မားရဲ႕ မီးငယ္ေလး
- GL Story
- အပိုင္း ၃၃ ဇာတ္သိမ္းပိုင္း
- စာေရးသူ ခ်ယ္
Dream Goldကုမၼဏီရဲ႕ဥကၠဌႀကီးမြန္ေစာနဲ႔အတူညစာစားဖို႔အတြက္ စားေသာက္ဆိုင္ႀကီးတစ္ခုမွာ ႏြယ္တို႔ေလးေယာက္လံုးေရာက္ေနၾကသည္။ ဒီတံခါးကိုဖြင့္ၿပီးဝင္လာမယ္သူက သူတို႔ေတြေမ်ွာ္လင့္ထားသလို နွင္းဘဲျဖစ္ေလမလားဆိုတာကို စိတ္လႈပ္ရွားေနရသည္။ ဟုတ္ခဲ့ရင္ေရာ အန္တီဧနဲ႔ပတ္သတ္ၿပီးဘယ္လိုဖြင့္ေျပာရမလဲဆိုတာ မသိေသးပါ။ သူတို႔ေစာင့္ေနလို႔မၾကာခင္မွာဘဲ Dream Goldကုမၼဏီရဲ႕ဥကၠဌႀကီးမြန္ေစာတစ္ျဖစ္လဲ သူတို႔ေမ်ွာ္လင့္ထားတဲ့အတိုင္း သူငယ္ခ်င္းျဖစ္သူနွင္းေလးသည္ ခိုင္မာျပတ္သားတဲ့ဟန္ပန္နဲ႔တစ္လွမ္းခ်င္းဝင္ေရာက္လာသည္။ သူတို႔သူငယ္ခ်င္းေလးသည္ စထြတ္သြားတုန္းကပံုစံနဲ႔မတူေတာ့ဘဲတကယ့္ကို လုပ္ငန္းႀကီးတစ္ခုကိုဦးေဆာင္ေနတဲ့ဥကၠဌႀကီးတစ္ေယာက္ရဲ႕ အရွိန္အဝါမ်ိဳးအျပည့္အဝရွိသည္။ နွင္းေရာက္လာလို႔ အံၾသၿငိမ္သက္ေနတဲ့အခန္းကို နွင္းကိုယ္တိုင္းဘဲအစျပဳလို႔ အသက္ဝင္ေစလိုက္သည္။
" သူငယ္ခ်င္းတို႔မေတြ႕တာၾကာၿပီး အားလံုးအဆင္ေျပၾကတယ္မလား "
" ဟင္! အင္း အ... အဆင္ေျပပါတယ္နွင္း " ရုတ္တရက္မို႔ေၾကာင္အေနတုန္းမွာဘဲ နွင္းရဲ႕ေမးသံေၾကာင့္ ႏြယ္ထစ္ထစ္အအနဲ႔ ျပန္ေျဖရသည္။ ႏြယ့္အေနနဲ႔ နွင္းအေပၚမွာမ်က္နွာပူေနတာလဲပါသည္။ ႏွင္းကေတာ့ နားလည္ခြင့္လႊတ္ေပးတဲ့အၿပံဳးမ်ိဳးကိုေပးၿပီး
" ဘယ္လိုလဲႏြယ္ အခုလူမွန္ေနရာမွန္ကိုရွာေတြ႕ၿပီးမလား ဆုျမတ္ကႏြယ့္ကို စိတ္ညစ္ေအာင္လုပ္ေနလားနွင္းကိုေျပာ အဲကမကို နွင္းဆံုးမေပးမယ္ "
" ႏြယ္အဆင္ေျပပါတယ္ႏွင္းရယ္ ဆုကႏြယ့္ကိုမ်က္နွာတစ္ခ်က္မညိဳးရေအာင္ဂရုစိုက္ပါတယ္ နွင္းကသာႏြယ့္ေၾကာင့္... " ႏြယ္ဆက္ေျပာမယ့္စကားကို နွင္းသိေနတာေၾကာင့္ ဆက္မေျပာေစရန္ စကားျဖတ္ကာ
" ၿပီးခဲ့တာေတြၿပီးပါေစေတာ့ႏြယ္ရယ္ စိတ္ထဲမထားနဲ႔ေတာ့ေနာ္ ႏွင္းစိတ္ထဲမွာဘာမွမရွိေတာ့ပါဘူး ႏြယ့္ေၾကာင့္သာမဟုတ္ရင္ နွင္းအခုလိုကိုယ့္ေျခေပၚကိုယ္ရပ္တည္နိုင္မွာမဟုတ္ဘူးေလ အခုေတာ့အရာအားလံုးၿပီးပါၿပီး ႏြယ္လဲႏြယ္ခ်စ္တဲ့သူကိုရွာေတြ႕သြားၿပီး နွင္းလဲနွင္းခ်စ္တဲ့မားနဲ႔အတူတူေအးခ်မ္းတဲ့ဘဝေလးကို ပိုင္ဆိုင္နုိုင္ၿပီးေလ နွင္းေက်နပ္ပါတယ္ " က်န္တဲ့သူေတြကေတာ့ သူတို႔သူငယ္ခ်င္းနွစ္ေယာက္ေအးေအးေဆးေဆးစကားေျပာေစရန္အတြက္ တိတ္တိတ္ဆိတ္ဆိတ္ေနေပးသည္။ ႏွင္းရဲ႕စကားေတြကိုၾကားတဲ့အခါ ႏြယ္စိတ္ထဲကဝမ္းနည္းမႈေတြကိုစို႔တတ္လာၿပီး မ်က္ရည္ေတြလ်ွံက်လာသည္။
" အီ...ဟီး...ဟီး... အန္တီဧဆံုးၿပီးနွင္းရဲ႕ အန္တီဧမရွိေတာ့ဘူး ႏြယ့္ေၾကာင့္ပါႏွင္းရယ္ ႏြယ့္ေၾကာင့္ "
" ႏြယ္ ဘာစကားေတြေျပာေနတာလဲ မားကမေသပါဘူး ႏွင္းနားမွာအၿမဲရွိတယ္ ဒီကိုလာဖို႔လဲႏွင္းေခၚထားတာ မားမေသပါဘူးႏြယ္ မဟုတ္တာေတြမေျပာနဲ႔ " တုန္လႈပ္ေနတဲ့ႏွင္းရဲ႕ကိုယ္ေလးကို ႏြယ္ဖတ္ေပးထားၿပီးေတာ့
" ႏြယ္ေတာင္းပန္ပါတယ္ႏွင္းရယ္ လက္ခံလိုက္ပါေနာ္ အန္တီဧကားေပါက္ကြဲမႈျဖစ္ၿပီးဆံုးၿပီးနွင္းရယ္ စိတ္ထဲမွာတင္းမထားနဲ႔ေနာ္လႊတ္ခ်လိုက္ပါဟာ နင္ပိုၿပီးခံစားရလိမ့္မယ္ ဆုရယ္ နွင္းကိုနားခ်ပါဦး အာကာေရာ ဟင့္... "
" မဟုတ္တာ နင္တို႔ေတြေသခ်ာမသိဘဲမေျပာၾကပါနဲ႔ မားကမေသဘူး ငါနဲ႔အတူရွိတာလို႔ ငါနဲ႔ " နွင္းရဲ႕ပံုစံကိုၾကည့္ၿပီး ဆုျမတ္နဲ႔အာကာ ေၾကကြဲေနၾကသည္။ ဆုျမတ္နဲ႔အာကာကေတာ့ နွင္းကိုနားခ်ၿပီး နွစ္သိပ့္ေပးၾကေနၾကသည္။ နွင္းကေတာ့ ဘယ္လိုမွလက္မခံနိုင္ပါဘူး။ မားကေသမွမေသဘဲ နွင္းအနားမွာအၿမဲတမ္းရွိေနတာေလ။ ဟုတ္တယ္ မားကနွင္းရဲ႕အနားမွာအၿမဲရွိတယ္။
" ဝုန္း! " နွင္းေဒါသထြတ္လာၿပီး စာပြဲကိုထုကာ
" နင္တို႔ပါစပ္ေတြပိတ္လိုက္ေတာ့ ငါမၾကားခ်င္ဘူး မားမေသေသးဘူးလို႔ေျပာေနတယ္ေလ ဘာလို႔မယံုၾကတာလဲ နင္တို႔ေတြေသခ်ာေစာင့္ၾကည့္ထား မားကအဲအခန္းတံခါးကိုဖြင့္ၿပီးဝင္လာလိမ့္မယ္ေစာင့္ၾကည့္ေန မားကငါ့နားမွာအၿမဲရွိတယ္ " အားလံုးရဲ႕စိတ္ထဲမွာ နွင္းေသြးရူးေသြးတန္းေျပာေနတယ္ထင္ၿပီး သနားေနၾကေပမယ့္ သူတို႔မ်က္လံုးထဲမွာေတာ့ အန္တီဧကဒီတံခါးကိုျဖတ္ၿပီးဝင္လာပါေစဆိုတဲ့ေမ်ွာ္လင့္ခ်က္ေတြေတာ့ရွိပါေသးသည္။ သူတို႔အားလံုးရဲ႕မ်က္လံုးေတြသည္ ေမ်ွာ္လင့္ခ်က္အျပည့္နဲ႔တံခါးဝဆီကိုေရာက္သြားၾကသည္။ ထိုအခိုက္
" ကြၽီး... " တံခါးဖြင့္သံနဲ႔အတူ အခန္းထဲမွာရွိတဲ့သူေတြအားလံုးအံၾကသြားၾကသည္။ အခန္းထဲကိုဝင္လာတဲ့သူက ရဲဝတ္စံုဝတ္ထားတဲ့ရဲေတြျဖစ္သည္။ ထိုရဲေတြသည္ Royal Groupရဲ႕အမႈေဆာင္ဒါရိုက္တာဦးနန္းမိုးနဲ႔ဌာနမႈနန္းစႏၵာတို႔ဆီတည့္တည့္သြားၿပီး လက္ထိပ္ခတ္လိုက္သည္။
" မဧကရီကိုသတ္ရန္ႀကံစည္မႈ ေငြေၾကးအလြဲသံုးစားလုပ္မႈတို႔နဲ႔အတူ ဦးနန္းမိုးနဲ႔နန္းစႏၵာကိုဖမ္းဆီးလိုက္ပါၿပီး က်န္တာကိုစခန္းေရာက္မွရွင္းပါ "
" မဟုတ္ဘူးေနာ္! မဟုတ္ဘူး! မင္းတို႔မွာဘာသက္ေသရွိလို႔ ဧကရီကိုသတ္တယ္ဆိုတဲ့သက္ေသမရွိဘဲဖမ္းလို႔ကေတာ့ မင္းတို႔ေနရာေပ်ာက္ၿပီးသာမွတ္ထား "
" ကြၽန္မတို႔ေခ်ာက္ခ်ခံရတာပါ ကြၽန္မတို႔အတြက္တရားမ်ွတမႈကိုရွာေပးပါ မတရားခံရတာပါ " ခနေလးအတြင္းမွာတင္ အုတ္အုတ္က်က္က်က္ျဖစ္သြားတဲ့အစည္းအေဝးခန္းက က်န္ခဲ့တဲ့ရွယ္ယာရွင္ေတြလဲ အံၾသေနၾကသည္။ CEOေနရာကိုလိုခ်င္လို႔ CEOကိုသတ္ပစ္ခဲ့တဲ့သားအဖအေပၚမွာလဲ မုန္းတီးစိတ္ေတြနဲ႔ေလွာင္ေျပာင္ဆဲဆိုေနၾကသည္။
===================
" အာ! သ... သရဲ... "
" ေျပာေတာ့ ငါ့ရဲ႕မားကိုခ်စ္လွပါခ်ည္ရဲ႕ဆို အခုေတာ့မားကိုျမင္တာနဲ႔ သရဲလို႔ေတာင္ေခၚေနၿပီးေပါ့ႏြယ္" ႏြယ္ရဲ႕ေၾကာက္လန္႔တၾကားေအာ္တဲ့အသံက နွင္းရဲ႕စကားေၾကာင့္ရပ္တန္႔သြားၿပီး အန္တီဧသည္လည္း ႏြယ့္ကိုၿပံဳးၿပံဳးႀကီးထိုင္ၾကည့္ေနသည္။
" အန္တီဧ မ... မေသေသးဘူးမလား ဝမ္းသာလိုက္တာအန္တီဧရယ္ "
" အန္တီဧဘာမွမျဖစ္ပါဘူးဆုျမတ္ရယ္ မီးငယ္ေလးရယ္ သူငယ္ခ်င္းေတြကိုရွင္းျပလိုက္ေလ "
" ဟုတ္ကဲ့ပါမား " အားလံုးရဲ႕အၾကည့္ေတြသည္ နွင္းေျပာတဲ့စကားကို စိတ္ပါဝင္စားစြာျဖစ္ေနတာေၾကာင့္ အခ်ိန္မဆြဲေတာ့ဘဲ
" နွင္းေျပာျပရမယ္ဆိုရင္ လြန္ခဲ့တဲ့သံုးရက္ေလာက္ကေနစေျပာမယ္ေသခ်ာနားေထာင္ "
" လြန္ခဲ့တဲ့သံုးရက္ေလာက္က မားဆီကိုငါတို႔ကုမၼဏီနဲ႔ပူးေပါင္းဖို႔ဆိုၿပီးဖိတ္လိုက္တယ္ ၿပီးေတာ့နင္တို႔ေတြကိုပါတစ္ခါတည္းလိုက္ဖိတ္တာေပါ့ဟာ အစကေတာ့ငါက ကိုရီးယားကိုမားေရာက္လာမွဘဲငါပါဆိုၿပီးဖြင့္ေျပာမယ္ေပါ့ ဒါေပမယ့္လည္းမေတြ႕တာလဲအရမ္းၾကာၿပီးအရမ္းလဲလြမ္းေနတာမို႔လို႔ မားရဲ႕အသံေလးၾကားရေအာင္လို႔ ဖုန္းေခၚၿပီးဖြင့္ေျပာလိုက္မိတယ္ဆိုပါေတာ့ " နွင္းေျပာေနတဲ့ကိုနားေထာင္ေနတဲ့သူအားလံုးဆီက မ်က္ေစာင္းလွလွေလးကို လက္ခံရရွိလိုက္ေလသည္။ မားသည္လည္း နွင္းကိုၾကည့္ၿပီးၿပံဳးေနရံုသာ
" အဲတည္းကမားကငါနဲ႔ ကိုရီးယားကိုမလာခင္အထိအဆက္အသြယ္လုပ္ျဖစ္ခဲ့ၾကတယ္ ကိုရီးယားကိုေရာက္လာဖို႔ တစ္ရက္အလိုမွာ ကိုေအာင္မင္းဆိုတဲ့သူကမားဆီကိုေရာက္လာခဲ့တယ္ ကိုေအာင္မင္းကိုႏြယ္သိမွာပါ "
" အင္း... ႏြယ္သိတယ္ အဲတုန္းက... "
" သိရင္ရၿပီး က်န္တာမလိုေတာ့ဘူးႏြယ္ ကိုေအာင္မင္းဆိုတာ Asia Groupရဲ႕သူေဌးႀကီးဦးေအာင္ေသာင္းရဲ႕လက္ကိုင္တုတ္ သူခိုင္းသမ်ွလုပ္ရတဲ့သူ "
" သူက ဘာကိစၥအန္တီဧဆီေရာက္လာတာလဲဟင္ " ဆုျမတ္ရဲ႕ေမးခြန္းကို အာကာကလဲေခါင္းညိမ့္ေထာက္ခံသည္။
" ဘာလိုဆို ဦးေအာင္ေသာင္းကသစၥာေဖာက္လို႔ေပါ့ဟာ ဦးေအာင္ေသာင္းကဦးနန္းမိုးတို႔သားအဖနဲ႔ေပါင္းၿပီး မားကိုသတ္ဖို႔ႀကံစည္ၾကတယ္ေလ မားကိုလုပ္ႀကံၿပီးတာနဲ႔ကိုေအာင္မင္းကိုပါတစ္ဖတ္လွည့္နဲ႔ရွင္းထုတ္ၿပီး အျပစ္ေတြအားလံုးကို ကိုေအာင္မင္းဆီလႊဲခ်ဖို႔ေျပာေနတာကို ကိုေအာင္မင္းကၾကားသြားတာ "
" အဲေတာ့ ဦးေအာင္ေသာင္းကသစၥာေဖာက္လို႔ ကိုေအာင္မင္းကလက္ဦးမႈရယူၿပီး အရင္သစၥာေဖာက္လိုက္တာေပါ့ "
" ဟုတ္တယ္ႏြယ္ ကိုေအာင္မင္းကမားဆီကိုေရာက္လာၿပီး သူတို႔အႀကံအစည္ေတြအကုန္လံုးကိုဖြင့္ခ်သြားတာ မားကလဲငါ့ကိုဖုန္းနဲ႔အေၾကာင္းဆံုးျပန္ေျပာျပေတာ့ သူတို႔ကိုျပန္ၿပီးေခ်ာက္ခ်ဖို႔အတြက္ သူတို႔ဖန္တီးထားတဲ့ဇာတ္လမ္းအတိုင္း ငါတို႔ကလိုက္ကေပးတာပါ "
" ဟုတ္တယ္ ကားေပါက္ကြဲတဲ့အခ်ိန္ အန္တီဧကprivate jetေပၚေတာင္ေရာက္ေနၿပီး မုန္တိုင္းဇုန္ကိုျဖတ္သန္းလာရလို႔ မီးငယ္ေလးနဲ႔ေတာ့ခနသာအဆက္အသြယ္ျပတ္သြားေသးတယ္ အခုေတာ့ဆုျမတ္တို႔ႏြယ္တို႔ျမင္တဲ့အတိုင္းဘဲ အန္တီဧအေကာင္းတိုင္းဘဲေလ "
" ေတာ္ေသးတာေပါ့ အန္တီဧရယ္ အန္တီဧမရွိေတာ့ဘူးထင္လို႔ ကြၽန္ေတာ္တို႔ေတြအရမ္းဝမ္းနည္းေနၾကတာ အခုမွဘဲစိတ္လႊတ္ကိုယ္လႊတ္ေပ်ာ္နိုင္ေတာ့တယ္ ဟား... " အန္တီဧနဲ႔တကြ က်န္တဲ့သူငယ္ခ်င္းေတြသည္လည္း အာကာစကားေၾကာင့္ၿပံဳးေပ်ာ္ရႊင္လာၾကသည္။ ဆုျမတ္က အာကာကိုမ်က္ေမွာင္ႀကံဳ႕ၿပီးၾကည့္ကာ
" ေဘးက အကိုက နင့္ရဲ႕... "
" အင္း ဟုတ္တယ္ အရင္တုန္းကငါေျပာျပဖူးတဲ့ ငါရဲ႕Crushဆိုတာေလ အခုေတာ့ငါ့ရဲ႕ကိုကိုျဖစ္ေနၿပီး ဟီး... "
တစ္ဖက္တြင္ေတာ့
" ရွယ္ယာဝင္မ်ားအားလံုးခနေလာက္ၿငိမ္သတ္ေပးပါလားရွင္ ဝတ္ရည္ရွင္းျပစရာရွိေသးလို႔ပါ " ဆူညံၿပီးတစ္ေယာက္တစ္ေပါက္ေအာ္ဟစ္ေနတဲ့ ရွယ္ယာရွင္ေတြကို ထိန္းသိမ္းရသည္မွာဝတ္ရည္အတြက္တကယ္မလြယ္မပါ။ CEOဧကရီသည္လည္း ဒီလူေတြေျပာရဆိုရလက္ေပါက္ကပ္တာသိရဲ႕သားနဲ႔ ဝတ္ရည္ကိုထားပစ္ခဲ့တာ ေဒါသေတြေတာင္ထြတ္လာသည္။ မေသေသးတာကို ေသၿပီးဆိုၿပီးေတာ့ေတာင္ သတင္းလႊင့္သြားေသတယ္။ သူကေတာ့တကယ္ေသၿပီးထင္လို႔ ငိုလိုက္ရတာမ်က္လံုးေတြေတာင္မို႔အစ္ေနၿပီး။
" အား.... !!! "
ရွယ္ယာရွင္မ်ားအားလံုး " ??? " ဝတ္ရည္ရဲ႕ေအာ္သံက အစည္းအေဝးခန္းတစ္ခုလံုးကိုဖံုးလႊမ္းသြားၿပီး ရွယ္ယာရွင္ေတြရဲ႕အသံေတြသည္ တိကနဲ႔ပိတ္သြားသည္။
" ရွင္တို႔ကို ရွင္းျပစရာရွိေသးလို႔ အေပါက္ေတြပိတ္ေပးဦးလို႔ေျပာေနတယ္ေလ အလကားေနဘာမွမလုပ္ဘဲထိုင္ခံုမွာဘဲ ေဝဖန္ေလကန္ေရးေတြလုပ္ၿပီး ျငင္းခုန္ေနဖို႔ဘဲသိတဲ့ဟာေတြ " ဝတ္ရည္ရဲ႕ေပါက္ကြဲသံေတြၾကား ရွယ္ယာရွင္ေတြလဲျပန္ေျပာခ်င္ေပမယ့္လည္း မွန္ေနတာေၾကာင့္ေခါင္းငံု႔ၿပီးသာၿငိမ္ေနရသည္။
" ရွင္တို႔CEOမေသေသးဘူးမို႔လို႔ စိတ္ေအးေအးထားၿပီးေနလို႔ရတယ္ CEOေနာက္ကြယ္ကလူကိုဖမ္းခ်င္လို႔အခုလိုသတင္းလႊင့္လိုက္ရတာ ေနာက္ကြယ္ကလူလဲဖမ္းၿပီးၿပီးဆိုေတာ့ အခုCEOလည္းကိုရီးယားမွာ သူ႔ရည္းစားေလးနဲ႔ေပ်ာ္ေနၾကၿပီး အဲေတာ့ရွင္တို႔ေအးေဆးေနလို႔ရၿပီး ဒါဘဲဆက္ၿပီးျငင္းခုန္ခ်င္တယ္ဆိုလဲျငင္းၾကေတာ့ ဝတ္ရည္ကေတာ့နားၿငီးလို႔ထြတ္ေတာ့မယ္ " ေဘာက္ဆက္ေဘာက္ဆက္နဲ႔ေျပာၿပီးထြတ္သြားတဲ့ CEOရဲ႕အတြင္းေရးမွဴးဝတ္ရည္ကိုၾကည့္ၿပီး ရွယ္ယာရွင္ေတြအကုန္လံုးေၾကာင္ေတာင္ေတာင္ေလးက်န္ခဲ့ၾကသည္။
=====================
ဒီေန႔အားလံုးမ်က္နွာေတြကၿပံဳးေပ်ာ္ရႊင္ေနၾကသည္။ သတင္းမီဒီယာေတြကလဲ သူထက္ငါအၿပိဳင္အဆိုင္သတင္းယူဖို႔ကိုေစာင့္ေမ်ွာ္ေနၾကသည္။ ကိုရီးယားထိပ္တန္းကုမၼဏီႀကီးရဲ႕ဥကၠဌျဖစ္သူ၏ လက္ထပ္ပြဲကို လူတိုင္းစိတ္ဝင္းစားၾကသည္။ ဘယ္သူကိုမွစိတ္မဝင္စားခဲ့တဲ့ဥကၠဌႀကီးက စိတ္ဝင္စားေတာ့လဲ တန္းၿပီးမဂၤလာပြဲေတာင္လုပ္ေနၿပီးလို႔လဲ ထင္ေၾကးေပးၾကသည္။ ေယာက်ာ္းေလးေတြကိုေက်ာ္ၿပီး ဥကၠဌႀကီးမြန္ေစာရဲ႕နွလံုးသားကိုကိုင္လႈပ္ႏိုင္သူ ဥကၠဌႀကီးရဲ႕ၾကင္ယာဇနီးေလာင္းေလးကိုလည္းျမင္ေတြ႕ခ်င္ေနၾကၿပီး။ သတို႔သမီးဝတ္စံုအျဖဴေလးနဲ႔လွပေနတဲ့နွင္းသည္ မီးခဲဖင္ခုထိုင္ေနရသလို ဖင္တႂကြႂကြနဲ႔ျဖစ္ေနတာေၾကာင့္ ႏြယ္မ်က္စိေနာက္လာေတာ့သည္။
" နွင္းရယ္ ၿငိမ္ၿငိမ္ထိုင္ေနစမ္းပါဟယ္ ငါေတာ့မ်က္စိေနာက္လာၿပီး "
" ငါစိတ္လႈပ္ရွားေနလို႔ပါႏြယ္ကလဲ မားေရာျပင္လို႔မၿပီးေသးဘူးလား မဂၤလာအခ်ိန္ေရာက္ေတာ့မယ္ "
" လာပါၿပီးေအ တကယ္တည္းမွဘဲ ဘာေတြေလာေနမွန္းမသိဘူး " အသံနဲ႔အတူအခန္းထဲေရာက္လာတဲ့ဆုျမတ္၊ ဆုျမတ္ရဲ႕ေနာက္မွာေတာ့ နွင္းရဲ႕ခ်စ္ရသူအသည္းအသက္ေလးမား။ မထိရက္ေလာက္ေအာင္ကိုလွရက္လြန္းလို႔ မားကိုရင္ခြင္ထဲမွာသာသိမ္းထားခ်င္တဲ့အထိပင္။ ဇာပုဝါပါးေလးကိုဖံုးလႊမ္းထားၿပီး စံပယ္ပန္းစည္းေလးကိုကိုင္ထားတဲ့ အျဖဴေရာင္သတို႔သမီးေလးက မၾကာခင္မွာဧကရီရဲ႕အပိုင္ေလးျဖစ္လာေတာ့မည္။ ဒီကေလးငယ္ကိုပိုင္ဆိုင္ခြင့္ရဖို႔အတြက္ ဧကရီနွစ္နဲ႔ခ်ီၿပီးေစာင့္လာခဲ့ရၿပီးမို႔ ပိုင္ဆိုင္ခြင့္ရၿပီးတဲ့ေနာက္မွာေတာ့ ဒီကေလးငယ္ရဲ႕လက္ကိုဧကရီဘယ္ေတာ့မွလႊတ္မွာမဟုတ္ဘူးဆိုတာအေသအခ်ာပင္။
" မဂၤလာအခ်ိန္က်ေရာက္လာၿပီးျဖစ္ပါေသာေၾကာင့္ မဂၤလာသတို႔သမီးမဧကရီနဲ႔မဂၤလာသတို႔သမီးမေစာနွင္းပြင့္ျဖဴတို႔ မဂၤလာစင္ျမင့္ထက္ကို ႂကြေရာက္ေပးပါရန္ဖိတ္ေခၚပါတယ္ " အစီအစဥ္မွဴးအာကာရဲ႕ဖိတ္ေခၚသံအဆံုးမွာ ခန္းမတစ္ခုလံုးအေမွာင္က်သြားသည္။ မဂၤလာသတို႔သမီးနွစ္ဦးေလ်ွာက္လွမ္းလာတဲ့ေကာ္ေဇာ္နီတစ္ေလ်ွာက္အလင္းေရာင္တစ္ခ်ိဳ႕ျဖာက်လာၿပီး အျဖဴေရာင္သတို႔သမီးနွစ္ေယာက္အေပၚ တာဝန္ေက်ပြန္စြာအလင္းေပးလ်က္ရွိသည္။ အျဖဴေရာင္စံပယ္ပန္းစည္းေလးကိုတစ္ေယာက္တစ္စည္းစီကိုင္ေဆာင္ၿပီး အျဖဴေရာင္ဇာပုဝါေလးကိုမ်က္နွာထက္တြင္ဖံုးအုပ္ထားသည္။ အျဖဴဆြတ္ဆြတ္သတို႔သမီးဝတ္စံုဆင္တူဝတ္ထားတဲ့မိန္းကေလးနွစ္ေယာက္သည္ မဂၤလာစင္ျမင့္ေပၚကိုတတ္ေရာက္လာသည့္ပံုစံမွာ တစ္ေလာကလံုးကိုအပိုင္စားရထားသည့္အတိုင္းဝံ့ႂကြားလြန္းသည္။ မဂၤလာစင္ျမင့္ေပၚကို သတို႔သမီးနွစ္ေယာက္လံုးတတ္ေရာက္ၿပီးတဲ့ေနာက္ မ်က္နွာေပၚဖံုးအုပ္ထားတဲ့ဇာပုဝါေလးကိုလွပ္လိုက္တဲ့အခါ ခန္းမတစ္ခုလံုးမီးျပန္လင္းလာၿပီး ပရိတ္သတ္မ်ားရဲ႕လက္ခုတ္ဩဘာသံမ်ားက ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထြတ္ေပၚလာသည္။ လက္ခုတ္သံေတြရပ္တန္႔သြားမွ အစီအစဥ္မွဴးအာကာက
" သတို႔သမီးမဧကရီ သတို႔သမီးမေစာနွင္းပြင့္ျဖဴအေပၚမွာ ေအးအတူပူအမ်ွတစ္သက္လံုးအသက္ေပးခ်စ္သြားမယ္လို႔ ကတိျပဳပါသလားခင္ဗ်ာ "
" ကတိျပဳပါတယ္ "
" သတို႔သမီးမေစာနွင္းပြင့္ျဖဴ သတို႔သမီးမဧကရီအေပၚမွာ ေအးအတူပူအမ်ွတစ္သက္လံုးအသက္ေပးခ်စ္သြားမယ္လို႔ ကတိျပဳပါသလားခင္ဗ်ာ "
" ကတိျပဳပါတယ္ "
" ေကာင္းပါၿပီး အျပန္အလွန္လက္စြပ္ဝတ္ေပးပါခင္ဗ်ာ " ဆုျမတ္ယူလာတဲ့ေရႊလင္ဗန္းေပၚကလက္စြပ္ကေလးကိုထုတ္ယူကာ မီးငယ္ေလးရဲ႕လက္သူႂကြယ္မွာဝတ္ေပးၿပီး မီးငယ္ေလးရဲ႕လက္ဖမိုးေလးကို ငံုနမ္းလိုက္သည္။ အရွက္သည္းသူမီးငယ္ေလးကေတာ့ မ်က္နွာႀကီးနီရဲကာေအာက္ငံု႔ေနေတာ့သည္။ ႏြယ္ယူလာတဲ့ေငြလင္ဗန္းေပၚကလက္စြပ္ေလးကို မားရဲ႕လက္သူႂကြယ္မွာဝတ္ေပးလိုက္သည္။ မားရဲ႕လက္သူႂကြယ္မွာေနရာယူထားတဲ့လက္စြပ္ေလးကိုၾကည့္ၿပီး မားကိုနွင္းအၿမဲတမ္းပိုင္ဆိုင္ရၿပီးဆိုတဲ့စိတ္နဲ႔ပီတိမ်က္ရည္မ်ားျပည့္လ်ွံလာသည္။
" သတို႔သမီးမဧကရီနဲ႔သတို႔သမီးမေစာနွင္းပြင့္ျဖဴတို႔သည္ အၾကင္ဇနီးမယားအျဖစ္ကိုေရာက္ရွိသြားပါၿပီးခင္ဗ်ာ " အာကာရဲ႕ေၾကျငာသံဆံုးတာနဲ႔ နွင္းသည္မားရဲ႕လက္ကိုဆြဲၿပီး ခန္းမထဲကေနေျပးထြတ္သြားသည္။ ေနာက္ကလူေတြကေတာ့ ဘယ္လိုက်န္ခဲ့လဲမသိေပမယ့္ နွင္းတို႔ေတြကေတာ့private jetေပၚေတာင္ေရာက္ေနၿပီး။ ခန္းမထဲမွာက်န္ခဲ့တဲ့ ဆုျမတ္နဲ႔အာကာတို႔ကေတာ့ သက္ျပင္းခ်ကာ
" ဟင္း... မဂၤလာပန္းစည္းေလးေတာင္ပစ္မသြားဘူး "
" ဟုတ္ပ့ဟာ "
private jetေပၚတြင္ေတာ့
" ဘယ္သြားမွာလဲမီးငယ္ေလးရဲ႕ ခန္းမထဲမွာဧည့္သည္ေတြကိုဧည့္ခံရဦးမယ္ေလ "
" မီးငယ္ေလးတို႔ဟန္နီးမြန္းထြတ္ၾကမယ္ေလ ခန္းမထဲကဧည့္သည္ေတြက ရွိတဲ့သူေတြဧည့္ခံလိမ့္မယ္ထားလိုက္ သူတို႔ကိုဂရုစိုက္မေနပါနဲ႔မားရယ္ သူတို႔ဗိုက္သူတို႔အငတ္မထားဘူး ဘယ္သူမွဧည့္မခံလဲ သူတို႔ဘာသာဝေအာင္စားၿပီးျပန္သြားလိမ့္မယ္ သူတို႔ေတြေပးထားတဲ့လက္ဖြဲ႕ထက္ တန္ေအာင္စားသြားမွာ စိတ္မပူနဲ႔" private jetေလးသည္ေဝဟင္မွာပ်ံသန္းၿပီးတဲ့ေနာက္ တစ္ေနရာအေရာက္မွာရပ္တန္႔သြားသည္။ ထိုေနရာကိုဧကရီေကာင္းေကာင္းသိတာေပါ့၊ မီးငယ္ေလးေမြးေန႔တုန္းက ဧကရီလက္ေဆာင္ေပးထားတဲ့စံပယ္ၿခံေလး။ စံပယ္ပြင့္ျဖဴျဖဴေတြၾကားထဲမွာ အျဖဴေရာင္သတို႔သမီးေလးနွစ္ေယာက္ရဲ႕အလွေတြကပနံသင့္လို႔ေနသည္။ ဧကရီရဲ႕မ်က္ဝန္းေတြကို ရႊန္းရႊန္းစားစားၾကည့္ေနတဲ့မီးငယ္ေလးေၾကာင့္ ဧကရီစိတ္ထဲကလိကလိျဖစ္လာခဲ့သည္။
" ဒီေန႔ကစၿပီး မီးငယ္ေလးကမားရဲ႕တရားဝင္ပိုင္ဆိုင္မႈေလးျဖစ္သြားၿပီးမို႔ မားစိတ္ႀကိဳက္ျပဳမႈလို႔ရၿပီး " မီးငယ္ေလးနႈတ္ကထြတ္တဲ့စကားတစ္ခြန္းေၾကာင့္ ဧကရီစိတ္ေတြပိုၿပီးထိန္းမရျဖစ္လာၿပီး မီးငယ္ေလးကေပြ႕ခ်ီကာ နႈတ္ခမ္းေတြကိုစုပ္နမ္းၿပီး အေပၚထပ္ကိုတစ္လွမ္းခ်င္းတတ္သြားသည္။ ဧကရီစိတ္ထဲတြင္လဲ
" မီးငယ္ေလးေရ ဆယ္ရက္ေလာက္ကုတင္ေပၚကေနဆင္းဖို႔စိတ္မကူးနဲ႔ေတာ့ မားကေတာ့စိတ္ႀကိဳက္မဂၤလာဦးေတာ့မယ္ ေဟ... ေဟ... "
======================
မားနဲ႔မီးငယ္ေလးကိုအားလံုးဘဲနႈတ္ဆတ္ခ်ိန္တန္ပါၿပီးေနာ္ တကယ္ေတာ့သာသာစေရးတည္းက မားရဲ႕မီးငယ္ေလးကက်ိန္ေသေပါက္HEပါဘဲေနာ္ အပိုင္၃၂ကဒါဒါတို႔ကို ဆိုက္ကိုေလးနည္းနည္းသြင္းခဲ့တာပါ အကုန္လံုးလန္႔သြားၾကတယ္ဟုတ္ သာသာရဲ႕ပထမဆံုးGL Ficျဖစ္တဲ့မားရဲ႕မီးငယ္ေလးကို တူတူongoingလိုက္ေပးခဲ့တဲ့ဒါဒါေလးေတြ တစ္ေယာက္ခ်င္းစီကိုသာသာေက်းဇူးတင္ပါေနာ္ Completedေစာင့္ေနတဲ့ဒါဒါေလးေတြသိရေအာင္လဲshareေပးၾကပါဦးေနာ္ Reviewေကာင္းေလးေတြေပးၿပီး သာသာရဲ႕Ficေလးကိုေၾကျငာေပးၾကပါဦး viewerေတြအမ်ားႀကီးတတ္လာခဲ့ရင္ Extraေလးေတြနဲ႔ျပန္တတ္လာခဲ့ပါမယ္ေနာ္ အားလံုးကိုေက်းဇူတင္ပါတယ္ မားနဲ႔မီးငယ္ေလးအတြက္အမွတ္တရစကားေလးေတြခ်န္ထားေပးခဲ့ၾကပါဦးေနာ္
-----------------------------------------------------------
မားရဲ့ မီးငယ်လေး
- GL Story
- အပိုင်း ၃၃ ဇာတ်သိမ်းပိုင်း
- စာရေးသူ ချယ်
Dream Goldကုမ္မဏီရဲ့ဥက္ကဌကြီးမွန်စောနဲ့အတူညစာစားဖို့အတွက် စားသောက်ဆိုင်ကြီးတစ်ခုမှာ နွယ်တို့လေးယောက်လုံးရောက်နေကြသည်။ ဒီတံခါးကိုဖွင့်ပြီးဝင်လာမယ်သူက သူတို့တွေမျှော်လင့်ထားသလို နှင်းဘဲဖြစ်လေမလားဆိုတာကို စိတ်လှုပ်ရှားနေရသည်။ ဟုတ်ခဲ့ရင်ရော အန်တီဧနဲ့ပတ်သတ်ပြီးဘယ်လိုဖွင့်ပြောရမလဲဆိုတာ မသိသေးပါ။ သူတို့စောင့်နေလို့မကြာခင်မှာဘဲ Dream Goldကုမ္မဏီရဲ့ဥက္ကဌကြီးမွန်စောတစ်ဖြစ်လဲ သူတို့မျှော်လင့်ထားတဲ့အတိုင်း သူငယ်ချင်းဖြစ်သူနှင်းလေးသည် ခိုင်မာပြတ်သားတဲ့ဟန်ပန်နဲ့တစ်လှမ်းချင်းဝင်ရောက်လာသည်။ သူတို့သူငယ်ချင်းလေးသည် စထွတ်သွားတုန်းကပုံစံနဲ့မတူတော့ဘဲတကယ့်ကို လုပ်ငန်းကြီးတစ်ခုကိုဦးဆောင်နေတဲ့ဥက္ကဌကြီးတစ်ယောက်ရဲ့ အရှိန်အဝါမျိုးအပြည့်အဝရှိသည်။ နှင်းရောက်လာလို့ အံသြငြိမ်သက်နေတဲ့အခန်းကို နှင်းကိုယ်တိုင်းဘဲအစပြုလို့ အသက်ဝင်စေလိုက်သည်။
" သူငယ်ချင်းတို့မတွေ့တာကြာပြီး အားလုံးအဆင်ပြေကြတယ်မလား "
" ဟင်! အင်း အ... အဆင်ပြေပါတယ်နှင်း " ရုတ်တရက်မို့ကြောင်အနေတုန်းမှာဘဲ နှင်းရဲ့မေးသံကြောင့် နွယ်ထစ်ထစ်အအနဲ့ ပြန်ဖြေရသည်။ နွယ့်အနေနဲ့ နှင်းအပေါ်မှာမျက်နှာပူနေတာလဲပါသည်။ နှင်းကတော့ နားလည်ခွင့်လွှတ်ပေးတဲ့အပြုံးမျိုးကိုပေးပြီး
" ဘယ်လိုလဲနွယ် အခုလူမှန်နေရာမှန်ကိုရှာတွေ့ပြီးမလား ဆုမြတ်ကနွယ့်ကို စိတ်ညစ်အောင်လုပ်နေလားနှင်းကိုပြော အဲကမကို နှင်းဆုံးမပေးမယ် "
" နွယ်အဆင်ပြေပါတယ်နှင်းရယ် ဆုကနွယ့်ကိုမျက်နှာတစ်ချက်မညိုးရအောင်ဂရုစိုက်ပါတယ် နှင်းကသာနွယ့်ကြောင့်... " နွယ်ဆက်ပြောမယ့်စကားကို နှင်းသိနေတာကြောင့် ဆက်မပြောစေရန် စကားဖြတ်ကာ
" ပြီးခဲ့တာတွေပြီးပါစေတော့နွယ်ရယ် စိတ်ထဲမထားနဲ့တော့နော် နှင်းစိတ်ထဲမှာဘာမှမရှိတော့ပါဘူး နွယ့်ကြောင့်သာမဟုတ်ရင် နှင်းအခုလိုကိုယ့်ခြေပေါ်ကိုယ်ရပ်တည်နိုင်မှာမဟုတ်ဘူးလေ အခုတော့အရာအားလုံးပြီးပါပြီး နွယ်လဲနွယ်ချစ်တဲ့သူကိုရှာတွေ့သွားပြီး နှင်းလဲနှင်းချစ်တဲ့မားနဲ့အတူတူအေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပြီးလေ နှင်းကျေနပ်ပါတယ် " ကျန်တဲ့သူတွေကတော့ သူတို့သူငယ်ချင်းနှစ်ယောက်အေးအေးဆေးဆေးစကားပြောစေရန်အတွက် တိတ်တိတ်ဆိတ်ဆိတ်နေပေးသည်။ နှင်းရဲ့စကားတွေကိုကြားတဲ့အခါ နွယ်စိတ်ထဲကဝမ်းနည်းမှုတွေကိုစို့တတ်လာပြီး မျက်ရည်တွေလျှံကျလာသည်။
" အီ...ဟီး...ဟီး... အန်တီဧဆုံးပြီးနှင်းရဲ့ အန်တီဧမရှိတော့ဘူး နွယ့်ကြောင့်ပါနှင်းရယ် နွယ့်ကြောင့် "
" နွယ် ဘာစကားတွေပြောနေတာလဲ မားကမသေပါဘူး နှင်းနားမှာအမြဲရှိတယ် ဒီကိုလာဖို့လဲနှင်းခေါ်ထားတာ မားမသေပါဘူးနွယ် မဟုတ်တာတွေမပြောနဲ့ " တုန်လှုပ်နေတဲ့နှင်းရဲ့ကိုယ်လေးကို နွယ်ဖတ်ပေးထားပြီးတော့
" နွယ်တောင်းပန်ပါတယ်နှင်းရယ် လက်ခံလိုက်ပါနော် အန်တီဧကားပေါက်ကွဲမှုဖြစ်ပြီးဆုံးပြီးနှင်းရယ် စိတ်ထဲမှာတင်းမထားနဲ့နော်လွှတ်ချလိုက်ပါဟာ နင်ပိုပြီးခံစားရလိမ့်မယ် ဆုရယ် နှင်းကိုနားချပါဦး အာကာရော ဟင့်... "
" မဟုတ်တာ နင်တို့တွေသေချာမသိဘဲမပြောကြပါနဲ့ မားကမသေဘူး ငါနဲ့အတူရှိတာလို့ ငါနဲ့ " နှင်းရဲ့ပုံစံကိုကြည့်ပြီး ဆုမြတ်နဲ့အာကာ ကြေကွဲနေကြသည်။ ဆုမြတ်နဲ့အာကာကတော့ နှင်းကိုနားချပြီး နှစ်သိပ့်ပေးကြနေကြသည်။ နှင်းကတော့ ဘယ်လိုမှလက်မခံနိုင်ပါဘူး။ မားကသေမှမသေဘဲ နှင်းအနားမှာအမြဲတမ်းရှိနေတာလေ။ ဟုတ်တယ် မားကနှင်းရဲ့အနားမှာအမြဲရှိတယ်။
" ဝုန်း! " နှင်းဒေါသထွတ်လာပြီး စာပွဲကိုထုကာ
" နင်တို့ပါစပ်တွေပိတ်လိုက်တော့ ငါမကြားချင်ဘူး မားမသေသေးဘူးလို့ပြောနေတယ်လေ ဘာလို့မယုံကြတာလဲ နင်တို့တွေသေချာစောင့်ကြည့်ထား မားကအဲအခန်းတံခါးကိုဖွင့်ပြီးဝင်လာလိမ့်မယ်စောင့်ကြည့်နေ မားကငါ့နားမှာအမြဲရှိတယ် " အားလုံးရဲ့စိတ်ထဲမှာ နှင်းသွေးရူးသွေးတန်းပြောနေတယ်ထင်ပြီး သနားနေကြပေမယ့် သူတို့မျက်လုံးထဲမှာတော့ အန်တီဧကဒီတံခါးကိုဖြတ်ပြီးဝင်လာပါစေဆိုတဲ့မျှော်လင့်ချက်တွေတော့ရှိပါသေးသည်။ သူတို့အားလုံးရဲ့မျက်လုံးတွေသည် မျှော်လင့်ချက်အပြည့်နဲ့တံခါးဝဆီကိုရောက်သွားကြသည်။ ထိုအခိုက်
" ကျွီး... " တံခါးဖွင့်သံနဲ့အတူ အခန်းထဲမှာရှိတဲ့သူတွေအားလုံးအံကြသွားကြသည်။ အခန်းထဲကိုဝင်လာတဲ့သူက ရဲဝတ်စုံဝတ်ထားတဲ့ရဲတွေဖြစ်သည်။ ထိုရဲတွေသည် Royal Groupရဲ့အမှုဆောင်ဒါရိုက်တာဦးနန်းမိုးနဲ့ဌာနမှုနန်းစန္ဒာတို့ဆီတည့်တည့်သွားပြီး လက်ထိပ်ခတ်လိုက်သည်။
" မဧကရီကိုသတ်ရန်ကြံစည်မှု ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့အတူ ဦးနန်းမိုးနဲ့နန်းစန္ဒာကိုဖမ်းဆီးလိုက်ပါပြီး ကျန်တာကိုစခန်းရောက်မှရှင်းပါ "
" မဟုတ်ဘူးနော်! မဟုတ်ဘူး! မင်းတို့မှာဘာသက်သေရှိလို့ ဧကရီကိုသတ်တယ်ဆိုတဲ့သက်သေမရှိဘဲဖမ်းလို့ကတော့ မင်းတို့နေရာပျောက်ပြီးသာမှတ်ထား "
" ကျွန်မတို့ချောက်ချခံရတာပါ ကျွန်မတို့အတွက်တရားမျှတမှုကိုရှာပေးပါ မတရားခံရတာပါ " ခနလေးအတွင်းမှာတင် အုတ်အုတ်ကျက်ကျက်ဖြစ်သွားတဲ့အစည်းအဝေးခန်းက ကျန်ခဲ့တဲ့ရှယ်ယာရှင်တွေလဲ အံသြနေကြသည်။ CEOနေရာကိုလိုချင်လို့ CEOကိုသတ်ပစ်ခဲ့တဲ့သားအဖအပေါ်မှာလဲ မုန်းတီးစိတ်တွေနဲ့လှောင်ပြောင်ဆဲဆိုနေကြသည်။
===================
" အာ! သ... သရဲ... "
" ပြောတော့ ငါ့ရဲ့မားကိုချစ်လှပါချည်ရဲ့ဆို အခုတော့မားကိုမြင်တာနဲ့ သရဲလို့တောင်ခေါ်နေပြီးပေါ့နွယ်" နွယ်ရဲ့ကြောက်လန့်တကြားအော်တဲ့အသံက နှင်းရဲ့စကားကြောင့်ရပ်တန့်သွားပြီး အန်တီဧသည်လည်း နွယ့်ကိုပြုံးပြုံးကြီးထိုင်ကြည့်နေသည်။
" အန်တီဧ မ... မသေသေးဘူးမလား ဝမ်းသာလိုက်တာအန်တီဧရယ် "
" အန်တီဧဘာမှမဖြစ်ပါဘူးဆုမြတ်ရယ် မီးငယ်လေးရယ် သူငယ်ချင်းတွေကိုရှင်းပြလိုက်လေ "
" ဟုတ်ကဲ့ပါမား " အားလုံးရဲ့အကြည့်တွေသည် နှင်းပြောတဲ့စကားကို စိတ်ပါဝင်စားစွာဖြစ်နေတာကြောင့် အချိန်မဆွဲတော့ဘဲ
" နှင်းပြောပြရမယ်ဆိုရင် လွန်ခဲ့တဲ့သုံးရက်လောက်ကနေစပြောမယ်သေချာနားထောင် "
" လွန်ခဲ့တဲ့သုံးရက်လောက်က မားဆီကိုငါတို့ကုမ္မဏီနဲ့ပူးပေါင်းဖို့ဆိုပြီးဖိတ်လိုက်တယ် ပြီးတော့နင်တို့တွေကိုပါတစ်ခါတည်းလိုက်ဖိတ်တာပေါ့ဟာ အစကတော့ငါက ကိုရီးယားကိုမားရောက်လာမှဘဲငါပါဆိုပြီးဖွင့်ပြောမယ်ပေါ့ ဒါပေမယ့်လည်းမတွေ့တာလဲအရမ်းကြာပြီးအရမ်းလဲလွမ်းနေတာမို့လို့ မားရဲ့အသံလေးကြားရအောင်လို့ ဖုန်းခေါ်ပြီးဖွင့်ပြောလိုက်မိတယ်ဆိုပါတော့ " နှင်းပြောနေတဲ့ကိုနားထောင်နေတဲ့သူအားလုံးဆီက မျက်စောင်းလှလှလေးကို လက်ခံရရှိလိုက်လေသည်။ မားသည်လည်း နှင်းကိုကြည့်ပြီးပြုံးနေရုံသာ
" အဲတည်းကမားကငါနဲ့ ကိုရီးယားကိုမလာခင်အထိအဆက်အသွယ်လုပ်ဖြစ်ခဲ့ကြတယ် ကိုရီးယားကိုရောက်လာဖို့ တစ်ရက်အလိုမှာ ကိုအောင်မင်းဆိုတဲ့သူကမားဆီကိုရောက်လာခဲ့တယ် ကိုအောင်မင်းကိုနွယ်သိမှာပါ "
" အင်း... နွယ်သိတယ် အဲတုန်းက... "
" သိရင်ရပြီး ကျန်တာမလိုတော့ဘူးနွယ် ကိုအောင်မင်းဆိုတာ Asia Groupရဲ့သူဌေးကြီးဦးအောင်သောင်းရဲ့လက်ကိုင်တုတ် သူခိုင်းသမျှလုပ်ရတဲ့သူ "
" သူက ဘာကိစ္စအန်တီဧဆီရောက်လာတာလဲဟင် " ဆုမြတ်ရဲ့မေးခွန်းကို အာကာကလဲခေါင်းညိမ့်ထောက်ခံသည်။
" ဘာလိုဆို ဦးအောင်သောင်းကသစ္စာဖောက်လို့ပေါ့ဟာ ဦးအောင်သောင်းကဦးနန်းမိုးတို့သားအဖနဲ့ပေါင်းပြီး မားကိုသတ်ဖို့ကြံစည်ကြတယ်လေ မားကိုလုပ်ကြံပြီးတာနဲ့ကိုအောင်မင်းကိုပါတစ်ဖတ်လှည့်နဲ့ရှင်းထုတ်ပြီး အပြစ်တွေအားလုံးကို ကိုအောင်မင်းဆီလွှဲချဖို့ပြောနေတာကို ကိုအောင်မင်းကကြားသွားတာ "
" အဲတော့ ဦးအောင်သောင်းကသစ္စာဖောက်လို့ ကိုအောင်မင်းကလက်ဦးမှုရယူပြီး အရင်သစ္စာဖောက်လိုက်တာပေါ့ "
" ဟုတ်တယ်နွယ် ကိုအောင်မင်းကမားဆီကိုရောက်လာပြီး သူတို့အကြံအစည်တွေအကုန်လုံးကိုဖွင့်ချသွားတာ မားကလဲငါ့ကိုဖုန်းနဲ့အကြောင်းဆုံးပြန်ပြောပြတော့ သူတို့ကိုပြန်ပြီးချောက်ချဖို့အတွက် သူတို့ဖန်တီးထားတဲ့ဇာတ်လမ်းအတိုင်း ငါတို့ကလိုက်ကပေးတာပါ "
" ဟုတ်တယ် ကားပေါက်ကွဲတဲ့အချိန် အန်တီဧကprivate jetပေါ်တောင်ရောက်နေပြီး မုန်တိုင်းဇုန်ကိုဖြတ်သန်းလာရလို့ မီးငယ်လေးနဲ့တော့ခနသာအဆက်အသွယ်ပြတ်သွားသေးတယ် အခုတော့ဆုမြတ်တို့နွယ်တို့မြင်တဲ့အတိုင်းဘဲ အန်တီဧအကောင်းတိုင်းဘဲလေ "
" တော်သေးတာပေါ့ အန်တီဧရယ် အန်တီဧမရှိတော့ဘူးထင်လို့ ကျွန်တော်တို့တွေအရမ်းဝမ်းနည်းနေကြတာ အခုမှဘဲစိတ်လွှတ်ကိုယ်လွှတ်ပျော်နိုင်တော့တယ် ဟား... " အန်တီဧနဲ့တကွ ကျန်တဲ့သူငယ်ချင်းတွေသည်လည်း အာကာစကားကြောင့်ပြုံးပျော်ရွှင်လာကြသည်။ ဆုမြတ်က အာကာကိုမျက်မှောင်ကြုံ့ပြီးကြည့်ကာ
" ဘေးက အကိုက နင့်ရဲ့... "
" အင်း ဟုတ်တယ် အရင်တုန်းကငါပြောပြဖူးတဲ့ ငါရဲ့Crushဆိုတာလေ အခုတော့ငါ့ရဲ့ကိုကိုဖြစ်နေပြီး ဟီး... "
တစ်ဖက်တွင်တော့
" ရှယ်ယာဝင်များအားလုံးခနလောက်ငြိမ်သတ်ပေးပါလားရှင် ဝတ်ရည်ရှင်းပြစရာရှိသေးလို့ပါ " ဆူညံပြီးတစ်ယောက်တစ်ပေါက်အော်ဟစ်နေတဲ့ ရှယ်ယာရှင်တွေကို ထိန်းသိမ်းရသည်မှာဝတ်ရည်အတွက်တကယ်မလွယ်မပါ။ CEOဧကရီသည်လည်း ဒီလူတွေပြောရဆိုရလက်ပေါက်ကပ်တာသိရဲ့သားနဲ့ ဝတ်ရည်ကိုထားပစ်ခဲ့တာ ဒေါသတွေတောင်ထွတ်လာသည်။ မသေသေးတာကို သေပြီးဆိုပြီးတော့တောင် သတင်းလွှင့်သွားသေတယ်။ သူကတော့တကယ်သေပြီးထင်လို့ ငိုလိုက်ရတာမျက်လုံးတွေတောင်မို့အစ်နေပြီး။
" အား.... !!! "
ရှယ်ယာရှင်များအားလုံး " ??? " ဝတ်ရည်ရဲ့အော်သံက အစည်းအဝေးခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး ရှယ်ယာရှင်တွေရဲ့အသံတွေသည် တိကနဲ့ပိတ်သွားသည်။
" ရှင်တို့ကို ရှင်းပြစရာရှိသေးလို့ အပေါက်တွေပိတ်ပေးဦးလို့ပြောနေတယ်လေ အလကားနေဘာမှမလုပ်ဘဲထိုင်ခုံမှာဘဲ ဝေဖန်လေကန်ရေးတွေလုပ်ပြီး ငြင်းခုန်နေဖို့ဘဲသိတဲ့ဟာတွေ " ဝတ်ရည်ရဲ့ပေါက်ကွဲသံတွေကြား ရှယ်ယာရှင်တွေလဲပြန်ပြောချင်ပေမယ့်လည်း မှန်နေတာကြောင့်ခေါင်းငုံ့ပြီးသာငြိမ်နေရသည်။
" ရှင်တို့CEOမသေသေးဘူးမို့လို့ စိတ်အေးအေးထားပြီးနေလို့ရတယ် CEOနောက်ကွယ်ကလူကိုဖမ်းချင်လို့အခုလိုသတင်းလွှင့်လိုက်ရတာ နောက်ကွယ်ကလူလဲဖမ်းပြီးပြီးဆိုတော့ အခုCEOလည်းကိုရီးယားမှာ သူ့ရည်းစားလေးနဲ့ပျော်နေကြပြီး အဲတော့ရှင်တို့အေးဆေးနေလို့ရပြီး ဒါဘဲဆက်ပြီးငြင်းခုန်ချင်တယ်ဆိုလဲငြင်းကြတော့ ဝတ်ရည်ကတော့နားငြီးလို့ထွတ်တော့မယ် " ဘောက်ဆက်ဘောက်ဆက်နဲ့ပြောပြီးထွတ်သွားတဲ့ CEOရဲ့အတွင်းရေးမှူးဝတ်ရည်ကိုကြည့်ပြီး ရှယ်ယာရှင်တွေအကုန်လုံးကြောင်တောင်တောင်လေးကျန်ခဲ့ကြသည်။
=====================
ဒီနေ့အားလုံးမျက်နှာတွေကပြုံးပျော်ရွှင်နေကြသည်။ သတင်းမီဒီယာတွေကလဲ သူထက်ငါအပြိုင်အဆိုင်သတင်းယူဖို့ကိုစောင့်မျှော်နေကြသည်။ ကိုရီးယားထိပ်တန်းကုမ္မဏီကြီးရဲ့ဥက္ကဌဖြစ်သူ၏ လက်ထပ်ပွဲကို လူတိုင်းစိတ်ဝင်းစားကြသည်။ ဘယ်သူကိုမှစိတ်မဝင်စားခဲ့တဲ့ဥက္ကဌကြီးက စိတ်ဝင်စားတော့လဲ တန်းပြီးမင်္ဂလာပွဲတောင်လုပ်နေပြီးလို့လဲ ထင်ကြေးပေးကြသည်။ ယောကျာ်းလေးတွေကိုကျော်ပြီး ဥက္ကဌကြီးမွန်စောရဲ့နှလုံးသားကိုကိုင်လှုပ်နိုင်သူ ဥက္ကဌကြီးရဲ့ကြင်ယာဇနီးလောင်းလေးကိုလည်းမြင်တွေ့ချင်နေကြပြီး။ သတို့သမီးဝတ်စုံအဖြူလေးနဲ့လှပနေတဲ့နှင်းသည် မီးခဲဖင်ခုထိုင်နေရသလို ဖင်တကြွကြွနဲ့ဖြစ်နေတာကြောင့် နွယ်မျက်စိနောက်လာတော့သည်။
" နှင်းရယ် ငြိမ်ငြိမ်ထိုင်နေစမ်းပါဟယ် ငါတော့မျက်စိနောက်လာပြီး "
" ငါစိတ်လှုပ်ရှားနေလို့ပါနွယ်ကလဲ မားရောပြင်လို့မပြီးသေးဘူးလား မင်္ဂလာအချိန်ရောက်တော့မယ် "
" လာပါပြီးအေ တကယ်တည်းမှဘဲ ဘာတွေလောနေမှန်းမသိဘူး " အသံနဲ့အတူအခန်းထဲရောက်လာတဲ့ဆုမြတ်၊ ဆုမြတ်ရဲ့နောက်မှာတော့ နှင်းရဲ့ချစ်ရသူအသည်းအသက်လေးမား။ မထိရက်လောက်အောင်ကိုလှရက်လွန်းလို့ မားကိုရင်ခွင်ထဲမှာသာသိမ်းထားချင်တဲ့အထိပင်။ ဇာပုဝါပါးလေးကိုဖုံးလွှမ်းထားပြီး စံပယ်ပန်းစည်းလေးကိုကိုင်ထားတဲ့ အဖြူရောင်သတို့သမီးလေးက မကြာခင်မှာဧကရီရဲ့အပိုင်လေးဖြစ်လာတော့မည်။ ဒီကလေးငယ်ကိုပိုင်ဆိုင်ခွင့်ရဖို့အတွက် ဧကရီနှစ်နဲ့ချီပြီးစောင့်လာခဲ့ရပြီးမို့ ပိုင်ဆိုင်ခွင့်ရပြီးတဲ့နောက်မှာတော့ ဒီကလေးငယ်ရဲ့လက်ကိုဧကရီဘယ်တော့မှလွှတ်မှာမဟုတ်ဘူးဆိုတာအသေအချာပင်။
" မင်္ဂလာအချိန်ကျရောက်လာပြီးဖြစ်ပါသောကြောင့် မင်္ဂလာသတို့သမီးမဧကရီနဲ့မင်္ဂလာသတို့သမီးမစောနှင်းပွင့်ဖြူတို့ မင်္ဂလာစင်မြင့်ထက်ကို ကြွရောက်ပေးပါရန်ဖိတ်ခေါ်ပါတယ် " အစီအစဉ်မှူးအာကာရဲ့ဖိတ်ခေါ်သံအဆုံးမှာ ခန်းမတစ်ခုလုံးအမှောင်ကျသွားသည်။ မင်္ဂလာသတို့သမီးနှစ်ဦးလျှောက်လှမ်းလာတဲ့ကော်ဇော်နီတစ်လျှောက်အလင်းရောင်တစ်ချို့ဖြာကျလာပြီး အဖြူရောင်သတို့သမီးနှစ်ယောက်အပေါ် တာဝန်ကျေပွန်စွာအလင်းပေးလျက်ရှိသည်။ အဖြူရောင်စံပယ်ပန်းစည်းလေးကိုတစ်ယောက်တစ်စည်းစီကိုင်ဆောင်ပြီး အဖြူရောင်ဇာပုဝါလေးကိုမျက်နှာထက်တွင်ဖုံးအုပ်ထားသည်။ အဖြူဆွတ်ဆွတ်သတို့သမီးဝတ်စုံဆင်တူဝတ်ထားတဲ့မိန်းကလေးနှစ်ယောက်သည် မင်္ဂလာစင်မြင့်ပေါ်ကိုတတ်ရောက်လာသည့်ပုံစံမှာ တစ်လောကလုံးကိုအပိုင်စားရထားသည့်အတိုင်းဝံ့ကြွားလွန်းသည်။ မင်္ဂလာစင်မြင့်ပေါ်ကို သတို့သမီးနှစ်ယောက်လုံးတတ်ရောက်ပြီးတဲ့နောက် မျက်နှာပေါ်ဖုံးအုပ်ထားတဲ့ဇာပုဝါလေးကိုလှပ်လိုက်တဲ့အခါ ခန်းမတစ်ခုလုံးမီးပြန်လင်းလာပြီး ပရိတ်သတ်များရဲ့လက်ခုတ်ဩဘာသံများက မြိုင်မြိုင်ဆိုင်ဆိုင်ထွတ်ပေါ်လာသည်။ လက်ခုတ်သံတွေရပ်တန့်သွားမှ အစီအစဉ်မှူးအာကာက
" သတို့သမီးမဧကရီ သတို့သမီးမစောနှင်းပွင့်ဖြူအပေါ်မှာ အေးအတူပူအမျှတစ်သက်လုံးအသက်ပေးချစ်သွားမယ်လို့ ကတိပြုပါသလားခင်ဗျာ "
" ကတိပြုပါတယ် "
" သတို့သမီးမစောနှင်းပွင့်ဖြူ သတို့သမီးမဧကရီအပေါ်မှာ အေးအတူပူအမျှတစ်သက်လုံးအသက်ပေးချစ်သွားမယ်လို့ ကတိပြုပါသလားခင်ဗျာ "
" ကတိပြုပါတယ် "
" ကောင်းပါပြီး အပြန်အလှန်လက်စွပ်ဝတ်ပေးပါခင်ဗျာ " ဆုမြတ်ယူလာတဲ့ရွှေလင်ဗန်းပေါ်ကလက်စွပ်ကလေးကိုထုတ်ယူကာ မီးငယ်လေးရဲ့လက်သူကြွယ်မှာဝတ်ပေးပြီး မီးငယ်လေးရဲ့လက်ဖမိုးလေးကို ငုံနမ်းလိုက်သည်။ အရှက်သည်းသူမီးငယ်လေးကတော့ မျက်နှာကြီးနီရဲကာအောက်ငုံ့နေတော့သည်။ နွယ်ယူလာတဲ့ငွေလင်ဗန်းပေါ်ကလက်စွပ်လေးကို မားရဲ့လက်သူကြွယ်မှာဝတ်ပေးလိုက်သည်။ မားရဲ့လက်သူကြွယ်မှာနေရာယူထားတဲ့လက်စွပ်လေးကိုကြည့်ပြီး မားကိုနှင်းအမြဲတမ်းပိုင်ဆိုင်ရပြီးဆိုတဲ့စိတ်နဲ့ပီတိမျက်ရည်များပြည့်လျှံလာသည်။
" သတို့သမီးမဧကရီနဲ့သတို့သမီးမစောနှင်းပွင့်ဖြူတို့သည် အကြင်ဇနီးမယားအဖြစ်ကိုရောက်ရှိသွားပါပြီးခင်ဗျာ " အာကာရဲ့ကြေငြာသံဆုံးတာနဲ့ နှင်းသည်မားရဲ့လက်ကိုဆွဲပြီး ခန်းမထဲကနေပြေးထွတ်သွားသည်။ နောက်ကလူတွေကတော့ ဘယ်လိုကျန်ခဲ့လဲမသိပေမယ့် နှင်းတို့တွေကတော့private jetပေါ်တောင်ရောက်နေပြီး။ ခန်းမထဲမှာကျန်ခဲ့တဲ့ ဆုမြတ်နဲ့အာကာတို့ကတော့ သက်ပြင်းချကာ
" ဟင်း... မင်္ဂလာပန်းစည်းလေးတောင်ပစ်မသွားဘူး "
" ဟုတ်ပ့ဟာ "
private jetပေါ်တွင်တော့
" ဘယ်သွားမှာလဲမီးငယ်လေးရဲ့ ခန်းမထဲမှာဧည့်သည်တွေကိုဧည့်ခံရဦးမယ်လေ "
" မီးငယ်လေးတို့ဟန်နီးမွန်းထွတ်ကြမယ်လေ ခန်းမထဲကဧည့်သည်တွေက ရှိတဲ့သူတွေဧည့်ခံလိမ့်မယ်ထားလိုက် သူတို့ကိုဂရုစိုက်မနေပါနဲ့မားရယ် သူတို့ဗိုက်သူတို့အငတ်မထားဘူး ဘယ်သူမှဧည့်မခံလဲ သူတို့ဘာသာဝအောင်စားပြီးပြန်သွားလိမ့်မယ် သူတို့တွေပေးထားတဲ့လက်ဖွဲ့ထက် တန်အောင်စားသွားမှာ စိတ်မပူနဲ့" private jetလေးသည်ဝေဟင်မှာပျံသန်းပြီးတဲ့နောက် တစ်နေရာအရောက်မှာရပ်တန့်သွားသည်။ ထိုနေရာကိုဧကရီကောင်းကောင်းသိတာပေါ့၊ မီးငယ်လေးမွေးနေ့တုန်းက ဧကရီလက်ဆောင်ပေးထားတဲ့စံပယ်ခြံလေး။ စံပယ်ပွင့်ဖြူဖြူတွေကြားထဲမှာ အဖြူရောင်သတို့သမီးလေးနှစ်ယောက်ရဲ့အလှတွေကပနံသင့်လို့နေသည်။ ဧကရီရဲ့မျက်ဝန်းတွေကို ရွှန်းရွှန်းစားစားကြည့်နေတဲ့မီးငယ်လေးကြောင့် ဧကရီစိတ်ထဲကလိကလိဖြစ်လာခဲ့သည်။
" ဒီနေ့ကစပြီး မီးငယ်လေးကမားရဲ့တရားဝင်ပိုင်ဆိုင်မှုလေးဖြစ်သွားပြီးမို့ မားစိတ်ကြိုက်ပြုမှုလို့ရပြီး " မီးငယ်လေးနှုတ်ကထွတ်တဲ့စကားတစ်ခွန်းကြောင့် ဧကရီစိတ်တွေပိုပြီးထိန်းမရဖြစ်လာပြီး မီးငယ်လေးကပွေ့ချီကာ နှုတ်ခမ်းတွေကိုစုပ်နမ်းပြီး အပေါ်ထပ်ကိုတစ်လှမ်းချင်းတတ်သွားသည်။ ဧကရီစိတ်ထဲတွင်လဲ
" မီးငယ်လေးရေ ဆယ်ရက်လောက်ကုတင်ပေါ်ကနေဆင်းဖို့စိတ်မကူးနဲ့တော့ မားကတော့စိတ်ကြိုက်မင်္ဂလာဦးတော့မယ် ဟေ... ဟေ... "
======================
မားနဲ့မီးငယ်လေးကိုအားလုံးဘဲနှုတ်ဆတ်ချိန်တန်ပါပြီးနော် တကယ်တော့သာသာစရေးတည်းက မားရဲ့မီးငယ်လေးကကျိန်သေပေါက်HEပါဘဲနော် အပိုင်၃၂ကဒါဒါတို့ကို ဆိုက်ကိုလေးနည်းနည်းသွင်းခဲ့တာပါ အကုန်လုံးလန့်သွားကြတယ်ဟုတ် သာသာရဲ့ပထမဆုံးGL Ficဖြစ်တဲ့မားရဲ့မီးငယ်လေးကို တူတူongoingလိုက်ပေးခဲ့တဲ့ဒါဒါလေးတွေ တစ်ယောက်ချင်းစီကိုသာသာကျေးဇူးတင်ပါနော် Completedစောင့်နေတဲ့ဒါဒါလေးတွေသိရအောင်လဲshareပေးကြပါဦးနော် Reviewကောင်းလေးတွေပေးပြီး သာသာရဲ့Ficလေးကိုကြေငြာပေးကြပါဦး viewerတွေအများကြီးတတ်လာခဲ့ရင် Extraလေးတွေနဲ့ပြန်တတ်လာခဲ့ပါမယ်နော် အားလုံးကိုကျေးဇူတင်ပါတယ် မားနဲ့မီးငယ်လေးအတွက်အမှတ်တရစကားလေးတွေချန်ထားပေးခဲ့ကြပါဦးနော်
YOU ARE READING
မားရဲ႕ မီးငယ္ေလး (Completed )
RomanceGL Story Unicode နဲ႔ေရာ Zawgyi နဲ႔ေရာ နွစ္မ်ိဳးလံုးနဲ႔ ေရးေပးထားလို႔ စာဖတ္သူေတြ အဆင္ေျပၾကပါေစ