မားရဲ့ မီးငယ်လေး
- အပိုင်း ၇
- GL Story
- စာရေးသူချယ်နှင်း ကျောင်းဆင်းချိန်တိတိကျကျပင် မားဆီက ဖုန်းဝင်လာသည်။
" ဟယ်လို... မား "
"------"
" ဟုတ်ကဲ့ပါ မား "
" -----"
" အဲတာဆို မီးငယ် အိမ်ပြန်ရင် ဆုမြတ်နဲ့ အာကာကို ခေါ်သွားလိုက်ပါမယ် "
" ----- "
" စိတ်ချနော် မား၊ မားလဲ ဂရုစိုက်ပေးပါ အစားကို အချိန်မှန် စားနော် "
" ----- "
" အိုကေ မား အာဘွား မွမွ " နှင်းဖုန်းချတော့ ဆုမြတ်နဲ့ အာကာက နှင်းကို အရမ်းပိုရန်ကောဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေကြသည်။ နှင်းလဲ ရယ်ကျဲကျဲနဲ့ပင်
" ဆုမြတ် အာကာ ဒီနေ့မားက လုပ်ငန်းရှင်တွေ့ဆုံပွဲရှိလို့တဲ့ အဲတာကြောင့် ဒီညအိမ်ပြန်မလာနိုင်ဘူးပြောတယ် "
" အန်တီဧ အိမ်မပြန်မလာတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ စောလေးရဲ့ "
" ငါဆက်ပြောမယ်လေ ဆုမြတ်ရယ် ဘယ်လိုဖြစ်လို့ လောနေတာလဲ အသက်လေးဘာလေးလဲ ရှူပါရစေဦး "
" အေးပါဟယ် ရှူ... ရှူ... "
" ဒီလိုဟဲ့ အိမ်မှာက ငါနဲ့ နွယ်နှစ်ယောက်ဘဲရှိတယ်၊ ဖွားဖွားကလဲ တရားစခန်းသွားတယ်ဟ အဲတာကြောင့် ငါတို့အဖော်ရအောင် နင်တို့ နှစ်ယောက်ကို ငါ့အိမ်မှာ လိုက်အိပ်ခိုင်းနေတာ "
" အော် အဲသလို အဲတာဆိုလဲ သွားကြမယ်လေ ငါတို့တွေ စောလေးအိမ်မှာ သောင်းကျန်းကြမယ် ဟေး... ဟေး... "
" ဟိုးထား အစ်မတော်ဆုမြတ်ရေ နင့်အကြောင်းကြိုသိလို့ မားက မှာထားတယ် အိမ်ရောက်ရင် သူငယ်ချင်းတွေ စုပြီးသောင်းကျန်းမနေနဲ့တဲ့ စာမေးပွဲနီးပြီး စာလုပ်ကြတဲ့ ပြန်ရောက်ရင် စာစစ်မယ်တဲ့ " ထိုအခါမှ ဆုမြတ်တစ်ယောက် အလိုမကျဟန်ဖြင့်
" အန်တီဧကတော့ လုပ်ချလိုက်ပြန်ပြီး စာလုပ်ဆိုတော့လဲ လုပ်ရုံပေါ့ ဘယ်တတ်နိုင်မှာလဲ ဟင်း... " နှင်းကိုယ်တိုင် မားကို ချစ်ကြောက်ရိုသေသလို နှင်းရဲ့သူငယ်ချင်းတွေလဲ နှင်းနဲ့ အတူတူပင် မားရဲ့စကားကို အလေးထားကြသည် မားစကားနားမထောင်ဘဲနဲ့ မနေရဲ မားက နှင်းရဲ့ သူငယ်ချင်းတွေနဲ့လဲ ရင်းရင်းနှီးနှီးနေတတ်သလို အမြင်မတော်တာတွေ့ရင်လဲ အုပ်ထိန်းသူတစ်ယောက်အနေနဲ့ ပြောဆိုဆုံးမတတ်တာကြောင့် ဆုမြတ်နဲ့အာကာတို့က မားကို ချစ်ကြောက်ရိုသေတတ်ကြသည်။ ဆုမြတ်နဲ့ အာကာရဲ့ မိဘတွေကလဲ မားနဲ့ဆို ယုံကြည်စိတ်ချကြသည်။ ဘာဘဲဖြစ်ဖြစ် ဆုံးမပေးဖို့လဲ အပ်ထားကြသည်။ နှင်းတို့တွေ အိမ်ရောက်တော့ ရေချိုး ခနနားပြီးတာနဲ့ မားရဲ့အလုပ်ခန်းထဲမှာ စာစုလုပ်နေကြသည်။ စာလုပ်လိုက် လေပေါလိုက်ပေါ့ စာလုပ်နေရင်းနဲ့ နှင်း ဆုမြတ်ကို သတိထားမိသည်။ သူ့ဘာသာသူ စာလုပ်နေတဲ့ နွယ့်ကို ဆုမြတ်ခိုးခိုးကြည့်နေသည်။ ဆုမြတ်ရဲ့ အကြည့်တွေကို နှင်းသဘောပေါက်ပါသည်။ ဆုမြတ်တစ်ယောက် နွယ့်ကို သဘောကျနေတယ်ဆိုတာ။ ဆုမြတ်က လိင်တူချစ်သူတစ်ယောက်ဆိုတာ နှင်းတို့ကို ဝန်ခံထားပြီးသားဖြစ်သည်။ နှင်းကတော့ နွယ့်ကို နားလည်ပါသည်။ နှင်းလဲ နွယ့်လိုမျိုး ရဲရဲဝံ့ဝံ့နဲ့ ဝန်ခံချင်ပါသည်။ ဒါပေမယ့်လဲ နှင်းက မချစ်သင့်တဲ့သူကို ချစ်မိတဲ့အတွက် နှင်းဝန်ခံဖို့ သတ္တိမရှိပါ။ နှင်းကို နားလည်ပေးနိုင်ရင် ဘာမှမဖြစ်ပေမယ် နားလည်မပေးနိုင်ဘူးဆို အထင်သေးကြမှာ မတော်လို့ မားသိသွားရင်လဲ နှင်းကို မုန်းသွားနိုင်သည်။
" မနက်ဖြန်ဆို နွယ့်ကိုကိုပြန်လာပြီးပေါ့ "
" ဟုတ်တယ်ဆုမြတ် တကယ်တော့ ဒီနေ့ညပြန်ရောက်မှာ အရေးကြီးတွေ့ဆုံပွဲရှိလို့ နွယ့်ကို မနက်ဖြန်မှ လာခေါ်မယ်တဲ့ "
" ဟင် နွယ့်ကိုကိုကလဲ ဘာကြီးလဲ ခုမှခရီးက ပြန်လာတာကို တစ်ယောက်တည်းရှိတဲ့ ညီမရဲ့ အရင်လာမတွေ့ဘဲ ဘယ်တွေ့ဆုံပွဲကို အရင်သွားရတာတုန်း နွယ့်လောက်ဘယ်ဟာတွေက အရေးကြီးလို့လဲ "
" ဒီလိုပါဘဲ ဆုမြတ်ရယ် နွယ့်ကိုကိုက အလုပ်ကို ဦးစားပေးတဲ့သူလေ နွယ်က ကိုကို့အတွက် အရေးမကြီးပါဘူးလေ နွယ်ဒီလိုဘဲ နေလာခဲ့တာ ကျင့်သားရနေပါပြီး " ဆုမြတ် နွယ့်အတွက် စိတ်မကောင်းဖြစ်မိတယ် မိဘရင်ခွင်ထဲမှာ ပျော်ပျော်နေရမယ့်အရွယ်မှာ မိဘတွေကို ဆုံးရှုံးခဲ့ရသလို တစ်ဦးတည်းရှိတဲ့ အကိုကလဲ အလုပ်ကိုသာ ဦးစားပေးတဲ့သူဆိုတော့ နွယ့်ဘဝက မေတ္တာငတ်နေတဲ့ ကလေးတစ်ယောက်လိုဘဲ ဆုမြတ် နွယ့်ကို မြင်မြင်ချင်ရင်ခုန်ခဲ့ရသည်။ သူ့ဘဝရဲ့ ဇာတ်ကြောင်းကို သိရပြန်တော့လဲ သနားဂရုဏာသက်ပြီး အချစ်ပိုရပြန်သည်။
" စိတ်ချပါနွယ်ရယ် အခုဆိုရင် နွယ့်အနားမှာ ဆုမြတ်တို့တွေ ရှိနေပြီးဘဲလေနော် ဘာမှအားငယ်စရာမလိုပါဘူး နွယ် လက်ဖတ်သုတ်စားမလား ဆုမြတ်သုတ်ပေးမယ် " နွယ်တစ်ယောက် အားငယ်နေမည်ဆိုးတာကြောင့် ဆုမြတ်စကားလမ်းကြောင်း လွှဲပေးလိုက်သည်။
" အွန်း စားမယ်လေ "
" ငါတို့လဲ စားမယ်လေ ဆုမြတ် ငါတို့လဲ ပါစပ်ပါ ပါတယ်ဟ "
" အမယ်လေနော် တစ်ချိန်လုံး တေမိလိုနေနေတဲ့ အာကာမက လက်ဖတ်သုတ်သံကြားမှ အသံထွတ်လာတယ်ဟေး "
" နင်တို့ကလဲ ငါ့ဆို စမယ်ဆိုတာချည်းဘဲ နင်တို့ မိန်းကလေးချင်း စကားပြောနေကြတာ ငါက ဘာဝင်ပြောရမှာလဲ ဟိုစောလေးဆိုတဲ့ ဟာမကလဲ စာဘဲကုန်းလုပ်နေတာလေ ငါက ဘယ်သူကို သွားပြောရမှာလဲ "
" နင်လဲ မိန်းကလေးဘဲဟာကို ဘာတွေရှက်နေတာလဲ ကမရယ် "
" မသာမဆုမြတ် လာပါစေဦး လာမှတွေ့မယ် "
" ငါ ဆုမြတ်ကို လိုက်ကူပေးလိုက်ဦးမယ် " နှင်း ဆုမြတ်နောက်ကို လိုက်သွားပြီး ကူလုပ်ပေးဖို့ထက် စပ်စုချင်လို့သာ
" ဆုမြတ် နင် နွယ့်ကို သဘောကျနေတာလား "
" မဟုတ်ပါဘူး နွယ်ရယ် ငါက ဒီတိုင်း သူကို သနားတာပါဟ "
" သနားရင်းကနေ ချစ်သွားတယ်မလား ငါ့ကို ပြောင်လိမ်မနေစမ်းပါနဲ့ ဆုမြတ်ရယ် "
" အေးဟုတ်တယ်ဟ နင်တို့ကိုလဲ ငါဘာမှကို ဖုံးကွယ်လို့မရပါဘူးဟေ "
" ဘာဖုံးကွယ်စရာလိုလို့လဲဟ ချစ်ရင်ချစ်တယ်ပေါ့ ဘာဖြစ်လို့လဲ "
" သူသိသွားရင် ငါ့ကို အထင်သေးသွားမှာဆိုးလို့ပါဟာ "
" ဘာဆိုင်လို့လဲဟယ် မိန်းကလေးချင်းချစ်တာ အထင်သေးစရာမှ မဟုတ်တာ သူငယ်ချင်း ငါကတော့ နင့်ကို နားလည်တယ် "
" ငါ့ကိုနားလည်ပေးလို့ ကျေးဇူးပါ သူငယ်ချင်းရယ် နင်တို့တွေက ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ " နှင်း ဆုမြတ်ပုခုံးကို တိုက်လိုက်ပြီး
" မလိုပါဘူးဟာ ဘယ်တော့ ဖွင့်ပြောမယ်လို့ စိတ်ကူးထားလဲ "
" အေးဆေးပေါ့ဟာ ခုမှသူငယ်ချင်းဖြစ်တာ မကြာသေးဘူးဆိုတော့ ရင်းနှီးမှုအရင်တည်ဆောက်ပြီးတော့မှဘဲ အခြေအနေကြည့်ပြီး ပြောမှာပေါ့ဟာ "
" အိုကေလေ အဆင်ပြေပါစေ သူငယ်ချင်းလေး "
" ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ် " နှင်းတို့တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြိုင်တူရယ်လိုက်မိသည်။
======================
လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင်ဖြစ်သည်။
တကယ်ဆိုရင် ဧကရီဒီလိုပွဲမျိုးကို မတတ်ချင်ပါ။ သို့သော် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဒီတွေ့ဆုံပွဲက အရမ်းအရေးပါသည်။ ဒီလိုပွဲမျိုးကနေဘဲ ကိုယ့်လုပ်ငန်းကို ထောက်ပံ့ပေးမယ့် ရင်နှီးမြှပ်နှံ့မယ်သူတွေက ရတတ်သည်သာဖြစ်သည်။
" ဟယ်လို ဧကရီ ဧကရီတို့ကတော့ အရင်လိုလှနေတုန်းဘဲနော် " Asia Groupက သူဌေးကြီးဦးအောင်သောင်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် အကြီးဆုံးလုပ်ငန်းရှင် Asia Group သူဌေးကြီးဦးအောင်သောင်းဆိုလျှင် စီးပွားရေးလုပ်ငန်းလုပ်သူတိုင်း သိကြသည်။ ဦးအောင်သောင်းသည် ဘုရားတရားအလွန် ရိုသေကိုင်းရှိုင်းတဲ့သူ အပေးအကမ်းရက်ရောတဲ့သူ သူတစ်ပါးကို ကူညီတတ်တဲ့သူဖြစ်သည်။ ဒါက အများအမြင်ပါ တကယ်ဆို ဦးအောင်သောင်းသည် တဏှာရာဂကြီးမားတဲ့သူ ကြီးနိုင်ငယ်ညှင်းလုပ်တတ်တဲ့သူ အားနည်းသူမိန်းမသားတွေကို ဖျက်ဆီးစော်ကားတတ်တဲ့သူ ပြဿနာတတ်လာရင် ငွေပေးပြီးရှင်းတတ်သည် မရလျှင် အာဏာသုံးပြီးဖယ်ရှာတတ်သူဖြစ်သည်။ သူအမြင်မကြည်တဲ့ စီးပွားရေးလုပ်ငန်း သို့မဟုတ် လူတစ်ယောက်ကို လောကကြီးထဲမှာ အစအနတောင် ရှာမရအောင်လုပ်နိုင်တဲ့ အင်းအားကြီးတဲ့သူတစ်ယောက်ပင်ဖြစ်သည်။ ဧကရီ သူလိုလူမျိုးနဲ့ မပတ်သတ်ချင်ပေမယ့်လဲ ဧကရီတို့ထက် အဆမတန်အင်းအားကြီးမားတဲ့သူ ဖြစ်တာကြောင့် ဧကရီ အလိုက်သင့်ပင် ဆက်ဆံရသည်။
" ဟုတ်ကဲ့ ဦးအောင်သောင်းကော ကျန်းမာရေးကောင်းတယ်မလား " ဧကရီကို စားတော့ဝါးတော့မတတ် ကြည့်နေတဲ့ ဦးအောင်သောင်းရဲ့ မျက်လုံးတွေက ကြောက်စရာကောင်းသည်။
" ဧကရီ ဦးတို့တွေ တိတ်ဆိတ်တဲ့တစ်နေရာမှာ စီးပွားရေးအကြောင်း ဆွေးနွေးရအောင် ဦးကို ကျေနပ်အောင် လုပ်ပေးနိုင်ရင် ဧကရီရဲ့ Royal Groupက ဘယ်သူမှ မောမကြည့်နိုင်တဲ့ အနေအထားတစ်ခုမှာ ရှိနေစေရမယ် " ပြောလဲပြော သူ့ရဲ့လက်တွေကလဲ ဧကရီရဲ့ ပုခုံးကို ပွတ်သပ်နေတာကြောင့် ဧကရီနေရခတ်လာသည်။ ဧကရီ သူရဲ့ လက်တွေကို တွန်းထုတ်ရင်
" ရပါတယ် ဦးအောင်သောင်း Royal Groupက သူဟာနဲ့သူ အဆင်ပြေအောင် ရပ်တည်နေနိုင်နေတဲ့အတွက် ဧကရီ ရင်းနှီးမြှပ်နှံ့မယ်သူ မလိုသေးပါဘူး လိုအပ်ခဲ့ရင်တောင် ဦးအောင်သောင်းအကူအညီမယူပါဘူး "
" ဟား... ဟား... မနေ့တစ်နေ့ကမှ အောင်မြင်လာတဲ့ အသေးအမွှာလုပ်ငန်းလေးတစ်ခုက ငါ့ကို အာခံရဲတယ်ပေါ့ အရမ်းသတ္တိကောင်းနေတယ်ပေါ့လေ ဧကရီ "
" ဟို Royal Group CEO မဧကရီလား ခင်ဗျာ " ဧကရီတို့ နှစ်ယောက်ရဲ့ တင်းမာနေတဲ့ အခြေအနေကြားထဲကို ပြေငြိမ်းပေးဖို့ လူတစ်ယောက်ရောက်လာခဲ့တာကြောင့်သာ ဧကရီစိတ်အေးသွားရသည်။ ဒီထက်ပိုပြီး အခြေအနေတင်းမာလာရင် ဧကရီအတွက်လဲ မကောင်းသလို Royal Groupအတွက်လည်း အန္တရာယ်ကျရောက်လာနိုင်သည်။ ဧကရီတို့ကြားကို ဝင်ပေးတဲ့လူတစ်ယောက်ကို ဧကရီကျေးဇူးတင်တဲ့အကြည့်တွေနဲ့
" ဟုတ်ပါတယ်ရှင့် "
" တွေ့ရတဲ့ ဝမ်းသာပါတယ် ကျွန်တော်က ဟိန်းမင်းလတ်ပါ The Sun Group CEOပါ ဒီက အန်ကယ် ကျွန်တော်တို့ စကားပြောစရာလေးရှိလို့ ခွင့်ပြုပေးပါဦးနော် " ထိုလူသည် ဧကရီ့ကို မိတ်ဆတ်ပြီး တစ်ဆက်တည်း ဦးအောင်သောင်းကိုပါ ပြောလိုက်တော့ ဦးအောင်သောင်း ရှူရှူရှားရှားနှင့် ဧကရီတို့နားကနေ ထွတ်သွားသည်။ ဦးအောင်သောင်းတစ်ယောက် ထွတ်သွားတော့မှဘဲ ဧကရီ သက်ပြင်းချနိုင်တော့သည်။
" ဒီဘက်က ကူညီပေးတာကျေးဇူးပါဘဲနော် ကိုဟိန်းမင်းလတ် "
" ရပါတယ်ဗျာ ကျွန်တော်က အမြင်မတော်ရင် မနေတတ်လို့ပါ အဲလိုအင်းအားကြီးပြီးတော့ မတရားလုပ်တတ်တဲ့သူတွေကို ကြည့်မရတာကြောင့် ကူညီတာပါ စိတ်ထဲမထားပါနဲ့ "
" ဟုတ်ကဲ့ပါရှင့် ကျွန်မရဲ့ လုပ်ငန်းကတ်ပါ အကူအညီလိုအပ်ရင် လာခဲ့ပါ ကျွန်မလဲ အတတ်နိုင်ဆုံးကျေးဇူးဆပ်ပါမယ် ထပ်ပြီးတော့ တကယ်ကျေးဇူးတင်ပါတယ်နော် "
" မလိုပါဘူး မဧကရီရယ် ကျေးဇူးတင်ရင်တော့ နောက်တော့မှ ထမင်းဝယ်ကျွေးပေါ့ ကျေးဇူးက ဗိုက်မဝဘူးလေ ထမင်းကဘဲ ဗိုက်ဝတာဆိုတော့ "
" ကိုဟိန်းမင်း ... "
" ဟိန်း လို့ဘဲ ခေါ်လို့ရပါတယ် "
" ဟုတ်ပါပြီး ဟိန်းက နောက်တတ်တာဘဲ နောက်တစ်ခါကြုံရင် ဝယ်ကျွေးပါ့မယ်ဟုတ်ပြီးလား " သူတို့နှစ်ယောက်စကားပြောနေတာကို မျက်ထောင့်နီနဲ့စောင့်ကြည့်နေသူ ဦးအောင်သောင်းရယ်ပါ။ ဘာမဟုတ်တဲ့ လုပ်ငန်းသေးသေးလေးက သူ့ကို မထီမဲ့မြင်လုပ်ရဲတယ်ဆိုပြီး ဧကရီကို ဦးအောင်သောင်းမကျေနပ်ပါ ခုမှနာမည်လေးရလာတဲ့ သူက Asia Groupကို ယှဉ်နိုင်မလားဆိုတာ စောင့်ကြည့်ချင်သေးသည်။ သူ့ကို အာခံရဲတဲ့ အကျိုးဆက်ကို Royal Groupအနေနဲ့ကော ဧကရီအနေနဲ့ပါ ကောင်းကောင်းကြီး ခံစားရမည်။ ဧကရီဆိုတဲ့မိန်းမ သူ့ရှေ့မှာ ပြားပြာဝပ်ပြီး သူပြောခဲ့တာတွေအတွက် ကောင်းကောင်းကြီးတောင်းပန်ရမည်။ ဧကရီ ဟိန်းနဲ့ စကားပြောနေတုန်း ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ ဧကရီချစ်ရတဲ့ မီးငယ်လေး
" ခနနော် မကိုင်လို့မဖြစ်တဲ့ ဖုန်းမို့ပါ "
" ရပါတယ်ဗျ သွားပြောလိုက်ပါနော် ကျွန်တော်လဲ အခြားသူတွေနဲ့ စကားပြောလိုက်ပါဦးမယ် "
" အိုကေ နှုတ်ဆတ်ပါတယ်နော် " ဟိန်းကို နှုတ်ဆတ်ပြီးတော့ ဧကရီအပြင်ထွတ်ကာ ဖုန်းကိုင်လိုက်သည်။
" ဟယ်လို... မီးငယ်လေး "
" ဖုန်းကိုင်ဖို့ကို ဘာလို့ကြာနေတာလဲ မားရဲ့ "
" ခန်းမထဲမှာ နည်းနည်းဆူနေလို့ အပြင်ထွတ်လာတာကြောင့် ကြာသွားတာပါ မီးငယ်ရယ် "
" ဟုတ်ကဲ့ပါမား စားပြီးပြီးလား အရက်တွေလဲ မသောက်နဲ့နော်မား မီးငယ်မကြိုက်ဘူး "
" စိတ်ချပါမီးငယ်ရယ် မားမသောက်ပါဘူး စားလို့လဲပြီးပါပြီး မီးငယ်ရော ဘာနဲ့စားလဲ "
" ထမင်းမစားချင်လို့ မားရယ် မီးငယ်တို့တွေ ခေါက်ဆွဲဘဲ ပြုတ်သောက်ကြတယ် ဟို မီးငယ်ပြောစရာရှိတယ် မီးငယ်ကို မဆူနဲ့နော်မား " (သာသာကောင်မလေးလိုဘဲ အပြစ်လုပ်ထားပြီးရင် မဆူနဲ့နော်က အရင်ဆီးပြောတာ 😜)
" ဘာမဟုတ်တာ လုပ်ထားကြပြန်ပြီးလဲ မားကိုပြော "
" မီးငယ် ခေါက်ဆွဲပြုတ်တာ လက်အပူလောင်သွားတယ် မား "
" မီးငယ်ကတော့ လုပ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းဘဲ ဂရုစိုက်ဖို့ မားပြောထားတာကို "
" မားကလဲလို့.... မီးငယ်က တမင်လုပ်တာမှ မဟုတ်တာ ဂရုစိုက်နေတဲ့ကြားကနေ သူ့ဘာသာဖြစ်သွားတာဘဲကို " (သာသာကလေးနဲ့ တစ်လေသံတည်းဘဲ)
" ကဲပါ ဟုတ်ပါပြီး အပူလောင်သွားတာ များလား ဆေးကော လိမ်းထားလား မီးငယ်လေး "
" လက်ကရဲသွားတယ် မား ဆေးတော့လိမ်းထားတယ် နာတယ်လို့ ဟင့် "
" မငိုနဲ့လေမီးငယ်ရယ် မားခနနေပြန်လာခဲ့မယ်ဟုတ်ပြီးလား ဂရုစိုက်နော်ကလေးလေး "
" ဟုတ်... မား မြန်မြန်ပြန်လာနော် အာဘွား "
" အာဘွား မီးငယ်လေး " ဖုန်းချပြီးတာနဲ့ နှင်းမျက်ရည်တွေ စီးကျလာသည်။ ဘာလို့မှန်းမသိ နှင်းတစ်ခုခုထိခိုက်မိတာတို့ နေမကောင်းဖြစ်တာတို့ဆို အားငယ်သလို ဝမ်းနည်းသလိုပင် အမြဲမျက်ရည်ကျတတ်သည်။ အဲအကြောင်းကို သိတဲ့မားက နှင်းတစ်ခုခုထိခိုက်မိတိုင်း နှင်းရဲ့အနားမှာ ရှိနေပေးသည်။ နှင်းရဲ့အနားမှာ ရှိမနေသည့်တိုင် ရောက်ရာအရပ်ကနေ ချက်ခြင်ရောက်လာတတ်သူဖြစ်သည်။ ဧကရီကားကို အမြန်မောင်းပြီး အိမ်ကိုပြန်ရောက်ဖို့သာ စိတ်လောနေသည်။ မီးငယ်လေးအကြောင်း ဧကရီအသိဆုံးဖြစ်သည်။ ထိခိုက်မိတာတို့ နေမကောင်းဖြစ်တာတို့ဆို အရမ်းအားငယ်တတ်သည်။ ဧကရီအနားမှာသာမရှိရင် တစ်ယောက်တည်းငိုနေမယ်ဆိုတာ သေချာသည်။
========================
ဆုမြတ်ရဲ့ နှလုံးသားက အပြင်ကို ပေါက်ထွတ်မတတ်ပင် ခုန်ပေါက်နေသည်။ ဆုမြတ်ရဲ့ ရင်ခုန်သံက ကျယ်လွန်းလို့ အခြားသူကြားသွားမှာတောင် စိုးရိမ်ရသည်။ ကိုယ်ချစ်တဲ့သူနဲ့ တစ်ခန်းထဲအတူ အိပ်ရမှာဆိုတော့ ဘယ်သူက ရင်မခုန်ဘဲ နေနိုင်မှာလဲ တော်သေးတယ်ဘဲ ပြောရမည် နွယ်က နှစ်ယောက်တူတူမအိပ်တတ်ဘူးဆိုတာကြောင့် နွယ်အောက်မှာဆင်းအိပ်လို့သာ မဟုတ်ရင် ဆုမြတ်ရဲ့ရင်ခုန်သံကို ကျိန်သေးကြားရမှာ အသေအချာပင်။
" ဆုမြတ် ... " ချစ်ရသူ နွယ့်ထံမှ ဆုမြတ်လို့ခေါ်တဲ့အသံကြားရအောင် ဆုမြတ်ရဲ့ကမ္ဘာကြီးတောင် ရပ်တန့်သွားသလိုပင်
" ဟင် နွယ် မအိပ်သေးဘူးလား ဘာဖြစ်လို့လဲ "
" အင်း .... အိပ်မရလို့ ဆုမြတ်မအိပ်သေးရင် စကားပြောကြမယ်လေ " ဆုမြတ်အတွက်ကတော့ အပျော်ဆုံးဆုလာဘ်ဘဲပေါ့
" ရတယ်လေ နွယ်ပြောလေ ဆုမြတ်နားထောင်ပေးမယ် "
" မိန်းကလေးချင်းအချစ်ကို ဘယ်လိုမြင်လဲဟင် ဆုမြတ် " နွယ် ရုတ်တရက်မေးလိုက်တဲ့ မေးခွန်းကြောင့် မျက်ခုံးတွေတောင် မြောက်တတ်သွားသည်။ ဆုမြတ် ဟန်မပြတ်ဆက်နေရင်း
" ဆုမြတ်ကတော့ အချစ်ကို အချစ်လို့ဘဲ မြင်တယ် မိန်းကလေးချင်းဘဲဖြစ်ဖြစ် မိန်းကလေးနဲ့ယောကျာ်းလေးဘဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် ချစ်နေကြရင် အဲတာအချစ်ဘဲလေ လိင်တူတူ လိင်ကွဲကွဲ ချစ်နေကြဖို့ အဓိကဘဲလို့ ထင်တယ် "
" ဟုတ်တယ်နော် ဆုမြတ် နွယ်လဲ အဲလိုဘဲထင်တယ် တစ်ချို့လူတွေက ပြောတယ် မိန်းကလေးချင်းချင်းယူပြီး ဘာရမှာလဲဆိုပြီး မေးငေါ့ကြတယ် "
" လူတွေကအဲလိုဘဲ နွယ်ရဲ့ လူနှစ်ယောက်ချစ်ကြပြီးဆိုရင် ကုတင်ပေါ်က ကိစ္စဘဲ မြင်ကြတာ ဘယ်လို sexလုပ်မှာလဲ ဘယ်လို ကလေးမွေးမှာလဲဆိုတာဘဲ စပ်စုချင်ကြတာ "
" ဟုတ်တယ် ဆုမြတ် နွယ်လဲ အဲတာကိုဘဲပြောချင်တာ သူတို့ကျတော့ ကုတင်ပေါ်မှာ လုပ်ချင်သလိုလုပ်ပြီးတော့ ကလေးရလာတော့ မလိုချင်လို့ ဖျက်ချတဲ့သူနဲ့ တာဝန်မယူချက်လို့ အကြောင်းပြပြီး စွန့်ပစ်တဲ့သူနဲ့တောင် ရှိကြသေးတာဘဲ "
" အင်း... ဆုမြတ်တို့လို လိင်တူချစ်သူတွေထဲမှာ ကလေးလိုချင်လို့ မိဘမဲ့ကလေးတွေကို မွေးစားပြီး ကိုယ့်သားသမီးအရင်းလို စောင့်ရှောက်တဲ့အတွဲတွေလဲ အများကြီးရှိသလို နှစ်ယောက်တူတူနေကြပြီး ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းနေတဲ့ အတွဲတွေလဲ အများကြီးဘဲ ရှိတယ် "
" ဟင်... ဆုမြတ်တို့လို လိင်တူချစ်သူလို့ ပြောလိုက်တာလား အဲတာဆို ဆုမြတ်က လိင်တူချစ်သူလား " ဆုမြတ်စကားလွန်သွားမိသည်။ မတတ်နိုင် နွယ့်ကိုလဲ မလိမ်ချင်တာကြောင့် ဆုမြတ်ဝန်ခံလိုက်သည်။
" အင်း ဟုတ်တယ်နွယ်၊ ဆုမြတ်က မိန်းကလေးချင်ကြိုက်တဲ့ လိင်တူချစ်သူတစ်ယောက်ပါ "
" အို... ဟုတ်လား နွယ်လဲ တူတူဘဲ ဟီး... ဟီး... " နွယ်လဲ လိင်တူချစ်သူဆိုတာ သိလိုက်ရတော့ ဆုမြတ်အပျော်ကြီး ပျော်ရသည်။ သို့သော် ဆုမြတ်ရဲ့ ပျော်ရွှင်မှုတွေကို နွယ်ဆက်ပြောသည့် စကားတွေက ရိုက်ချလိုက်သည်။
" အစကတော့ နွယ်က လိင်တူချစ်သူမဟုတ်ဘူးဘူး ဒါပေမယ့် နွယ်ချစ်တဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် နွယ်လဲ လိင်တူချစ်သူဖြစ်သွားတာပေါ့ "
" ဩော်... နွယ့်မှာ ချစ်သူရှိတယ်ပေါ့ "
" ချစ်သူမဟုတ်ပါဘူး ဆုမြတ်ရဲ့ နွယ့်တစ်ဖက်သတ်ချစ်နေရတဲ့သူပါ ဟိုက နွယ်ချစ်နေမှန်းတောင် မသိဘူး "
" နွယ်ချစ်တဲ့သူက ဆုမြတ်သိတဲ့လူလား သိတဲ့သူဆို ဆုမြတ်ကူညီပေးမယ်လေ "
" အွန် ဆုမြတ်သိတဲ့သူဘဲ တကယ်ကူညီပေးမယ်ဆို နွယ်ပြောပြမယ် "
" ကူညီပေးပါမယ့်နွယ် ကတိပေးတယ် ဘယ်သူလဲပြောပြ " ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်မရပေမယ့်လည်း သူသာပျော်ရွှင်နေမယ်ဆိုရင် ဆုမြတ်ရင်ကွဲခံရကျိုးနပ်ပါတယ်။ သူ့အနားမှာ နေခွင့်ရနေတာဘဲ တော်ပါပြီ။ ဆုမြတ် နွယ့်ကို ကတိပေးခဲ့မိတာ မဟာအမှားကြီးတစ်ခုဆိုတာ ကြိုသာသိခဲ့ရင်
" နွယ်က အန်တီဧကိုချစ်နေမိလို့ ဆုမြတ် " နွယ်ချစ်တဲ့သူကို သိရတဲ့ချိန်မှာ ဆုမြတ်စိတ်ထဲမှာ နွယ့်ကိုသာ သနားမိသည်။ ကိုယ့်ကိုပြန်မချစ်နိုင်မယ့်သူကိုမှ နွယ်ကချစ်မိတာကို။ အန်တီဧဆိုတာ စောလေးတစ်ယောက်တည်းအတွက်ဘဲ အသက်ရှင်နေတာဖြစ်သည်။ စောလေးအတွက်ဖြစ်ဖြစ် အန်တီဧဘယ်တော့မှ အိမ်ထောက်ပြုမှာ မဟုတ်သလို လက်တွဲဖော်လဲ ရှာမှာမဟုတ်ဘူးဆိုတာ ဆုမြတ်အသိဆုံးပင်ဖြစ်သည်။ မရနိုင်တာကို အတင်းပိုင်ဆိုင်ဖို့ ကြိုးစားရင် နောက်ဆုံးခံစားရမှာ နွယ်ကိုယ်တိုင်ဘဲဖြစ်လိမ့်မယ်ဆိုတာကိုတော့ ဆုမြတ်မပြောတော့ပါ။ အခုချိန်မှာတော့ သူပျော်နေတာလေးကိုဆုမြတ်မဖျက်ဆီးချင်ပါ။
မီးငယ်ရဲ့ အခန်းတံခါးကို ဧကရီ ဆွဲဖွင့်လိုက်တော့ မီးငယ် အခန်းထဲမှာရှိမနေပါ အဲတာဆို မီးငယ်ဘယ်မှာရှိနေမလဲဆိုတာ ဧကရီသိသည်။ ဧကရီထင်သည့်အတိုင်းပင် ဧကရီ့အခန်းကုတင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး ငိုနေတဲ့ မီးငယ်လေး။
" မီးငယ်လေး... ကလေးလေး... " ဧကရီအသံကြားတော့ ခေါင်းလေးထောင်လာသည်။ ငိုထားလိုက်တာလဲ မျက်ခွံတွေတောင် မို့နေပြီး နှာခေါင်းထိပ်လေးတွေ ရဲတွတ်နေသည်။
" မား ဟီး..... ဟီး..... "
" မငိုနဲ့တော့လေကလေးရယ် ဘာမှမဖြစ်တာ့ဘူးနော်ကလေးလေး မားအနားမှာရှိတယ်လေနော် "
" ဟုတ် မား "
" မားကို လက်ပြပါဦး ဘယ်လောက်တောင်များသွားလဲ ကြည့်ရအောင် " လက်ကောက်ဝတ်နားက အနီရောင်အကွက်က ဧကရီရဲ့ ရင်တွေကို ဆုတ်ဆွဲခံလိုက်ရသလိုပင် ( ကိုယ့်ကောင်မလေးရဲ့လက် ရေနွပေူလောင်တုန်းကလဲ အဲလိုဘဲခံစားရတယ် ကောင်မလေးရဲ့လက်က ဖြူဖြူနုနုလေးဆိုတော့ အပူလောင်သွားတော့ ရဲနေတာဘဲ🥺 ) ဧကရီ သူ့လက်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတာကို သိတော့ ဧကရီရင်ခွင်ထဲ တိုးခွေ့ဝင်လာပြီး ဧကရီမျက်နှာကို မော့ကြည့်ကာ
" မီးငယ်ကြောင့် မားစိတ်မကောင်းဖြစ်နေရပြီး မီးငယ်မလိမ်မာဘူးမလား " မျက်ရည်လေးဝဲတဲတဲနဲ့ ပြောလာတော့လဲ ဧကရီသနားရပြန်သည်။ မီးငယ်ရဲ့ပါးလေးကို မြတ်မြတ်နိုးနိုးနဲ့ နမ်းရှိုက်ပြီး
" မားရဲ့ မီးငယ်လေးက လိမ်မာပါတယ်ကလေးရယ် မီးငယ်လေးနာကျင်နေရတော့လဲ မားက ဘယ်စိတ်ကောင်းမလဲ မီးငယ်ရဲ့ "
" ဟုတ်ကဲ့ပါမားရယ် မီးငယ်နောက်မဖြစ်အောင် ဂရုစိုက်ပါမယ်နော် "
" မီးငယ်လေးလက်ကို မားဆေးထပ်လိမ်းပေးမယ်နော် လက်ဖြူဖြူလေးမှာ အမာရွက်ကျန်သွားရင်ဘယ်လိုလုပ်မလဲ အမာရွက်ကြီးနဲ့ မလှတော့ရင် မီးငယ်ကို ဘယ်သူယူမှာလဲပြော "
" ဘယ်သူမှ ယူစရာမလိုပါဘူးနော် မီးငယ်က မားနဲ့ဘဲ တစ်သက်လုံးနေမှာ " အဲလိုသာဆိုရင် ဧကရီဘဝက အမြဲတမ်းပျော်စရာတွေနဲ့ ပြည့်နှက်နေမယ်ဆိုတာ အသေအချာပင်
=======================
သာသာရဲ့ စာဖတ်သူလေးတွေ ဖတ်ပြီးရင် review လေးတွေ ပေးကြဦးနော် အားပေးတဲ့သူတစ်ယောက်ချင်ဆီကို ကျေးဇူးတင်ပါတယ်ရှင့် သာသာရဲ့ စာလေးတွေဖတ်ပြီး အမောတွေပြေပါစေနော်
-----------------------------------------------------------
မားရဲ့ မီးငယ်လေး
- အပိုင်း ၇
- GL Story
- စာရေးသူချယ်
YOU ARE READING
မားရဲ့ မီးငယ်လေး (Completed )
RomanceGL Story Unicode နဲ့ရော Zawgyi နဲ့ရော နှစ်မျိုးလုံးနဲ့ ရေးပေးထားလို့ စာဖတ်သူတွေ အဆင်ပြေကြပါစေ