အပိုင်း ၅

1.7K 103 0
                                    

မားရဲ့ မီးငယ်လေး
- အပိုင်း - ၅
- GL story
- စာရေးသူ ချယ်

" မီးငယ်လေး ကျောင်းမှာ စာသေချာလိုက်လုပ်နော် မား ရှုပ်ရှုပ်ယှက်ယှက်သံတွေ ဘာမှမကြားချင်ဘူးနော် သိတယ်မလား "
" သိပါတယ် မားကလဲ မီးငယ်က လိမ်မာပါတယ်နော် မားစကားလဲ သေချာနားထောင်ပါတယ်နော် နော်လို့ "
" မားကို ချွဲနည်းမျိုးစုံနဲ့ အရည်ဖျော်နေလိုက်တော့ ကျန်တဲ့နေရာတွေမှာ မားအလိုလိုက်ပေမယ့် ကျောင်းစာနဲ့ပတ်သတ်ရင်တော့ အလိုမလိုက်ဘူးဆိုတာ မီးငယ်သိတယ်နော် "
" မီးငယ်သိပါတယ် မားကိုလဲ မီးငယ်စိတ်ပျက်အောင်မလုပ်ပါဘူး မီးငယ်ကြောင့် မားဘယ်တော့မှ မျက်နှာမငယ်စေရဘူးနော် မားအမြဲတမ်းဂုဏ်ယူရတဲ့သူ ဖြစ်အောင် မီးငယ်ကြိုးစားမှာပါ " ခေါင်းလေးငုံကာ ပြောနေတဲ့ မီးငယ်ကို ကြည့်ပြီး စိတ်မကောင်း၊ ဧကရီက မီးငယ်လေးအတွက် အမြဲတမ်းဂုဏ်ယူနေရတဲ့သူပါ၊ ဧကရီပြောနေတာတွေက မီးငယ်အတွက်ဆိုတာ ဧကရီကိုယ်တိုင်သာ အသိဆုံးမို့ ထုတ်မပြောလိုတော့ပါ။တစ်ခုခုဆို အားငယ်နေတတ်တဲ့ မီးငယ်ကို ရင်ဖွင့်ကြိုဆိုလိုက်ပြီး လက်နှစ်ဖတ်ဆန့်တန်းကာ
" လာပါဦးကွယ် မားရဲ့ရင်ခွင်ထဲကို " ခါးလေးကိုဖတ်ပြီး ရင်ခွင်ထဲဝင်လာတဲ့မီးငယ်လေးကို ဧကရီတင်းတင်းဖတ်ထားပြီး ဆံပင်ဖွဖွလေးတွေ နမ်းရှိုက်လိုက်သည်။
" ကဲ မီးငယ် ကျောင်းထဲဝင်တော့နော် မားလဲအလုပ်သွားတော့မယ် မား​မှာထားတာတွေ မမေ့နဲ့နော် အဲ ..... " ဧကရီဆက်ပြောဖို့ စကားတွေတောင် လေထဲမှာ ရပ်တန့်သွားတယ် အကြောင်းက ဧကရီဆက်ပြောမယ့်စကားမယ့် စကားတွေကို ထိုကလေးက ဦးစွာပြောသွားခြင်းပင်
" ကျောင်းမှာ မတည့်တာ မစားနဲ့၊ ရန်လဲ မဖြစ်နဲ့၊ ဆရာမစကားကို သေချာနားထောင်၊ ကိုယ့်ကိုယ်ကို ဂရုစိုက် ဒါဘဲပြောမှာမလား၊ မီးငယ်သိပါတယ် မားရဲ့ မားမှာတာတွေ ဘာမှမမေ့ဘူးနော် စိတ်ချ၊ မားကသာ... " ဧကရီလဲ မီးငယ်ပြောမယ့်စကားတွေကို ဆက်နားမထောင်ဘဲ စကားဖြတ်ပြောကာ
" ကားကို ဖြည်းဖြည်းမောင်း၊ ဘယ်လောက်အလုပ်များများ ထမင်းကို အချိန်မှန်စား၊ အလုပ်ဘဲထိုင်လုပ်မနေနဲ့ လမ်းလဲလျှောက်၊ ကိုယ့်ကိုယ်ကိုလဲ ဂရုစိုက် ဒါဘဲမှာ မှာမလား၊ စိတ်ချ မားလဲ မီးငယ်မှာတာတွေ လုံးဝမမ့ဘူးနော် " တစ်ယောက်စကား တစ်ယောက် ဖြတ်လုပြောပြီးတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြိုင်တူရယ်မိသည်။
" အဲတာကြောင့် မားကို အရမ်းချစ်တာ မွ... မွ... "
" မားကလဲ မီးငယ်လေးကို အရမ်းချစ်တာပေါ့ကွာ မွ... မွ... "
" ဟီး..... မီးငယ်သွားတော့မယ်နော် မား " ပြုံးပျော်ပြီး ကားပေါ်ကနေ ပြေးဆင်းသွားတဲ့ မီးငယ်လေးကို မြင်ကွင်းကနေ ပျောက်တဲ့ထိ မျက်စိတဆုံးကြည့်ပြီးတာနဲ့ ကုမ္မဏီသွားရန် ကားကိုကျောင်းရှေ့ကနေ လှည့်ထွတ်လာခဲ့သည်။ ဧကရီကားလေးကို အရှိန်လေးနဲ့ မောင်းနေတုန်း လမ်းချိုးတစ်ခုကနေ ပြေးထွတ်လာတဲ့ ကလေးမလေးတစ်ယောက်ကြောင့် ကားကိုအမြန်ဘရိတ်အုပ်လိုက်သောလည်း အချိန်မမှီတော့
" ရွှီး ဒုန်း "
" ဟယ် သွားပါပြီး "
" ကျောင်းသူလေးတစ်ယောက် ကားတိုက်ခံရတယ်တော့ "
" သေပြီးလား မသိဘူး မလှုပ်တော့ဘူး " ပတ်ဝန်ကျင်က ​တစ်ယောက်တစ်ပေါက်ပြောသံတွေ ဆူညံ့နေသည်။ ဧကရီအဲတာတွေကို ဂရုမစိုက်ဘဲ ကားနဲ့တိုက်မိလိုက်တဲ့ ကျောင်းသူလေးနားတိုးကပ်လိုက်သည်။ ဧကရီကြည့်လိုက်တော့ မီးငယ်လေးရဲ့သူငယ်ချင်း နွယ်ဆိုတဲ့ကောင်မလေး အကြောက်လွန်သွားတယ်ထင်ရဲ့ သတိလစ်နေသည်။ ဧကရီ ထိုကောင်မလေးကို ပွေ့ချီပြီး ဆေးရုံကို ခေါ်လာခဲ့သည်။
" လူနာရဲ့ လက်အရိုးက နည်းနည်းရောင်နေတယ်၊ လက်တလောတော့ မလှုပ်ရှားတာကောင်းမယ် "
" ဟုတ်ကဲ့ပါဆရာ၊ ခြေထောက်ကကော ဘယ်လိုလဲဟင် "
" ​​ဪ ခြေထောက်ကတော့ အရိုးအက်သွားတာကြောင့် ကျောက်ပတ်တီးစည်းပေးထားပါတယ်  တစ်ပတ်နှစ်ပတ်လောက် အ​ခြေအနေလေးစောင့်ကြည့်ပြီး အဆင်ပြေရင် ကျောက်ပတ်တီးဖြည်လို့ ရပါပြီး "
" ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူပါဆရာ "
" လက်တလောတော့ လူနာက လှုပ်ရှားဖို့မလွယ်တော့ သူ့အနားမှာဘဲ အုပ်ထိန်းသူတစ်ယောက်က အမြဲရှိနေပေးဖို့လိုတယ်နော် လူနာအဆင်ပြေရင် ဆေးရုံကဆင်းလို့ရပြီးနော် "
" ဆရာ့ကို ခွင့်ပြုပါဦးနော် "
                =========================
နှင်း ကျောင်းရှေ့မှာ စောင့်နေတာ နှစ်နာရီကျော်ကြာပြီး မားက နောက်ကျမယ်ဆို အမြဲ ဖုန်းဆတ်ပြီး ကြိုပြောတတ်သည်။ ဖုန်းမဆတ်နိုင်လျှင်တောင် massageလေးတော့ ပို့ထားသည်။ အခုက massageပို့ဖို့ နေနေသာသာ နှင်းခေါ်နေတာတောင် မကိုင်၊ ကုမ္မဏီမှာ အလုပ်များနေမယ်ထင်လို့ ကုမ္မဏီအတွင်းရေးမှုကို လှမ်းမေးတော့လဲ ဒီနေ့ကုမ္မဏီကို ရောက်မလာပါဘူးဟုသာ ပြန်ဖြေသည်။ မားမှာ နှင်းထက် အရေးကြီးတဲ့အရာတွေ့နေပြီးလား၊ တနေ့မှာ မားချစ်တဲ့သူသာ ပေါ်လာခဲ့ရင် နှင်းဘ၀ဘယ်လိုဖြစ်မှာလဲ၊ နှင်းကို မားမလိုတော့ရင် နှင်းဘယ်သူနဲ့နေရမှာလဲ၊ နှင်းရဲ့ဘ၀မှာ မားတစ်ယောက်တည်းသာရှိတာ၊ မားသည်သာ နှင်းရဲ့ဘ၀၊ မားသာ နှင်းကို မလိုတော့ရင်၊ အဲလိုမဟုတ်လောက်ပါဘူး မားက နှင်းကို အရမ်းချစ်တာ နှင်းသိတယ် ကိုယ့်ဘာသာတွေးပြီး ကိုယ်တိုင်ဘဲ ခေါင်းတခါခါနဲ့ ငြင်းချက်ထုတ်လိုက်သည်။ မျက်ရည်တွေကို လက်ဖမိုးနဲ့ ဖိသုတ်လိုက်ပြီး၊ ကားလမ်းမကြီးပေါ်ထွတ်ကာ Taxiတစ်စီးတားပြီး အိမ်ကိုပြန်လာခဲ့သည်။ အိမ်ရောက်တော့ မားရဲ့ကားကို အိမ်ရှေ့မှာရပ်ထားတာတွေ့တာကြောင့် မားအိမ်မှာဘဲ ရှိတယ်ဆိုတာ အတပ်သိလိုက်သည်။ ဖွားဖွားကိုတောင် နှုတ်မဆတ်ဘဲ နှင်းကို ဘာလို့လာမကြိုတာလဲဆိုတာ မေးပြီး ရန်တွေ့ကာ စိတ်ကောက်ပစ်လိုက်မည်ဟု တွေးပြီး မားအခန်းထဲကို တံခါးမခေါက်ဘဲ တန်းဝင်လာခဲ့သည်။
" ဟင် မား " နှင်းတွေ့နေရတာက မားရဲ့အိပ်ရာပေါ်မှာ အိင်္ကျီမပါတဲ့ နွယ်၊ မားရဲ့ အိင်္ကျီကလဲ ကြယ်သီးနှစ်လုံးလောက် ပြုတ်နေသည်။ ဧကရီ မီးငယ်ရဲ့အသံကို ကြားလိုက်မိလို့ လှည့်ကြည့်တော့ မျက်ရည်တွေနဲ့ အသက်မပါသလို တောင့်တောင့်ကြီးရပ်နေတဲ့ မီးငယ်၊  ဧကရီတို့ နှစ်ယောက်ရဲ့ ပုံစံကိုကြည့်ပြီးတော့ အထင်လွဲသွားပုံရသည်။
" မဟုတ် မီးငယ်၊ မီးငယ် ထင်သလိုမဟုတ်ဘူး မားရှင်းပြ " ဧကရီပြောတာကို ဆုံးအောင် နားမထောင်ဘဲ အခန်းထဲက ပြေးထွတ်သွားတဲ့ မီးငယ်နောက်ကို လိုက်ဖို့ပြင်လိုက်သည်။ သို့သော် ဧကရီကို ပြန်ဆွဲထားတဲ့ လက်တစ်စုံကြောင့် လှည့်ကြည့်လိုက်တော့
" အန်တီဧ နွယ့်ကို အိင်္ကျီမ၀တ်ပေးဘဲ ဒီတိုင်းထားသွားတော့မလို့လား နွယ်အေးနေပြီး "
" အာ..... ဟုတ်သားဘဲ sorry အန်တီဧ မေ့သွားလို့ပါ "
" အန်တီဧ "
" အင်း နွယ်ပြောလေ ဘာလိုချင်လို့လဲ "
" ဟိုလေ နွယ် ဗိုက်ဆာနေပြီး၊ နွယ်ကိုယ်တိုင် စားဖို့ လက်က နာနေလို့ အန်တီဧ ခွံပေးလို့ရမလားဟင်၊ အန်တီဧ အလုပ်ရှိတယ်ဆိုရင်လဲ သွားပါ နွယ်ကိုယ်ဘာသာ ကြည့်စားလိုက်ပါမယ် "
" ရပါတယ် အန်တီဧ ခွံပေးပါမယ် "
" ဟုတ်... အန်တီဧ "  နွယ်တောင်းပန်ပါတယ် နှင်းရယ် နွယ်လေ အန်တီဧကို ပိုင်ဆိုင်ချင်တယ် အန်တီဧရဲ့ ဂရုစိုက်မှုတွေ နွေးထွေးမှုတွေကို နွယ်လိုချင်တယ် နှင်းကို အန်တီဧ ချစ်သလို နွယ်လဲ အချစ်ခံချင်တယ် အန်တီဧရဲ့ ဂရုစိုက်မှုတွေကို နွေးထွေးမှုတွေကို လောဘတတ်မိလာသည်။ .....
နှင်း မျက်လုံးပင် နှင်းမယုံနိုင် နှင်းတွေးထားသလို မဖြစ်ပါစေနဲ့ဟုသာ နှင်းတွင်တွင်ဆုတောင်းနေမိသည်။ နှင်းတစ်ခုခုကို အထင်လွှဲနေတာ ဖြစ်မှာပါ။ မားကိုသေချာအောင် မေးရမယ်။ တကယ်ဆို မားက နှင်းနောက်ကို လိုက်လာပြီး ရှင်းပြသင့်တာ မဟုတ်ဘူးလား။ နှင်း ငိုပြီးထွတ်သွားတာကို မြင်ရဲ့သားနဲ့ မားလိုက်မလာဘူးဆိုတော့ နှင်းထက် နွယ်က ပိုပြီးတော့ အရေးကြီးနေတာလား။ နွယ်နဲ့ မားနဲ့က ဘာတွေလဲဆိုတာ မားကို ပွင့်ပွင့်လင်းလင်းမေးသင့်တယ်။ မားဆီကို သွားပြီး တိကျတဲ့အဖြေတစ်ခုတော့ တောင်းရမယ်ဟုတွေးကာ နှင်း မားအခန်းရှေ့ကို ရောက်လာခဲ့သည်။ ခါတိုင်းလဲ တံခါးမခေါက်ဘဲ တန်းဝင်နေကျမို့ နှင်းကိုယ်နှင်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပြင်နေလိုက်ပြီး အခန်းတံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်။
တံခါးဖွင့်ပြီးသွားပေမယ့်လည်း နှင်း ပြောမယ့် စကားတွေက ဆွံအနေဆဲ အကြောင်းမှာ မားက နွယ်ကို ဆန်ပြုတ်ခွံကျွေးနေပြီး နွယ်ကလဲ ကလေးတစ်ယောက်လို ပြုံးပျော်နေတာကြောင့်ပင်။ မားကို ကြည့်တော့လဲ ဘာတွေသဘောကျနေသလဲမသိ ပြုံးလို့ရွှင်လို့၊ နှင်းလဲ ဘာမှပြောမနေတော့ဘဲ တိတ်တိတ်လေးပြန်ထွတ်လာခဲ့သည်။ နှင်းချစ်တဲ့ မားပျော်နေရင် နှင်းလဲ ပျော်ပါတယ်။ နှင်းပျော် မပျော်ကတော့ နှင်းရဲ့ပါးထက်မှာ စီးကျလာတဲ့ မျက်ရည်တွေက သက်သေပင်
                   =====================
ထမင်းစားခန်းတွင် ဖြစ်သည်။
မေမေရယ်၊ မီးငယ်ရယ်၊ ဧကရီရယ် သုံးယောက် ညစာစားနေကြပေမယ့် ဇွန်းသံ၊ ပန်ကန်သံမှ လွဲ၍ ပကတိတိတ်ဆိတ်ငြိမ်သတ်လို့နေသည်။ မေမေကတော့ အရင်တုန်းကလို ပေါက်ပေါက်ဖောက်သလို လုပြောနေကြတဲ့ သူ့သမီးနဲ့ မြေးက ဒီနေ့ ဘာမှမပြောဘဲ ငြိမ်နေကြတာကြောင့် ထူးဆန်းနေသည်။ မီးငယ်ကို ကြည့်တော့လဲ တော်တော်ငိုထားပုံရသည်။ မျက်ခွံတွေ ဖောင်းမို့နေပြီး၊ နှာသီးထိပ်ကလေးတွေတောင် ရဲနေသည်။ ထမင်းလဲသိပ်မစား တို့စိ၊တို့စိသာ စားနေတဲ့ မီးငယ်ကြောင့် ဧကရီမနေသာတော့ဘဲ မီးငယ်ပန်ကန်ထဲ ဟင်းခပ်ထည့်ပေးရင်း မီးငယ်ကို ခေါ်လိုက်သည်။
" မီးငယ် ထမင်းလဲ သိပ်မစားဘူး နေမကောင်းဘူးလား မားစမ်းကြည့်ရအောင် " မီးငယ်နဖူးလေးစမ်းဖို့ လက်ကိုဆန့်ထုတ်လိုက်ပေမယ့် နောက်ကိုဆုတ်သွားတဲ့ မီးငယ်ကြောင့် ဧကရီလက်တွေ ပြန်ရုတ်သိမ်းလိုက်ရသည်။
" မား၊ ဖွားဖွား မီးငယ်စားပြီးပါပြီး၊ မီးငယ်အရင်ထနှင့်ပြီးနော် " သူ့ပန်ကန် သူသိမ်းပြီး ထွတ်သွားတဲ့ မီးငယ်ကို ကြည့်ပြီး ဧကရီသက်ပြင်းချနေရုံမှတစ်ပါး တတ်နိုင်တာ ဘာမှမရှိ၊ ဧကရီ မေမေနဲ့အတူ စားပြီးတာတွေ သိမ်းဆည်ဆေးကြောပေးပြီးတာနဲ့ မီးငယ်အခန်းဆီ ဦးတည်လိုက်သည်။ မီးငယ်အခန်းတံခါးကို ဖြည်းဖြည်းတွန်းဖွင့်ကာ ၀င်တော့ အမှောင်ထုက ဧကရီကို ဆီးကြိုနေသည်။
" မီးငယ် အိပ်နေပြီးလား၊ ညလင်းမီးအိမ်လေးတော့ ဖွင့်ထားမှပေါ့ မှောင်မဲနေတာဘဲ " ဧကရီ ဟိုစမ်းစမ်းဒီစမ်းစမ်းနဲ့ ညလင်းမီးအိမ်နားကိုသွားပြီး မီးဖွင့်လိုက်သည်။ မီးအလင်းရောင်မှိန်မှိန်လေးက အခန်းထဲကို ရောက်လာတဲ့ချိန် ကုတင်ပေါ်မှာ လူကမရှိ အနည်းငယ်တွန့်နေတဲ့ အိပ်ရာခင်းနဲ့ ငိုထားတာကြောင့် ရေစိုကွက်ပုံစံဖြစ်နေတဲ့ ခေါင်းအုံးလေးတစ်လုံးသာ ရှိသည်။ အခန်းထဲမှာ မရှိရင် မီးငယ်ဘယ်မှာရှိနေမလဲ ဆိုတာ ဧကရီသိသည်။ မီးငယ်အရမ်းသဘောကျတဲ့ စံပယ်ရုံကြီးနားမှာ ရှိလိမ့်မည်။ ဧကရီခြံထဲကို ဆင်းလာတော့ ဧကရီထင်တဲ့အတိုင်းပင် စံပယ်ရုံကြီးနားက ဒန်းလေးပေါ်မှာ ထိုင်နေတဲ့ မီးငယ်၊ နောက်ကျောပေးပြီး ထိုင်နေတာကြောင့် ဧကရီလာတာကိုတော့ မီးငယ်မသိ၊ တစ်ချက်ချက် တုန်တတ်သွားတဲ့ နောက်ကျောလေးကြောင့် မီးငယ်ငိုနေတယ်ဆိုတာတော့ ဧကရီသိသည်။ မီးငယ်ရဲ့ဘေးမှာ ဧကရီအသာလေးဝင်ထိုင်လိုက်သည်။ နှင်းရင်းနှီးနေတဲ့ အမွှေးနံ့ကြောင့် ဘေးကိုလှည့်ကြည့်တော့ မားရောက်နေသည်။ လက်နှစ်ဖတ်ဆန့်ထုတ်ပြီး ရင်ဘက်ကြီး ဖွင့်ကြိုနေတာကြောင့် နှင်းလဲ ဘာမှမတွေးတော့ဘဲ မားရဲ့ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။ မားရဲ့ရင်ခွင်အစုံက နှင်းအတွက် အရမ်းကို နွေးထွေးလွန်းသည်။ ဒီနွေးထွေးတဲ့ရင်ခွင်က နှင်းအတွက်ဘဲ ဖြစ်ချင်သည်။ နှင်းအရမ်း အတ္တကြီးနေလားမသိ၊ မားကို နှင်းတစ်ယောက်တည်းသာ ပိုင်ဆိုင်ချင်သည်။ မီးငယ်ရဲ့မျက်နှာလေးကို ဧကရီ ဆွဲမော့လိုက်ပြီး မျက်ရည်တွေ သုတ်ပေးကာဖြင့်
" ကဲ​ မားရဲ့ မီးငယ်လေး ဘာဖြစ်နေတာလဲ၊ မားကို ပြောပြချင်လား " ခေါင်းငြိမ့်ပြီး အဖြေပေးလားတဲ့ကလေး ဆက်ပြောမယ့်စကားတွေကို ဧကရီ သေချာနားထောင်ရန်ပြင်လိုက်သည်။
" ညနေက မားနဲ့နွယ်နဲ့က... ဟို... ဟိုဟာလေ... " ထစ်ထစ်အအနဲ့ ပြောနေတဲ့ ထိုကလေးကို ကြည့်ပြီး ဧကရီရယ်ချင်လာသည်။ မီးငယ် ဘာကိုမေးချင်တာလဲ ဆိုတာကိုလဲ ဧကရီသိသည်။ ပြုံးပြုံးကြီးကြည့်နေတဲ့ မားကြောင့် နှင်းအနေခတ်လာသည်။
" အာ... မားကလဲ မီးငယ်ဘာမေးချင်တာလဲ သိရဲ့သားနဲ့ ပြော မားနဲ့ နွယ်နဲ့က  " ပြောနေရင်း မျက်နှာလေးငယ်ကျသွားတာကြောင့် ဧကရီလဲ မစတော့ဘဲ
" မီးငယ် မားကိုကြည့်၊ နွယ်နဲ့ မားနဲ့က ဘာမှမဟုတ်ဘူး၊ မနက်က မီးငယ်ကို ကျောင်းပို့ပေးပြီး အပြန်လမ်းမှာ မားကားနဲ့ မီးငယ် သူငယ်ချင်း နွယ့်ကို တိုက်မိတယ်၊ အဲတာမားက ဆေးရုံကို ခေါ်သွားပြီးတော့ သူ့ အကို ကို မားခေါ်လိုက်တော့၊ သူ့အကိုက အရေးကြီးအလုပ်ကိစ္စနဲ့ ခရီးထွတ်နေတယ်တဲ့ အခုလေယာဉ်ပေါ်ရောက်နေတာကြောင့် သူမလာနိုင်လို့ မားကို တစ်ပတ်လောက်တော့ ကြည့်ပေးထားဖို့ အကူအညီတောင်းလို့ပါ၊ ဆရာဝန်ကလဲ လက်ကော ခြေထောက်ကော ထိထားလို့ လှုပ်ရှားလို့မရတာကြောင့် တစ်ယောက်ယောက်အနားမှာ ရှိပေးဖို့ပြောထားလို့ မားလဲ အိမ်ခေါ်လာလိုက်တာမီးငယ် "
" အော် အဲတာဆို အခန်းထဲကကိစ္စကကော နွယ်က ဘာလို အိင်္ကျီမပါတာလဲ "
" အာ အခန်းထဲကျတော့ သူ့လက်က လှုပ်လို့မရဘူးလေမီးငယ်၊ အဲတာကြောင့် မားက အ၀တ်ကူချွတ်ပီး ကူလဲပေးတာပါ "
" အွန်း ဟုတ်ပါပြီး မားရဲ့အိင်္ကျီက ကြယ်သီးနှစ်လုံးပြုတ်နေတာကော ရှင်းပြပါဦး " နှင်းတစ်ယောက် မားရှင်းပြနေတာလေးကို သဘောကျမိတာကြောင့် တမင်ရစ်ပြီး မေးနေလိုက်သည်။ မားကလဲ စလို့စနေမှန်းမသိ နှင်းမေးသမျှကို စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
" အဲတာက မတော်တဆပါ မီးငယ်လေးရဲ့ သူက မားရဲ့ပုခုံးကို အားယူပြီး ထတော့ လက်နဲ့ထိမိပြီး ပြုတ်သွားတာပါ "
" အော် အဲလိုလား၊ မီးငယ်အခန်းထဲနောက်တစ်ခေါက်ဝင်လာတော့ ကြင်ကြင်နာနာနဲ့ ဆန်ပြုတ်ခွံကျွေးနေပြီး နှစ်ယောက်လုံးကြည့်ရတာ ပြုံးပျော်နေတာဘဲနော်၊ မိုးမမြင် လေမမြင်ပျော်နေကြတာ မီးငယ်ဝင်လာတာတောင် မသိလိုက်ဘူးမလား "
" မဟုတ်ဘူးမီးငယ်ရဲ့ မားပြောပြမယ် " မီးငယ်မေးသမျှကို ဧကရီရှင်းပြနေရင်း မီးငယ်ကို ကြည့်လိုက်တော့ ပြုံးဖြီးဖြီးကြီးနဲ့၊ ထိုကျမှ ဧကရီသဘောပေါက်ကာ
" ဒီကလေးတော့ မားကို မျက်နှာလာပြောင်နေတယ်လား၊ မားကတော့ မီးငယ်အထင်လွဲမှာ ဆိုးလို့ရှင်းပြနေတာကို "
" ဟီး... ဟီး... မားရှင်းပြနေတာလေးက ချစ်ဖို့ကောင်းလို့ပါ မွ... မွ... " ဧကရီ့ပါးနှစ်ဖတ်ကို နမ်းပြီး လစ်ခနဲ့ ပြေးထွတ်မယ့် ကလေးလက်ကို ပြန်ဆွဲချပြီးတော့ ထိုင်စေသည်။ မီးငယ်ရဲ့ဒူးခေါင်းကွေးနေရာနဲ့ ခါးအောက်ကန လက်လျိုသွင်းပြီး ပွေ့ချီလိုက်သည်။ ပါးဖောင်းဖောင်းလေးတစ်ဖတ်ကို နစ်ဝင်နေအောင် နမ်းရှိုက်လိုက်ပြီး
" မားဆီကနေ အဲလိုထွတ်ပြေးလို့ရမယ် ထင်နေတာလား မီးငယ်လေး "
" ဟီး..... "
                   =======================
ဆက်လက်ပြီး စောင့်မျှော်ပေးပါဦးနော်။ စာလုံးပေါင်းအမှားလေးတွေရှိရင် သည်းခံပြီးဖတ်ပေးကြပါနော်၊ အလုပ်တစ်ဖတ်နဲ့မို့ သာသာ စာစစ်ချိန်မရလို့ပါ၊ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

မားရဲ့ မီးငယ်လေး (Completed )Tahanan ng mga kuwento. Tumuklas ngayon