြးခြဲဖို႔လုပ္တယ္ေပါ့ သူတို႔ဘာေျပာေသးလဲ "
" ေနာက္ကြယ္ကလူဘယ္သူလဲဆိုတာေတာ့ သိေသးပံုမေပၚပါဘူး ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ္ကိုခိုင္းတာ နန္းစႏၵာပါလို႔ဘဲေျပာခဲ့ပါတယ္ "
" ေကာင္းတယ္ မင္းဘာလိုလဲ လိုအပ္တာရွိရင္ေျပာေလ "
" ဘာမွမလိုေတာ့ပါဘူးဆရာ သူတို႔ဘက္က ကြၽန္ေတာ့္မိသားစုအေၾကာင္းေတြသိထားတယ္ထင္တယ္ ကြၽန္ေတာ္မိသားစုရဲ႕လံုၿခံဳေရးကို တာဝန္ယူေပးပါဆရာ "
" အိုေကျဖစ္ေစရမယ္ ငါ့အေစာင့္တစ္ခ်ိဳ႕ပို႔ေပးလိုက္မယ္ မင္းအစစအရာရာသတိထားပါ အေၾကာင္းမရွိရင္ ငါ့ဆီမလာနဲ႔ေတာ့ ဖုန္းကေနဆက္သြယ္ၾကားလား "
" ဟုတ္ကဲ့ပါဆရာ အခုလဲ ေနာက္ကဘယ္သူမွလိုက္မလာဘူးဆိုတာေသခ်ာမွ ထြတ္လာတာပါ စိတ္ခ်ပါဆရာ "
" သြားေတာ့ "
" ဟုတ္ကဲ့ပါဆရာ "
====================
မနက္ခင္းတိုင္းေကာ္ဖီေသာက္တတ္တဲ့ ခ်စ္ရသူအတြက္ ဆုျမတ္ကိုယ္တိုင္ နွပ္ေကာ္ဖီေလးေဖ်ာ္ၿပီး ႏြယ္ရဲ႕ရံုးခန္းထဲမွာထည့္ထားေပးတတ္သည္။ ႏြယ္ႀကိဳက္တဲ့ဗန္နီလာအရသာကိတ္မုန္ေလးတစ္တံုးပါေနရာယူလ်က္ေပါ့။ ႏြယ္ရဲ႕အလုပ္စာပြဲေလးကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ရွင္းလင္းၿပီး သူႀကိဳက္တဲ့ေရေမႊးေလးကို ေနရာအနံွ႔ပတ္ျဖန္းလိုက္သည္။ ဒါကဆုျမတ္ရံုးေရာက္တာနဲ႔ လုပ္တတ္သည့္အလုပ္ပင္။ ႏြယ္က သူ႔ကိုကိုကုမၼဏီမွာ မန္ေနဂ်င္းဒါရိုက္တာအျဖစ္ဝင္လုပ္ေနၿပီး ဆုျမတ္ကေတာ့ ႏြယ္ရဲ႕လက္ေထာက္အတြင္းေရးမွဴးေပါ့။ ႏြယ့္ကိုကိုက ဆုျမတ္အတြက္ရာထူးတစ္ေနရာေပးေပမယ့္ ဆုျမတ္ကိုယ္တိုင္က ခ်စ္ရသူနားမွာဘဲေနခ်င္တာေၾကာင့္ လက္ေထာက္အတြင္းေရးမွဴးေနရာကိုဘဲ ေ႐ြးခ်ယ္ခဲ့သည္။
" အာ... ေမႊးေနတာဘဲကြာ စိတ္ကိုၾကည္လင္ေအးခ်မ္းသြားတာဘဲဆုျမတ္ရယ္ " ႏြယ္ ဝင္ဝင္လာခ်င္းေျပာလိုက္တဲ့စကားေၾကာင့္ ဆုျမတ္ၿပံဳးလိုက္မိသည္။ ဒါကလဲေန႔တိုင္း႐ြက္ေနက်စကားေတြျဖစ္တာေၾကာင့္ ဆုျမတ္ပင္အလြတ္ရေနၿပီး
" ႏြယ္ႀကိဳက္တယ္ဆိုရင္ အၿမဲတမ္းဆုျမတ္လုပ္ေပးမယ္ဟုတ္ၿပီးလား "
" အင္း ႀကိဳက္တယ္လုပ္ေပးေနာ္ ေနရာတိုင္းမွာေထာင့္ေစ့ေအာင္ေတာ္တဲ့ ဆုျမတ္လိုလူမ်ဳိးကို ႏြယ့္အတြင္းေရးမွဴးအေနနဲ႔ရလိုက္တာ အရမ္းကံေကာင္းတာဘဲသိလား " ေျပာၿပီးတာနဲ႔ မ်က္နွာေလးညိွးက်သြားတာေၾကာင့္ ခ်စ္သူမ်က္နွာတစ္ကမာၻတည္ေနတဲ့ဆုျမတ္အတြက္ အရမ္းနာက်င္ရသည္။
" ဘာျဖစ္လို႔လဲႏြယ္ တစ္ခုခုျပႆနာရွိလို႔လား "
" မဟုတ္ပါဘူးဆုျမတ္ရယ္ ႏြယ့္အတြက္ေတာ့ကံေကာင္းတယ္ဆိုေပမယ္ ဆုျမတ္အတြက္က်ေတာ့ဘယ္တရားပါ့မလဲ ဆုျမတ္ရဲ႕အရည္အခ်င္းေတြကို ဘာမဟုတ္တဲ့အတြင္းေရးမွဴးေနရာေလးမွာဘဲ ျဖဳန္းတီးေနတယ္လို႔မထင္ဘူးလား "
" ေလ်ွာက္ေတြးေနျပန္ၿပီးလားႏြယ္ ဒီေနရာကိုဆုျမတ္ကိုယ္တိုင္ေ႐ြးခ်ယ္ထားတာေလ ဘယ္ေနရာကဘယ္ေလာက္ဘဲေကာင္းေကာင္း ဒီေနရာေလးမွာဘဲဆုျမတ္ေပ်ာ္တယ္ အဲတာေၾကာင့္ေလ်ွာက္မေတြးနဲ႔ေတာ့ေနာ္ " ခ်စ္ရသူရဲ႕အနားမွာသာေနရမယ္ဆိုရင္ ဘယ္ေနရာမွာဘဲျဖစ္ျဖစ္ေပ်ာ္ပါတယ္ႏြယ္ရယ္ ဒီစကားကိုေတာ့ ဆုျမတ္ရင္ထဲမွာဘဲထားလိုက္သည္။
" ဟုတ္ပါၿပီး ဆုျမတ္အဆင္ေျပရင္ၿပီးေရာေလ ႏြယ့္ကို Today Planေတြေျပာပါဦး "
" ဒီေန႔ေတာ့ ၉နာရီေလာက္က်ရင္ ရင္းနွီးျမႇပ္နွံသူတစ္ဦးနဲ႔ေတြ႕ဖို႔ခ်ိန္းထားတာရွိတယ္ ၁နာရီက်ရင္မိတ္ဖတ္ကုမၼဏီမွာ စားပြဲရွိတယ္ အဲပြဲကို ကိုဟိန္းကတတ္မယ္ေျပာတယ္ ႏြယ္မသြားခ်င္လဲရတယ္ "
" ကိုကိုသြားမယ္ဆို ႏြယ္မသြားေတာ့ဘူး အဲတာဆို၉နာရီခ်ိန္းထားတာၿပီးရင္ ဘာမွမရွိေတာ့ဘူးေပါ့ "
" အင္း... အခုေလာေလာဆယ္ေပါ့ "
" အိုေက ၉နာရီခ်ိန္းထားတာသြားၾကမယ္ ေနာက္ပိုင္းခ်ိန္းဆိုလာတာေတြရွိရင္ ေနာက္ေန႔ေ႐ြ႕လိုက္ "
" သြားစရာေနရာရွိလို႔လား ႏြယ္ "
" အင္း... ႏြယ္တို႔ေတြေလ်ွာက္လည္ၾကမယ္ေလေနာ္ ေနာက္ဆိုရင္ စာေမးပြဲေျဖရေတာ့မွာဆိုေတာ့ ဘယ္မွသြားလို႔ရမွာမဟုတ္ဘူးေလေနာ္ " မ်က္လံုးေလးကလယ္ကလယ္နဲ႔ ေျပာလာေတာ့လဲ ဆုျမတ္ဘယ္ျငင္းနိုင္မွာလဲ။ ဆုျမတ္အတြက္ ခ်စ္ရသူရဲ႕စကားက တစ္ခ်က္လႊတ္အမိန္႔ဘဲေလ ဘယ္လြန္ဆန္နိုင္မွာလဲ။
" ဟူး... ၿပီးသြားၿပီး သြားၾကမယ္ ေဟး... " နွစ္နာရီေက်ာ္ေလာက္ၾကာေအာင္ ရင္နွီးျမႇပ္နွံသူနဲ႔ေဆြးေႏြးေနတဲ့ႏြယ္က ဘယ္ေလာက္ေတာင္ ေအာင့္အင္းသည္းခံေနရသလဲဆိုတာ ေဆြးေႏြးတာလဲၿပီးေရာ စိတ္လြတ္ကိုယ္လြတ္ေအာ္ဟစ္ၿပီး ဆုျမတ္ရဲ႕လက္ကိုဆြဲကာ အျပင္ကိုေျပးထြတ္သြားသည္။ တစ္ဖက္မွာ အလုပ္ကိုေသေသသပ္သပ္လုပ္တတ္တဲ့မန္ေနဂ်င္းဒါရိုက္တာသဇင္ႏြယ္ဟာ တစ္ဖက္မွာလဲ ကေလးဆန္ၿပီး ခ်စ္စရာေကာင္းတဲ့ဆုျမတ္ရဲ႕ခ်စ္ရသူေလးပင္။ ခ်စ္ရသူကိုအဲလိုေလးအၿမဲၿပံဳးေပ်ာ္ေစခ်င္တယ္။ မမွီတဲ့ခ်စ္ျခင္းကို လွမ္းၿပီးတမ္းတေနမယ့္အစား အနားမွာရွိတဲ့အခ်စ္ကို ရွာၾကည့္ပါလားခ်စ္ရသူရယ္။ ကိုယ့္ရဲ႕အခ်စ္ကိုသာနည္းနည္းေလးဘဲျဖစ္ျဖစ္ျမင္ေပးမယ္ဆိုရင္ ခ်စ္ရသူအတြက္အသက္ေတာင္ေပးဖို႔ ဝန္မေလးဘူးေလ။ ေရွ႕ကေနေျပးထြတ္သြားတဲ့ႏြယ္က သူ႔အေနာက္မွာဆုျမတ္က်န္ခဲ့တာကို သတိထားမိမွ လက္ယက္ၿပီးလွမ္းေခၚေနသည္မွာ ကေလးေလးတစ္ေယာက္လိုပင္။ ဆုျမတ္ေနွးတိေနွးေကြးလုပ္ေနတာေၾကာင့္ နႈတ္ခမ္းေလးစူေထာ္ေနာ္ၿပီး စိတ္ေကာက္ေနသည္။ ဆုျမတ္တစ္ခ်က္ၿပံဳးလိုက္ၿပီး
" ကဲ... စိတ္ေကာက္မေနပါနဲ႔ေတာ့ႏြယ္ရယ္ ကေလးလည္းမဟုတ္ဘဲနဲ႔ ဘယ္သြားခ်င္လဲ လိုက္ပို႔ေပးမယ္ ဘာစားခ်င္လဲ လိုက္ေကြၽးမယ္ "
" တကယ္ေနာ္ "
" တကယ္ေပါ့ ႏြယ္ရဲ႕ "
" OK Go Go Go "
======================
သာသာ ေစာစာေလးUpေပးလိုက္ၿပီးေနာ္ updateမမွန္ဘဲ အၾကာႀကီးေနမွတစ္ခါလာတင္ေပးတဲ့သာသာကို ေစာင့္ေနေပးၾကတဲ့ တစ္ေယာက္ခ်င္းဆီကို သာသာေက်းဇူးတင္ပါတယ္ေနာ္ ေကာင္း၏ဆိုး၏လည္း ေဝဖန္ေပးၾကဦးေနာ္ သာသာစေရးတည္းက ခုထိအားေပးေနတဲ့အမာခံပရိတ္သတ္ သာသာရဲ႕ခ်စ္ရသူသည္းငယ္ေလးကိုလဲ အရမ္းခ်စ္တယ္ဗ်ာ
-----------------------------------------------------------
မားရဲ့ မီးငယ်လေး
- အပိုင်း ၁၈
- GL Story
- စာရေးသူ ချယ်
" ဒါ ဘယ်လိုဖြစ်တာလဲ ဌာနမှုနန်းစန္ဒာ ဒီပရောဂျက်နဲ့ပတ်သတ်ပြီး CEOဖြစ်တဲ့ဧကရီတောင် ဘာမှမသိရပါလား ဌာနမှုနန်းစန္ဒာက ဧကရီထက်လုပ်ပိုင်ခွင့်တွေပိုများနေတာလား "
" မ... မဟုတ်ပါဘူး CEOအထင်လွဲနေတာပါ နန်း မှား... မှားပြီးတော့ပေးမိတာပါ "
" ဟ... အဲလောက်လွယ်သလားဌာနမှုနန်းစန္ဒာ မင်းပြောတဲ့ မှားပြီးပေးမိတာပါဆိုတာ မိန်းကလေးတစ်ယောက်ဘဝပျက်ဖို့ သီသီလေးဘဲလိုတော့တယ် အဲတာဘယ်လိုတာဝန်ယူမှာလဲ ဧကရီကတော့ ဒီတိုင်းကျော်သွားနိုင်မှာမဟုတ်ဘူးနော် " မှန်ပါသည်။ ပရောဂျက်တစ်ခုရှင်းလင်းစရာရှိလို့ ရင်းနှီးမြှပ်နှံသူနဲ့သွားတွေ့ခိုင်းခဲ့သည့်နန်းစန္ဒာ၊ မီးငယ်လေးဆေးမိပြီးနောက် ပျောက်ခြင်းမလှပျောက်သွားတဲ့ရင်းနှီးမြှပ်နှံသူဆိုသူနှင့် ဒီပြဿနာတွေအားလုံးက နန်းစန္ဒာပရောဂမကင်းဘူးဆိုတာကြောင့် ဧကရီတော်တော်လေးကို ဒေါသထွတ်နေသည်။ ဧကရီဒေါသနဲ့ပေါက်ကွဲနေတာကြောင့် အစည်းအဝေးခန်းထဲမှာရှိတဲ့ ရှယ်ယာရှင်တွေ ငြိမ်ကုတ်နေကြသည်။ ဧကရီဒေါသ သူတို့ပေါ်ပုံကျလို့ သူတို့အတွက်ကောင်းတာ ဘာမှမရှိဘူးလေ။ အဲတော့ သူတို့နဲ့မဆိုင်သလို့ အပေါက်ပိတ်ပြီးထိုင်နေရုံဘဲ သူတို့လုပ်နိုင်သည်။
" ဒီပရောဂျက်ကဘာအတွက်လဲ ဝန်ထမ်းစောနှင်းပွင့်ဖြူသွားတွေ့တဲ့ ရင်နှီးမြှပ်နှံသူဆိုတာကကောဘယ်မှာလဲ မသိဘူးလိုတော့မပြောနဲ့နော် မသိဘဲနဲ့အရေးကြီးတဲ့ရင်းနှီးမြှပ်နှံသူပါလို့ ဘာလို့ပြောခဲ့လဲ "
" နန်းဆီကို အမည်မဖော်လိုသူရင်းနှီးမြှပ်နှံသူတစ်ယောက်က Emailကနေ ပရောဂျက်အကြောင်းရှင်း... ရှင်းပြဖို့ အဲလိပ်စာအတိုင်းလာဖို့ပြောလို့ပါ နန်းကျန်တာဘာမှမသိပါဘူး "
" စိတ်လျော့ပါCEOရယ် လူဆိုတာအမှားနဲ့မကင်းဘူးလေ တစ်ခါတလေတော့အမှားဆိုတာရှိမှာဘဲလေ အခုCEOက သေးသေးတင်မခံဖြစ်နေတာ CEOရဲ့မွေးစားသမီးဖြစ်နေလို့လား အခြားဝန်ထမ်းဆိုရင်ကော အခုလိုဘဲပြောမှာလား " တစ်ချိန်လုံးငြိမ်နေရာမှ ဦးနန်းမိုးက ထပြောလာတာကြောင့်
" ဒီနေရာမှာ ဧကရီရဲ့ကုမ္မဏီဝန်ထမ်းဆိုတဲ့ခေါင်းစဉ်အောက်မှာပြောနေတာပါဦးနန်းမိုး အဲနေရာမှာစောနှင်းပွင့်ဖြူမဟုတ်ဘဲ အခြားမိန်းကလေးတစ်ယောက်ဆိုလဲ ဧကရီဒီလိုဘဲပြောမှာပါ အခုက မိန်းကလေးတစ်ယောက်ဆေးခတ်ခံရပြီး ဘဝပျက်မလိုဖြစ်ခဲ့ရတာအတွက် တာဝန်ယူသင့်တယ်မလား "
" အခုဘာမှမဖြစ်ဘူးမလား CEO ဘာမှမဖြစ်တဲ့ကိစ္စတစ်ခုကို ဘာလို့ပုံကြီးချဲ့ချင်တာလဲ ဒီကိစ္စအပြင်ကိုပေါက်ကြားသွားရင် ကုမ္မဏီရဲ့ပုံရိပ်ထိခိုက်လာနိုင်တယ်နော် "
" ဘာမှမဖြစ်လို့ ဒီတိုင်းထားလိုက်ချင်တယ်ဆိုတဲ့သဘောလားဦးနန်းမိုး မိန်းကလေးတစ်ယောက်ရဲ့ဘဝနဲ့သက်ဆိုင်နေတာနော် အဲနေရာမှာ ဦးနန်းမိုးသမီးဆိုရင်ရော အခုလိုဘဲပြောမှာလား "
" မင်း... မင်း... အဲတော့မင်းက ဘယ်လိုဖြစ်စေချင်တာတုန်း ပြောစမ်းပါဦး "
" ဒီပြဿနာက ဌာနမှုနန်းစန္ဒာပေါ့လျော့လို့ဖြစ်ရတာဆိုတော့ ဌာနမှုနန်းစန္ဒာကို ခေတ္တရာထူးကနေရပ်ဆိုင်းမယ် ဦးနန်းမိုးအနေနဲ့ဘာပြောချင်သေးလဲ " တစ်ခုခုပြောဟန်ပြင်နေတဲ့ဦးနန်းမိုးစကားကို အပြောမခံဘဲ ဧကရီဖြတ်ပြောလိုက်သည်။
" မဟုတ်မှ သမီးဆိုတဲ့အကြောင်းပြချက်နဲ့ ကာကွယ်ပေးမို့တော့မဟုတ်ပါဘူးနော် မဟုတ်လောက်ပါဘူးဦးနန်းမိုးက တရားမျှတမှုရှိတဲ့လူ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားတတ်တဲ့လူလို့သိထားတာပါ ဟုတ်တယ်မလား " CEOရဲ့လိမ်မာပါးနပ်မှု ဝတ်ရည် ကျိတ်ပြုံးလိုက်သည်။ ကိုယ့်ကိုဆန့်ကျင်မယ့်သူကို အလိမ်မာနည်းသုံးပြီး ရိုက်ချလိုက်တာ အမှုဆောင်ဒါရိုက်ဦးနန်းမိုးမျက်နှာကြီး ဒေါသကြောင့်ရဲတတ်နေသည်။ သူ့ရဲ့သွေးသားမိသားစုထက် ဂုဏ်သိက္ခာကိုပိုအလေးထားတဲ့ဦးနန်းမိုးအတွက် တိကျတဲ့ပစ်ချက်ပင်။ တိတ်တခိုးစောင့်ကြည့်နေကြတဲ့ရှယ်ယာရှင်တွေအရှေ့မှာ အပြောနဲ့အလုပ်မညီတာမျိုး ဦးနန်းမိုးဘယ်တော့မှမလုပ်ဘူးဆိုတာ ဧကရီသိတာပေါ့။ ထင်ထားတဲ့အတိုင်းပင်
" အဲလိုမဟုတ်ပါဘူး CEOသဘောအတိုင်းဘဲလုပ်ပါ ဒါပေမယ့် နန်းစန္ဒာဆိုတာကုမ္မဏီအတွက်အရေးပါးတဲ့သူမို့ ရာထူးကနေလုံးဝထုတ်ဖယ်တာမျိုးတော့မလုပ်ပါနဲ့ ရာထူးကဆိုင်းငံ့ထားရုံဆိုအဆင်ပြေတယ်မလား "
" စိတ်ချပါ ဧကရီစောင့်ကြည့်နေမှာ နောက်ထပ်အမှားမျိုးဖြစ်လာခဲ့ရင်တော့ ဧကရီထုတ်ဖယ်သင့်ဖယ်ရမယ်မလားဦးနန်းမိုး ဘယ်လိုအာဏာရှိတဲ့သူရဲ့နောက်ခံမျိုးရှိနေပါစေပေါ့ " ဧကရီအစည်းအဝေးအခန်းထဲက ထွတ်လာတာနဲ့ ကျန်တဲ့ရှယ်ယာရှင်တွေလဲ အသက်ရှုချောင်သွားဟန်ဖြင့် သက်ပြင်းမောချကာ ကိုယ်စီထွတ်သွားကြသည်။ အစည်းအဝေးခန်းထဲကနေ မထွတ်နိုင်သူနှစ်ဦးကတော့ အမှုဆောင်ဒါရိုက်တာဦးနန်းမိုးနဲ့ သူ့ရဲ့သမီးဌာနမှုနန်းစန္ဒာ
" အဖေ ဘာလိုသဘောတူလိုက်တာလဲ တားသင့်တယ်မဟုတ်ဘူးလား "
" ဖြန်း... " သူ့အဖေရဲ့လက်ဝါးကြမ်းကြမ်းတစ်ချက်က နန်းစန္ဒာရဲ့ပါးပေါ်ကျလာတာကြောင့် နန်းစန္ဒာ အံသြသွားသည်။ ဦးနန်းမိုး နန်းစန္ဒာရဲ့ပုခုံးကို ကိုင်လှုပ်ကာ
" နင့်ကို သေသေသပ်သပ်လုပ်ဖို့ သတိမပေးဘူးလား ပိုင်ပြီးသေချာပြီးဆိုမှလုပ်လေ မပိုင်ရင်သွားမထိနဲ့လို့ငါပြောထားတယ်မလား အခုကြည့် နင့်ကြောင့်ရှယ်ယာရှင်တွေရှေ့မှာ ဘယ်လောက်စောက်ရှက်ကွဲသလဲသိလား "
" အဲတာသမီးအမှားမှ မဟုတ်တာဖေဖေ ဟိုကောင်အောင်မင်းကသေချာမှမလုပ်တာ ကိုကြီးကလဲ ဘယ်လိုလူတွေဌားထားလဲမသိဘူး အသုံးကိုမကျဘူး တောက် "
" အခုမှတော့ဘာမှပြောမနေနဲ့တော့ အိမ်မှာတစ်လနှစ်လလောက်နားနေလိုက် အခြေအနေငြိမ်သွားရင် CEOကိုပြောပြီး အရင်ရာထူးပြန်ခန့်ထားပေးမယ် " ဦးနန်းမိုးပြောပြီးတာနဲ့အစည်းအဝေးခန်းထဲကနေထွတ်သွားသည်။ သူတို့နှစ်ယောက်လုံးထွတ်သွားပြီးတဲ့နောက်မှာ ဝတ်ရည်အစည်းအဝေးခန်းထဲဝင်လာခဲ့သည်။ စာပွဲအောက်မှာ ကပ်ထားတဲ့ပစ္စည်းလေးတစ်ခုကိုဖြုတ်ယူပြီးတဲ့နောက် အလှပဆုံးအပြုံးလေးတစ်ပွင့်ပန်ဆင်ထားလိုက်သည်။
==================
" ကိုအောင်မင်းလား "
" ဟုတ်ပါတယ်ခင်ဗျာ ဒီဘက်ကဘယ်သူပါလဲ "
" အော် ကျွန်မနာမည်ဝတ်ရည်ပါ CEOဧကရီရဲ့ အတွင်းရေးမှူးပါ " ဧကရီဆိုတဲ့နာမည်ကိုကြားလိုက်ရတာကြောင့် အောင်မင်းမျက်နှာတစ်ချက်ပျက်သွားသည်။ အောင်မင်းမျက်နှာကိုပြန်ပြင်ရင် မသိချင်ယောင်ဆောင်ကာမေးလိုက်ပေမယ့်် မြင်ဖြစ်အောင်မြင်လိုက်သည့် ဝတ်ရည်က
" မသိဘူးလို့ငြင်းဖို့မကြိုးစားပါနဲ့ကိုအောင်မင်း အကုန်လုံးစုံစမ်းပြီးမှရောက်လာတာပါ "
" ဗျာ အဲ... အဲတာက ကျွန့်တော်သားလေးကျန်းမာရေးမကောင်းလို့ ဆေးဖိုးလိုလို့လုပ်တာပါ ခိုင်းတဲ့အတိုင်းလုပ်ပေးရင် သားလေးကိုဆေးကုပေးမယ်ဆိုလို့ပါ "
" ဘယ်သူကခိုင်းတာလဲ "
" နန်း.. နန်းစန္ဒာပါ "
" သူကပြောတယ် နောက်ကွယ်မှာတစ်ယောက်ရှိသေးတယ်တဲ့ အဲနောက်ကွယ်ကလူလုပ်ခိုင်းလို့ လုပ်ရတာပါတဲ့ "
" မဟုတ်ပါဘူးဗျာ ကျွန်တော်ကို သူကိုယ်တိုင်လာတွေ့ပြီး လုပ်ခိုင်းတာပါ နောက်ကွယ်ကလူမှမရှိပါဘူး "
" သေချာလား ကိုအောင်မင်းလိမ်ရင် ဘာဖြစ်မလဲသိတယ်နော် ဆေးရုံကုတင်ပေါ်မှာလှဲနေတဲ့သားလေးမျက်နှာထောက်ဦး "
" ကျွန်တော်မလိမ်ဘူးမဝတ်ရည် နောက်ကွယ်ကစေခိုင်းသူဆိုတာ နန်းစန္ဒာတစ်ယောက်တည်းပါ "
" ကောင်းပြီးလေ ဒါဆိုလဲကျွန်မကိုခွင့်ပြုပါဦး "
" ဟုတ်ကဲ့ပါခင်ဗျာ ကောင်းကောင်းသွားပါ " တကယ်တော့ ခြေရာပျောက်အောင်ပုန်းနေတဲ့သူကို ရှာတွေ့ဖို့ကမလွယ်ပါ။ မနေ့က အစည်းအဝေးခန်းထဲမှာ CCTVမတပ်ထားတာကြောင့် လွတ်လွတ်လပ်လပ်စကားပြောနေတဲ့ စကားဝိုင်းလေးကိုအသံဖမ်းကိရိယာနဲ့ခိုးဖမ်းထားတာကြောင့်သာ သိရခြင်းဖြစ်သည်။ နန်းစန္ဒာစကားရဲ့နောက်ကွယ်က ကိုကြီးဆိုတဲ့သူကိုသိချင်လို့သာ ကိုအောင်မင်းနဲ့လာတွေ့တာဖြစ်သော်လည်း နှုတ်လုံနေတဲ့ကိုအောင်မင်းက နောက်ကွယ်ကကြိုးကိုင်သူကို ထုတ်မပြောဘဲ နန်းစန္ဒာကိုသာ အပြစ်ပုံချလာတာကြောင့် ဝတ်ရည်ဆက်လိုက်လို့မရအောင် လမ်းဆုံးသွားခဲ့ပြီး။
" ဝတ်ရည်ဘယ်လိုလဲ သိခဲ့ရပြီးလား "
" မသိရပါဘူး CEO နောက်ကွယ်ကသူအစား နန်းစန္ဒာကိုဘဲ ခေါင်းပုံချခဲ့ပါတယ် နန်းစန္ဒာခိုင်းလို့သာလုပ်ရတာပါတဲ့ "
" သူ့ရဲ့နောက်ကြောင်းကကော "
" သူနာမည်က ကိုအောင်မင်း ရောဂါသည်သားလေးနဲ့ အသုံးအဖြုန်းကြီးပြီးပွေရှုပ်တတ်တဲ့မိန်းမတစ်ယောက်ရှိပါတယ် အခကြေးငွေယူပြီး မိန်းမပျိုလေးတွေကိုဖမ်းဆီးတာ တချို့လူတွေကို ရိုက်တာနှက်တာတွေလုပ်ပါတယ် လူသတ်ဖူးတဲ့ရာဇဝင်တော့မရှိပါဘူး သူကိုထောက်ပံ့ပေးနေတဲ့သူဌေးကြီးတစ်ယောက်တော့ရှိပါတယ် ဘယ်သူဆိုတာမသိရသေးပါဘူးCEO "
" ကောင်းပြီး ဆက်ပြီးစောင့်ကြည့်နေပါ အဲလူနားမှာကော နန်းစန္ဒာနားမှာပါ စောင့်ကြည့်သူတွေချထားလိုက်ပါ အကြောင်းထူးရင် သတင်းပို့ပါ "
" ဟုတ်ကဲ့ပါCEO "
" သူတို့လိုချင်တာမရသေးတဲ့အတွက် ဆက်ပြီးလှုပ်ရှားနေဦးမှာဘဲ နောက်ကွယ်ကလူကိုသိမှဖြစ်မယ် စုံစမ်းထားပါ မီးငယ်လေးကိုအထိအခိုက်မခံနိုင်ဘူး နန်းစန္ဒာကော ဘာတွေခြေလှမ်းနေတုန်း "
" အခုထိတောာ အိမ်ထဲကအိမ်ပြင်မထွတ်သေးပါဘူး "
" အိုကေသွားတော့ " ဝတ်ရည် CEOကို နှုတ်ဆတ်ပြီးပြန်ထွတ်လာခဲ့သည်။
တစ်ဘက်တွင်လည်း....
" ဘာ... မင်းကို ဟိုဘက်ကရှာတွေ့သွားတယ်ဟုတ်လား "
" ဟုတ်ပါတယ်ဆရာ နောက်ကွယ်မှာကြိုးကိုင်သူတစ်ယောက်ရှိသေးတယ်ဆိုတာ နန်းစန္ဒာကပြောလိုက်လို့ လာစုံစမ်းတာထင်ပါတယ် "
" မဖြစ်နိုင်တာ နန်းကပြောမယ့်သူမဟုတ်ဘူးဆိုတာ ငါသိတယ် သူလိုချင်တာမရသေးတဲ့အတွက် သစ္စာဖောက်မယ့်သူမဟုတ်ဘူး သူတို့တစ်နည်းနည်းနဲ့သိသွားတာဘဲဖြစ်မယ် ဟက် ငါတို့ကိုဒီလိုနည်းနဲ့ သွေးခွဲဖို့လုပ်တယ်ပေါ့ သူတို့ဘာပြောသေးလဲ "
" နောက်ကွယ်ကလူဘယ်သူလဲဆိုတာတော့ သိသေးပုံမပေါ်ပါဘူး ကျွန်တော်ကတော့ ကျွန်တော်ကိုခိုင်းတာ နန်းစန္ဒာပါလို့ဘဲပြောခဲ့ပါတယ် "
" ကောင်းတယ် မင်းဘာလိုလဲ လိုအပ်တာရှိရင်ပြောလေ "
" ဘာမှမလိုတော့ပါဘူးဆရာ သူတို့ဘက်က ကျွန်တော့်မိသားစုအကြောင်းတွေသိထားတယ်ထင်တယ် ကျွန်တော်မိသားစုရဲ့လုံခြုံရေးကို တာဝန်ယူပေးပါဆရာ "
" အိုကေဖြစ်စေရမယ် ငါ့အစောင့်တစ်ချို့ပို့ပေးလိုက်မယ် မင်းအစစအရာရာသတိထားပါ အကြောင်းမရှိရင် ငါ့ဆီမလာနဲ့တော့ ဖုန်းကနေဆက်သွယ်ကြားလား "
" ဟုတ်ကဲ့ပါဆရာ အခုလဲ နောက်ကဘယ်သူမှလိုက်မလာဘူးဆိုတာသေချာမှ ထွတ်လာတာပါ စိတ်ချပါဆရာ "
" သွားတော့ "
" ဟုတ်ကဲ့ပါဆရာ "
====================
မနက်ခင်းတိုင်းကော်ဖီသောက်တတ်တဲ့ ချစ်ရသူအတွက် ဆုမြတ်ကိုယ်တိုင် နှပ်ကော်ဖီလေးဖျော်ပြီး နွယ်ရဲ့ရုံးခန်းထဲမှာထည့်ထားပေးတတ်သည်။ နွယ်ကြိုက်တဲ့ဗန်နီလာအရသာကိတ်မုန်လေးတစ်တုံးပါနေရာယူလျက်ပေါ့။ နွယ်ရဲ့အလုပ်စာပွဲလေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ရှင်းလင်းပြီး သူကြိုက်တဲ့ရေမွှေးလေးကို နေရာအနှံ့ပတ်ဖြန်းလိုက်သည်။ ဒါကဆုမြတ်ရုံးရောက်တာနဲ့ လုပ်တတ်သည့်အလုပ်ပင်။ နွယ်က သူ့ကိုကိုကုမ္မဏီမှာ မန်နေဂျင်းဒါရိုက်တာအဖြစ်ဝင်လုပ်နေပြီး ဆုမြတ်ကတော့ နွယ်ရဲ့လက်ထောက်အတွင်းရေးမှူးပေါ့။ နွယ့်ကိုကိုက ဆုမြတ်အတွက်ရာထူးတစ်နေရာပေးပေမယ့် ဆုမြတ်ကိုယ်တိုင်က ချစ်ရသူနားမှာဘဲနေချင်တာကြောင့် လက်ထောက်အတွင်းရေးမှူးနေရာကိုဘဲ ရွေးချယ်ခဲ့သည်။
" အာ... မွှေးနေတာဘဲကွာ စိတ်ကိုကြည်လင်အေးချမ်းသွားတာဘဲဆုမြတ်ရယ် " နွယ် ဝင်ဝင်လာချင်းပြောလိုက်တဲ့စကားကြောင့် ဆုမြတ်ပြုံးလိုက်မိသည်။ ဒါကလဲနေ့တိုင်းရွက်နေကျစကားတွေဖြစ်တာကြောင့် ဆုမြတ်ပင်အလွတ်ရနေပြီး
" နွယ်ကြိုက်တယ်ဆိုရင် အမြဲတမ်းဆုမြတ်လုပ်ပေးမယ်ဟုတ်ပြီးလား "
" အင်း ကြိုက်တယ်လုပ်ပေးနော် နေရာတိုင်းမှာထောင့်စေ့အောင်တော်တဲ့ ဆုမြတ်လိုလူမျိုးကို နွယ့်အတွင်းရေးမှူးအနေနဲ့ရလိုက်တာ အရမ်းကံကောင်းတာဘဲသိလား " ပြောပြီးတာနဲ့ မျက်နှာလေးညှိးကျသွားတာကြောင့် ချစ်သူမျက်နှာတစ်ကမ္ဘာတည်နေတဲ့ဆုမြတ်အတွက် အရမ်းနာကျင်ရသည်။
" ဘာဖြစ်လို့လဲနွယ် တစ်ခုခုပြဿနာရှိလို့လား "
" မဟုတ်ပါဘူးဆုမြတ်ရယ် နွယ့်အတွက်တော့ကံကောင်းတယ်ဆိုပေမယ် ဆုမြတ်အတွက်ကျတော့ဘယ်တရားပါ့မလဲ ဆုမြတ်ရဲ့အရည်အချင်းတွေကို ဘာမဟုတ်တဲ့အတွင်းရေးမှူးနေရာလေးမှာဘဲ ဖြုန်းတီးနေတယ်လို့မထင်ဘူးလား "
" လျှောက်တွေးနေပြန်ပြီးလားနွယ် ဒီနေရာကိုဆုမြတ်ကိုယ်တိုင်ရွေးချယ်ထားတာလေ ဘယ်နေရာကဘယ်လောက်ဘဲကောင်းကောင်း ဒီနေရာလေးမှာဘဲဆုမြတ်ပျော်တယ် အဲတာကြောင့်လျှောက်မတွေးနဲ့တော့နော် " ချစ်ရသူရဲ့အနားမှာသာနေရမယ်ဆိုရင် ဘယ်နေရာမှာဘဲဖြစ်ဖြစ်ပျော်ပါတယ်နွယ်ရယ် ဒီစကားကိုတော့ ဆုမြတ်ရင်ထဲမှာဘဲထားလိုက်သည်။
" ဟုတ်ပါပြီး ဆုမြတ်အဆင်ပြေရင်ပြီးရောလေ နွယ့်ကို Today Planတွေပြောပါဦး "
" ဒီနေ့တော့ ၉နာရီလောက်ကျရင် ရင်းနှီးမြှပ်နှံသူတစ်ဦးနဲ့တွေ့ဖို့ချိန်းထားတာရှိတယ် ၁နာရီကျရင်မိတ်ဖတ်ကုမ္မဏီမှာ စားပွဲရှိတယ် အဲပွဲကို ကိုဟိန်းကတတ်မယ်ပြောတယ် နွယ်မသွားချင်လဲရတယ် "
" ကိုကိုသွားမယ်ဆို နွယ်မသွားတော့ဘူး အဲတာဆို၉နာရီချိန်းထားတာပြီးရင် ဘာမှမရှိတော့ဘူးပေါ့ "
" အင်း... အခုလောလောဆယ်ပေါ့ "
" အိုကေ ၉နာရီချိန်းထားတာသွားကြမယ် နောက်ပိုင်းချိန်းဆိုလာတာတွေရှိရင် နောက်နေ့ရွေ့လိုက် "
" သွားစရာနေရာရှိလို့လား နွယ် "
" အင်း... နွယ်တို့တွေလျှောက်လည်ကြမယ်လေနော် နောက်ဆိုရင် စာမေးပွဲဖြေရတော့မှာဆိုတော့ ဘယ်မှသွားလို့ရမှာမဟုတ်ဘူးလေနော် " မျက်လုံးလေးကလယ်ကလယ်နဲ့ ပြောလာတော့လဲ ဆုမြတ်ဘယ်ငြင်းနိုင်မှာလဲ။ ဆုမြတ်အတွက် ချစ်ရသူရဲ့စကားက တစ်ချက်လွှတ်အမိန့်ဘဲလေ ဘယ်လွန်ဆန်နိုင်မှာလဲ။
" ဟူး... ပြီးသွားပြီး သွားကြမယ် ဟေး... " နှစ်နာရီကျော်လောက်ကြာအောင် ရင်နှီးမြှပ်နှံသူနဲ့ဆွေးနွေးနေတဲ့နွယ်က ဘယ်လောက်တောင် အောင့်အင်းသည်းခံနေရသလဲဆိုတာ ဆွေးနွေးတာလဲပြီးရော စိတ်လွတ်ကိုယ်လွတ်အော်ဟစ်ပြီး ဆုမြတ်ရဲ့လက်ကိုဆွဲကာ အပြင်ကိုပြေးထွတ်သွားသည်။ တစ်ဖက်မှာ အလုပ်ကိုသေသေသပ်သပ်လုပ်တတ်တဲ့မန်နေဂျင်းဒါရိုက်တာသဇင်နွယ်ဟာ တစ်ဖက်မှာလဲ ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ဆုမြတ်ရဲ့ချစ်ရသူလေးပင်။ ချစ်ရသူကိုအဲလိုလေးအမြဲပြုံးပျော်စေချင်တယ်။ မမှီတဲ့ချစ်ခြင်းကို လှမ်းပြီးတမ်းတနေမယ့်အစား အနားမှာရှိတဲ့အချစ်ကို ရှာကြည့်ပါလားချစ်ရသူရယ်။ ကိုယ့်ရဲ့အချစ်ကိုသာနည်းနည်းလေးဘဲဖြစ်ဖြစ်မြင်ပေးမယ်ဆိုရင် ချစ်ရသူအတွက်အသက်တောင်ပေးဖို့ ဝန်မလေးဘူးလေ။ ရှေ့ကနေပြေးထွတ်သွားတဲ့နွယ်က သူ့အနောက်မှာဆုမြတ်ကျန်ခဲ့တာကို သတိထားမိမှ လက်ယက်ပြီးလှမ်းခေါ်နေသည်မှာ ကလေးလေးတစ်ယောက်လိုပင်။ ဆုမြတ်နှေးတိနှေးကွေးလုပ်နေတာကြောင့် နှုတ်ခမ်းလေးစူထော်နော်ပြီး စိတ်ကောက်နေသည်။ ဆုမြတ်တစ်ချက်ပြုံးလိုက်ပြီး
" ကဲ... စိတ်ကောက်မနေပါနဲ့တော့နွယ်ရယ် ကလေးလည်းမဟုတ်ဘဲနဲ့ ဘယ်သွားချင်လဲ လိုက်ပို့ပေးမယ် ဘာစားချင်လဲ လိုက်ကျွေးမယ် "
" တကယ်နော် "
" တကယ်ပေါ့ နွယ်ရဲ့ "
" OK Go Go Go "
======================
သာသာ စောစာလေးUpပေးလိုက်ပြီးနော် updateမမှန်ဘဲ အကြာကြီးနေမှတစ်ခါလာတင်ပေးတဲ့သာသာကို စောင့်နေပေးကြတဲ့ တစ်ယောက်ချင်းဆီကို သာသာကျေးဇူးတင်ပါတယ်နော် ကောင်း၏ဆိုး၏လည်း ဝေဖန်ပေးကြဦးနော် သာသာစရေးတည်းက ခုထိအားပေးနေတဲ့အမာခံပရိတ်သတ် သာသာရဲ့ချစ်ရသူသည်းငယ်လေးကိုလဲ အရမ်းချစ်တယ်ဗျာ
YOU ARE READING
မားရဲ႕ မီးငယ္ေလး (Completed )
RomanceGL Story Unicode နဲ႔ေရာ Zawgyi နဲ႔ေရာ နွစ္မ်ိဳးလံုးနဲ႔ ေရးေပးထားလို႔ စာဖတ္သူေတြ အဆင္ေျပၾကပါေစ